Premier League Serie A

ချဲလ်ဆီးရဲ့ ချဉ်းကပ်မှုကို တုံ့ပြန်လိုက်တဲ့ မော်ရင်ညို

ဟိုဆေး မော်ရင်ညိုဟာ အသင်းဟောင်း ချဲလ်ဆီးအသင်းဆီက ချဉ်းကပ်မှုကို ငြင်းပယ်လိုက်ပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်က သတင်းတွေအရ သိရပါတယ်။

ပီအက်စ်ဂျီဟာ နည်းပြ ခရစ္စတို့ဖ် ဂယ်လ်တီယေးရဲ့ နေရာမှာ အစားထိုးခန့်အပ်ဖို့ ရှာဖွေနေပြီဖြစ်ပြီး တစ်ဆက်တည်းမှာ မော်ရင်ညိုဟာ ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါကွန်းဖရင့်လိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီးနောက် ယခုရာသီမှာ ဆုဖလားလက်မဲ့နဲ့ ထိပ်ဆုံး ၄ နေရာပြင်ပကနေ ရာသီ ပြီးဆုံးရဖို့ များနေပြီဖြစ်ပါတယ်။

RMC Sport ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဘောလုံးဒါရိုက်တာ လူးဝစ္စ ကမ်းပို့စ်က မော်ရင်ညိုရဲ့ အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်နဲ့ အပြောင်းအရွှေ့အတွက် ပြောဆို ဆွေးနွေးခဲ့ပြီး အသက် ၆၀ အရွယ်နည်းပြက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းက ဂရေဟမ် ပေါ့တားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ချဉ်းကပ်ခဲ့မှုကို မော်ရင်ညိုက ပယ်ချခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး လက်ရှိမှာတော့ ပီအက်စ်ဂျီနည်းပြလောင်းတွေထဲမှာ ကမ်းပို့စ်ရဲ့ အနှစ်သက်ဆုံးသူဖြစ်နေပြီဖြစ်ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ ယခုရာသီကုန်မှာ ရိုးမားအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့လက စာချုပ်ရဲ့ အရေးပါမှုကို ဟိုဆေး မော်ရင်ညိုက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟိုေဆး ေမာ္ရင္ညိဳဟာ အသင္းေဟာင္း ခ်ဲလ္ဆီးအသင္းဆီက ခ်ဥ္းကပ္မႈကို ျငင္းပယ္လိုက္ၿပီး ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနတယ္လို႔ ျပင္သစ္က သတင္းေတြအရ သိရပါတယ္။

ပီအက္စ္ဂ်ီဟာ နည္းျပ ခရစၥတို႔ဖ္ ဂယ္လ္တီေယးရဲ႕ ေနရာမွာ အစားထိုးခန႔္အပ္ဖို႔ ရွာေဖြေနၿပီျဖစ္ၿပီး တစ္ဆက္တည္းမွာ ေမာ္ရင္ညိဳဟာ ၿပီးခဲ့တဲ့ရာသီမွာ ယူ႐ိုပါကြန္းဖရင့္လိဂ္ဖလား ရယူေပးႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီမွာ ဆုဖလားလက္မဲ့နဲ႔ ထိပ္ဆုံး ၄ ေနရာျပင္ပကေန ရာသီ ၿပီးဆုံးရဖို႔ မ်ားေနၿပီျဖစ္ပါတယ္။

RMC Sport ရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီေဘာလုံးဒါ႐ိုက္တာ လူးဝစၥ ကမ္းပို႔စ္က ေမာ္ရင္ညိဳရဲ႕ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္ဒက္စ္နဲ႔ အေျပာင္းအေ႐ႊ႕အတြက္ ေျပာဆို ေဆြးေႏြးခဲ့ၿပီး အသက္ ၆၀ အ႐ြယ္နည္းျပက စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းက ဂေရဟမ္ ေပါ့တားကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ ခ်ဥ္းကပ္ခဲ့မႈကို ေမာ္ရင္ညိဳက ပယ္ခ်ခဲ့တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး လက္ရွိမွာေတာ့ ပီအက္စ္ဂ်ီနည္းျပေလာင္းေတြထဲမွာ ကမ္းပို႔စ္ရဲ႕ အႏွစ္သက္ဆုံးသူျဖစ္ေနၿပီျဖစ္ပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာ ယခုရာသီကုန္မွာ ႐ိုးမားအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့မွာျဖစ္ၿပီး ၿပီးခဲ့တဲ့လက စာခ်ဳပ္ရဲ႕ အေရးပါမႈကို ဟိုေဆး ေမာ္ရင္ညိဳက ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.