Premier League

စတားလင်းနဲ့ ဇီယက်ရှ်ကို လှောင်ပြောင်တဲ့ ပရိသတ်တွေကို တုံ့ပြန်ခဲ့တဲ့ လမ်းပတ်

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်ခ် လမ်းပတ်ဟာ စနေနေ့က ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း စတားလင်းနဲ့ ဇီယက်ရှ်တို့ ချဲလ်ဆီးပရိသတ်တွေဆီကနေ ရရှိခဲ့တဲ့ လှောင်ပြောင်သံတွေကို ငြင်းပယ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ နည်းပြ ဖရန့်ခ် လမ်းပတ်လက်အောက် ၆ ပွဲဆက် ရှုံးပွဲကို ရပ်တန့်နိုင်ခဲ့ပြီး ကော်နာ ဂယ်လေဂါ၊ ဘာဒီယာရှီလေ၊ ဂျာအို ဖဲလစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပထမဆုံး နိုင်ပွဲကို ရရှိခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးပရိသတ်တွေဟာ ပွဲစဉ်အတွင်းမှာ အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို သီဆိုခဲ့ကြပြီး ဒုတိယပိုင်းမှာ လူစားဝင် ကစားသမားအဖြစ် ခေါ်ယူခြင်း ခံခဲ့ရတဲ့ စတားလင်းနဲ့ ဇီယက်ရှ်တို့ လှောင်ပြောင်ခံခဲ့ရတာဖြစ်ပါတယ်။

စတားလင်းနဲ့ ဇီယက်ရှ်တို့ဟာ ချဲလ်ဆီးရဲ့ ပွဲကစားချိန်နှောင်းပိုင်းမှာ ရရှိခဲ့တဲ့သွင်းဂိုး ၂ ဂိုးကို ဂိုးဖန်တီးပေးခဲ့ကြတာဖြစ်ပြီး လမ်းပတ်က ပရိသတ်တွေဆီကနေ အပြုသဘောမဆောင်တဲ့ တုံ့ပြန်မှု ရရှိခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့ ခြေစွမ်းဟာ တိုးတက်လာလိမ့်မယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ စတားလင်းနဲ့ ဇီယက်ရှ်တို့ကို လှောင်ပြောင်ခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ လမ်းပတ်က “ဒီနေ့ ကျွန်တော်တို့ ပရိသတ်တွေက ထူးခြားခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော့် တစ်ဦးတည်းအမြင်အရ သူတို့ရဲ့ အားပေးထောက်ခံမှုတွေကို အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။ တိုက်စစ်မှာ တစ်နေ့တာအတွက် ကောင်းမွန်တယ်လို့ အားလုံးခံစားခဲ့ရတဲ့ အခိုက်အတန့် ရှိခဲ့ပါတယ်။အဲဒါက ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် အရေးကြီးတယ်လို့ ထင်ပါတယ်။ လူစားဝင်ကစားသမားတွေနဲ့ပတ်သက်ပြီးလည်း လူစားဝင်ကစားသမားအားလုံးက အကျိုးသက်ရောက်မှု ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်”

“ရူဘင်နဲ့ စတားလင်းတို့ နည်းနည်းစောဝင်လာတာနဲ့ပတ်သက်ပြီး ရူဘင်က ကျွန်တော်တို့ကို ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုနဲ့ ဘောလုံးအပေါ်မှာ တည်ငြိမ်မှု နည်းနည်းပေးခဲ့တယ်လို့ ထင်တယ်။ ရာဟင်းကလည်း ခင်ဗျား ပြောသလိုပဲ ဂိုးမှာ ပါဝင်ပတ်သက်ခဲ့တယ်။ အက်ဇ်ပီက ဝင်လာပြီး ကျွန်တော်တို့ကို ခေါင်းဆောင်မှုပေးခဲ့တယ်။ ဟာကင်းက ဝင်လာပြီး ကျွန်တော်တို့ကို ဂိုးဖန်တီးမှုပေးခဲ့တယ်။ တကယ်ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ အချိန်ကာလတစ်ခုမှာ ထင်မြင်ချက်တွေက အမြဲတမ်း ပြောင်းလဲနိုင်တယ်လို့ ကျွန်တော် ထင်တယ်”

“ဟာကင်းနဲ့ ရာဟင်းတို့က ကောင်းကောင်း လုပ်ချင်တဲ့ ကစားသမားတွေဖြစ်ပြီး သူတို့ ၂ ဦးစလုံးမှာ ကြီးမားတဲ့ အရည်အချင်းတွေရှိပါတယ်။ တကယ်လို့ အဲဒါက ခြေစွမ်းဆိုရင် ယာယီပဲဖြစ်ပြီး သူတို့ရဲ့ အဆင့်အတန်းက အမြဲတမ်းလို့ ကျွန်တော် ထင်တယ်။ သူတို့တွေ ဝင်လာတဲ့အချိန်မှာ အကျိုးသက်ရောက်မှု ပြုလုပ်နိုင်ခဲ့တဲ့ သူတို့အတွက် ကျွန်တော် စိတ်ကျေနပ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန႔္ခ္ လမ္းပတ္ဟာ စေနေန႔က ဘုန္းေမာက္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း စတားလင္းနဲ႔ ဇီယက္ရွ္တို႔ ခ်ဲလ္ဆီးပရိသတ္ေတြဆီကေန ရရွိခဲ့တဲ့ ေလွာင္ေျပာင္သံေတြကို ျငင္းပယ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ နည္းျပ ဖရန႔္ခ္ လမ္းပတ္လက္ေအာက္ ၆ ပြဲဆက္ ရႈံးပြဲကို ရပ္တန႔္ႏိုင္ခဲ့ၿပီး ေကာ္နာ ဂယ္ေလဂါ၊ ဘာဒီယာရွီေလ၊ ဂ်ာအို ဖဲလစ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ပထမဆုံး ႏိုင္ပြဲကို ရရွိခဲ့တာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ခ်ဲလ္ဆီးပရိသတ္ေတြဟာ ပြဲစဥ္အတြင္းမွာ ေအဘရာမိုဗစ္ခ်္ရဲ႕ နာမည္ကို သီဆိုခဲ့ၾကၿပီး ဒုတိယပိုင္းမွာ လူစားဝင္ ကစားသမားအျဖစ္ ေခၚယူျခင္း ခံခဲ့ရတဲ့ စတားလင္းနဲ႔ ဇီယက္ရွ္တို႔ ေလွာင္ေျပာင္ခံခဲ့ရတာျဖစ္ပါတယ္။

စတားလင္းနဲ႔ ဇီယက္ရွ္တို႔ဟာ ခ်ဲလ္ဆီးရဲ႕ ပြဲကစားခ်ိန္ေႏွာင္းပိုင္းမွာ ရရွိခဲ့တဲ့သြင္းဂိုး ၂ ဂိုးကို ဂိုးဖန္တီးေပးခဲ့ၾကတာျဖစ္ၿပီး လမ္းပတ္က ပရိသတ္ေတြဆီကေန အျပဳသေဘာမေဆာင္တဲ့ တုံ႔ျပန္မႈ ရရွိခဲ့ေပမယ့္လည္း ၎တို႔ရဲ႕ ေျခစြမ္းဟာ တိုးတက္လာလိမ့္မယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ စတားလင္းနဲ႔ ဇီယက္ရွ္တို႔ကို ေလွာင္ေျပာင္ခဲ့တာနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ လမ္းပတ္က “ဒီေန႔ ကြၽန္ေတာ္တို႔ ပရိသတ္ေတြက ထူးျခားခဲ့ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ့္ တစ္ဦးတည္းအျမင္အရ သူတို႔ရဲ႕ အားေပးေထာက္ခံမႈေတြကို အသိအမွတ္ျပဳ ေက်းဇူးတင္ပါတယ္။ တိုက္စစ္မွာ တစ္ေန႔တာအတြက္ ေကာင္းမြန္တယ္လို႔ အားလုံးခံစားခဲ့ရတဲ့ အခိုက္အတန႔္ ရွိခဲ့ပါတယ္။အဲဒါက ကစားသမားေတြနဲ႔ ပရိသတ္ေတြအတြက္ အေရးႀကီးတယ္လို႔ ထင္ပါတယ္။ လူစားဝင္ကစားသမားေတြနဲ႔ပတ္သက္ၿပီးလည္း လူစားဝင္ကစားသမားအားလုံးက အက်ိဳးသက္ေရာက္မႈ ျပဳလုပ္ေပးႏိုင္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“႐ူဘင္နဲ႔ စတားလင္းတို႔ နည္းနည္းေစာဝင္လာတာနဲ႔ပတ္သက္ၿပီး ႐ူဘင္က ကြၽန္ေတာ္တို႔ကို ႐ုပ္ပိုင္းဆိုင္ရာ အားေကာင္းမႈနဲ႔ ေဘာလုံးအေပၚမွာ တည္ၿငိမ္မႈ နည္းနည္းေပးခဲ့တယ္လို႔ ထင္တယ္။ ရာဟင္းကလည္း ခင္ဗ်ား ေျပာသလိုပဲ ဂိုးမွာ ပါဝင္ပတ္သက္ခဲ့တယ္။ အက္ဇ္ပီက ဝင္လာၿပီး ကြၽန္ေတာ္တို႔ကို ေခါင္းေဆာင္မႈေပးခဲ့တယ္။ ဟာကင္းက ဝင္လာၿပီး ကြၽန္ေတာ္တို႔ကို ဂိုးဖန္တီးမႈေပးခဲ့တယ္။ တကယ္ေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္။ အခ်ိန္ကာလတစ္ခုမွာ ထင္ျမင္ခ်က္ေတြက အၿမဲတမ္း ေျပာင္းလဲႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“ဟာကင္းနဲ႔ ရာဟင္းတို႔က ေကာင္းေကာင္း လုပ္ခ်င္တဲ့ ကစားသမားေတြျဖစ္ၿပီး သူတို႔ ၂ ဦးစလုံးမွာ ႀကီးမားတဲ့ အရည္အခ်င္းေတြရွိပါတယ္။ တကယ္လို႔ အဲဒါက ေျခစြမ္းဆိုရင္ ယာယီပဲျဖစ္ၿပီး သူတို႔ရဲ႕ အဆင့္အတန္းက အၿမဲတမ္းလို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ ဝင္လာတဲ့အခ်ိန္မွာ အက်ိဳးသက္ေရာက္မႈ ျပဳလုပ္ႏိုင္ခဲ့တဲ့ သူတို႔အတြက္ ကြၽန္ေတာ္ စိတ္ေက်နပ္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.