Premier League

ဆွန်ကို လူမျိုးရေးခွဲခြားတဲ့ပရိသတ်ကို ကြီးမားတဲ့ပြစ်ဒဏ်ပေးမယ်လို့ ကတိပေးခဲ့တဲ့ ပဲလေ့စ်

တော့တင်ဟမ်ဟော့စပါးနဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းဟာ ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားပြီး နှောင့်ယှက်စော်ကားခဲ့တဲ့ ပရိသတ်ကို အတည်ပြုနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ရုပ်သံလွှင့် ကင်မရာတွေက စနေနေ့က တော့တင်ဟမ်ဟော့စပါးကွင်းမှာ မြောက်လန်ဒန်ကလပ်အသင်းက ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ် ပြီးဆုံးခါနီးမှာ တောင်ကိုရီးယားကြယ်ပွင့်ကို လူမျိုးရေးခွဲခြားတဲ့ အပြုအမူ ပြုလုပ်ခဲ့တဲ့ အဝေးကွင်းပွဲကြည့်စင်ပေါ်က ပရိသတ်ကို ရိုက်ကူးမိခဲ့တာဖြစ်ပါတယ်။

ဆွန်ဟာ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီးနောက် ကွင်းဘေးစည်းနားကနေ အရန်ခုံတန်းဆီကို သွားရာမှာ ခရစ္စတယ် ပဲလေ့စ် ပရိသတ်တွေရှေ့ကနေ လမ်းလျှောက်သွားခဲ့တာဖြစ်ပြီး ပဲလေ့စ်ဟာ ပရိသတ်ရဲ့ အပြုအမူကို ပြစ်တင်ရှုတ်ချခဲ့သလို ဘယ်သူဘယ်ဝါ အတည်ပြုနိုင်တာနဲ့ ပွဲကြည့်ရှုခွင့် ပိတ်ပင်သွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ မနေ့က စပါးစ်အိမ်ကွင်းက အဝေးကွင်း ပွဲကြည့်စင်ကနေ ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားတဲ့ အပြုအမူ ပြုလုပ်ပြခဲ့ပုံပေါ်တဲ့ လူတစ်ဦးတစ်ယောက်နဲ့ပတ်သက်တဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုကို သတိပြုမိပါတယ်။ သက်သေအထောက်အထားတွေကို ရဲတပ်ဖွဲ့ကို မျှဝေထားခဲ့ပြီး အတည်ပြုနိုင်တာနဲ့ အသင်းရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ခံရမှာပါ။ ကျွန်တော်တို့အသင်းထဲမှာ ဒီလိုမျိုး အပြုအမူမျိုးကို သည်းခံမှာမဟုတ်ပါဘူး”လို့ ခရစ္စတယ် ပဲလေ့စ်က ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ခရစၥတယ္ ပဲေလ့စ္အသင္းဟာ ဆြန္ေဟာင္မင္ကို လူမ်ိဳးေရးခြဲျခားၿပီး ေႏွာင့္ယွက္ေစာ္ကားခဲ့တဲ့ ပရိသတ္ကို အတည္ျပဳႏိုင္ဖို႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။

႐ုပ္သံလႊင့္ ကင္မရာေတြက စေနေန႔က ေတာ့တင္ဟမ္ေဟာ့စပါးကြင္းမွာ ေျမာက္လန္ဒန္ကလပ္အသင္းက ပဲေလ့စ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္ ၿပီးဆုံးခါနီးမွာ ေတာင္ကိုရီးယားၾကယ္ပြင့္ကို လူမ်ိဳးေရးခြဲျခားတဲ့ အျပဳအမူ ျပဳလုပ္ခဲ့တဲ့ အေဝးကြင္းပြဲၾကည့္စင္ေပၚက ပရိသတ္ကို ႐ိုက္ကူးမိခဲ့တာျဖစ္ပါတယ္။

ဆြန္ဟာ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီးေနာက္ ကြင္းေဘးစည္းနားကေန အရန္ခုံတန္းဆီကို သြားရာမွာ ခရစၥတယ္ ပဲေလ့စ္ ပရိသတ္ေတြေရွ႕ကေန လမ္းေလွ်ာက္သြားခဲ့တာျဖစ္ၿပီး ပဲေလ့စ္ဟာ ပရိသတ္ရဲ႕ အျပဳအမူကို ျပစ္တင္ရႈတ္ခ်ခဲ့သလို ဘယ္သူဘယ္ဝါ အတည္ျပဳႏိုင္တာနဲ႔ ပြဲၾကည့္ရႈခြင့္ ပိတ္ပင္သြားမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ မေန႔က စပါးစ္အိမ္ကြင္းက အေဝးကြင္း ပြဲၾကည့္စင္ကေန ဆြန္ေဟာင္မင္ကို လူမ်ိဳးေရးခြဲျခားတဲ့ အျပဳအမူ ျပဳလုပ္ျပခဲ့ပုံေပၚတဲ့ လူတစ္ဦးတစ္ေယာက္နဲ႔ပတ္သက္တဲ့ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုကို သတိျပဳမိပါတယ္။ သက္ေသအေထာက္အထားေတြကို ရဲတပ္ဖြဲ႕ကို မွ်ေဝထားခဲ့ၿပီး အတည္ျပဳႏိုင္တာနဲ႔ အသင္းရဲ႕ ပိတ္ဆို႔ဒဏ္ခတ္မႈကို ခံရမွာပါ။ ကြၽန္ေတာ္တို႔အသင္းထဲမွာ ဒီလိုမ်ိဳး အျပဳအမူမ်ိဳးကို သည္းခံမွာမဟုတ္ပါဘူး”လို႔ ခရစၥတယ္ ပဲေလ့စ္က ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.