Premier League

ယူနိုက်တက်နည်းပြဟောင်းကို ဘာလို့ လေးစားရလဲဆိုတာ ရှင်းပြခဲ့တဲ့ တန်ဟက်

အဲရစ် တန်ဟက်က မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ဆာအဲလက်စ် ဖာဂူဆန်ရဲ့ နေရာမှာ ဆက်ခံရဲတဲ့ သတ္တိကြောင့် ဒေးဗစ် မွိုက်စ်ကို အများကြီး လေးစားမိတယ်လို့ ပြောကြားခဲ့ပြီး စကော့လူမျိုးနည်းပြဟာ အရည်အချင်းတွေ အများကြီးနဲ့ နည်းပြကောင်းလို့ ခံစားနေရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ညနေမှာ အရှေ့လန်ဒန်ကို သွားရောက်ပြီး ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပြီး ဒေးဗစ် မွိုက်စ်ရဲ့အသင်းက ပရီးမီးယားလိဂ်မှာ ရှင်သန် ကျန်ရစ်နိုင်ဖို့အတွက် အာမခံချက် ရရှိဖို့ ရမှတ်တွေလိုအပ်နေသေးသလို တန်ဟက်ရဲ့အသင်းကလည်း ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးနိုင်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။

တန်ဟက်ဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာပြီးကတည်းက ဒေးဗစ် မွိုက်စ်ကို ၂ ကြိမ်အထိ အသာစီး ရယူထားနိုင်ခဲ့ပြီးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၁-၀ နဲ့ အနိုင်ရခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ၃-၁ နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒတ်ချ်လူမျိုးနည်းပြက ပရီးမီးယားလိဂ်မှာ လုပ်ဆောင်ခဲ့တဲ့ အမျိုးမျိုးသော အလုပ်တွေအတွက် စကော့တလန်လူမျိုးနည်းပြအပေါ်မှာ  အလွန်ကြီးမားတဲ့ လေးစားမှု ရှိနေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နည်းပြဘဝက မအောင်မြင်ခဲ့ပေမယ့်လည်း တန်ဟက်က စိန်ခေါ်မှုကို လက်ခံရဲတဲ့ သတ္တိရှိတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်ကို ဖာဂူဆန် စွန့်ခွာပြီးနောက် နာမည်ကြီး နည်းပြမှာအစားထိုးခံရတာထက် နှစ်ပေါင်းအတော်ကြာပြီးမှ တာဝန်ယူရတာက ပိုပြီးလွယ်ကူလားလို့ မေးမြန်းခဲ့ရာမှာ တန်ဟက်က “ဒါက စိတ်ကူးယဉ်ဆန်ပါတယ်။ အဲဒီတော့ ခင်ဗျား ဘယ်တော့မှ သိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျား ဆာအဲလက်စ်ရဲ့နေရာမှာ ဆက်ခံရတဲ့အချိန်မှာ ဒါက ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပြီး လုပ်ဖို့ တကယ်ကို ခက်ခဲတဲ့ အလုပ်ဆိုတာ တော်တော်လေး ရှင်းပါတယ်။ အဲဒီတော့ ဟုတ်ပါတယ်။ သူ လုပ်ခဲ့တယ်။ သူ အဲဒါကို လုပ်ဖို့ ရဲစွမ်းသတ္တိရှိခဲ့တယ်။ အဲဒါကြောင့်ပဲ ကျွန်တော် သူ့ကို အများကြီး လေးစားမိတာလို့ ထင်ပါတယ်။ သူက ပရီးမီးယားလိဂ်က ကလပ်အသင်းအများအပြားနဲ့လည်း အချိန်အတော်ကြာ လက်တွဲခဲ့ပြီးသားဖြစ်လို့ အရည်အချင်းတွေအများကြီးနဲ့ အရမ်းတော်တဲ့ နည်းပြပါ။ ကျွန်တော့်အသင်းက တနင်္ဂနွေနေ့မှာ အကောင်းဆုံးပုံစံမှာရှိနေရမယ်ဆိုတာကို သိပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ရလဒ်ကို လိုချင်ပြီး အဲဒါက နိုင်ပွဲဖြစ်ချင်တယ်ဆိုရင် ကျွန်တော်တို့ အမြင့်မားဆုံးပုံစံနဲ့ ကစားရမှာပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္က မန္ခ်က္စတာယူႏိုက္တက္နည္းျပအျဖစ္ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ေနရာမွာ ဆက္ခံရဲတဲ့ သတၱိေၾကာင့္ ေဒးဗစ္ မြိဳက္စ္ကို အမ်ားႀကီး ေလးစားမိတယ္လို႔ ေျပာၾကားခဲ့ၿပီး စေကာ့လူမ်ိဳးနည္းျပဟာ အရည္အခ်င္းေတြ အမ်ားႀကီးနဲ႔ နည္းျပေကာင္းလို႔ ခံစားေနရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယေန႔ညေနမွာ အေရွ႕လန္ဒန္ကို သြားေရာက္ၿပီး ဝက္စ္ဟမ္းအသင္းနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ၿပီး ေဒးဗစ္ မြိဳက္စ္ရဲ႕အသင္းက ပရီးမီးယားလိဂ္မွာ ရွင္သန္ က်န္ရစ္ႏိုင္ဖို႔အတြက္ အာမခံခ်က္ ရရွိဖို႔ ရမွတ္ေတြလိုအပ္ေနေသးသလို တန္ဟက္ရဲ႕အသင္းကလည္း ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးႏိုင္ဖို႔ ႀကိဳးပမ္းေနရဆဲျဖစ္ပါတယ္။

တန္ဟက္ဟာ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာၿပီးကတည္းက ေဒးဗစ္ မြိဳက္စ္ကို ၂ ႀကိမ္အထိ အသာစီး ရယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ၁-၀ နဲ႔ အႏိုင္ရခဲ့သလို အက္ဖ္ေအဖလားၿပိဳင္ပြဲမွာလည္း ၃-၁ နဲ႔ အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒတ္ခ်္လူမ်ိဳးနည္းျပက ပရီးမီးယားလိဂ္မွာ လုပ္ေဆာင္ခဲ့တဲ့ အမ်ိဳးမ်ိဳးေသာ အလုပ္ေတြအတြက္ စေကာ့တလန္လူမ်ိဳးနည္းျပအေပၚမွာ  အလြန္ႀကီးမားတဲ့ ေလးစားမႈ ရွိေနတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္နည္းျပဘဝက မေအာင္ျမင္ခဲ့ေပမယ့္လည္း တန္ဟက္က စိန္ေခၚမႈကို လက္ခံရဲတဲ့ သတၱိရွိတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

အိုးထရက္ဖို႔ဒ္ကို ဖာဂူဆန္ စြန႔္ခြာၿပီးေနာက္ နာမည္ႀကီး နည္းျပမွာအစားထိုးခံရတာထက္ ႏွစ္ေပါင္းအေတာ္ၾကာၿပီးမွ တာဝန္ယူရတာက ပိုၿပီးလြယ္ကူလားလို႔ ေမးျမန္းခဲ့ရာမွာ တန္ဟက္က “ဒါက စိတ္ကူးယဥ္ဆန္ပါတယ္။ အဲဒီေတာ့ ခင္ဗ်ား ဘယ္ေတာ့မွ သိႏိုင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ ခင္ဗ်ား ဆာအဲလက္စ္ရဲ႕ေနရာမွာ ဆက္ခံရတဲ့အခ်ိန္မွာ ဒါက ႀကီးမားတဲ့စိန္ေခၚမႈျဖစ္ၿပီး လုပ္ဖို႔ တကယ္ကို ခက္ခဲတဲ့ အလုပ္ဆိုတာ ေတာ္ေတာ္ေလး ရွင္းပါတယ္။ အဲဒီေတာ့ ဟုတ္ပါတယ္။ သူ လုပ္ခဲ့တယ္။ သူ အဲဒါကို လုပ္ဖို႔ ရဲစြမ္းသတၱိရွိခဲ့တယ္။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္ သူ႔ကို အမ်ားႀကီး ေလးစားမိတာလို႔ ထင္ပါတယ္။ သူက ပရီးမီးယားလိဂ္က ကလပ္အသင္းအမ်ားအျပားနဲ႔လည္း အခ်ိန္အေတာ္ၾကာ လက္တြဲခဲ့ၿပီးသားျဖစ္လို႔ အရည္အခ်င္းေတြအမ်ားႀကီးနဲ႔ အရမ္းေတာ္တဲ့ နည္းျပပါ။ ကြၽန္ေတာ့္အသင္းက တနဂၤေႏြေန႔မွာ အေကာင္းဆုံးပုံစံမွာရွိေနရမယ္ဆိုတာကို သိပါတယ္။ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ရလဒ္ကို လိုခ်င္ၿပီး အဲဒါက ႏိုင္ပြဲျဖစ္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ အျမင့္မားဆုံးပုံစံနဲ႔ ကစားရမွာပါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.