Premier League
ဂန်ဒိုဝမ်ကို ပင်နယ်တီပေးကန်တဲ့ ဟာလန်းကို ပြောခဲ့တဲ့စကားကို ပြောပြခဲ့တဲ့ ဂွါဒီယိုလာ
ပက် ဂွါဒီယိုလာက လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးရဲ့ ပင်နယ်တီကို ဂန်ဒိုဝမ်ကို ကန်ခွင့်မပေးခဲ့သင့်ဘူးလို့ ဟာလန်းကို ပြောကြားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဂန်ဒိုဝမ်ဟာ စနေနေ့က အစ်တီဟတ်မှာ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းအတွင်း ပထမဆုံးအကြိမ် ဆမ်အလာဒိုက်စ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ကို သက်တောင့်သက်သာ ဦးဆောင်နိုင်စေမယ့် ၂ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
၈၄ မိနစ်မှာ ဖီးလ် ဖိုဒန်ဟာ ပင်နယ်တီ ဧရိယာအတွင်းမှာ ပြစ်ဒဏ် ကျူးလွန်ခြင်း ခံခဲ့ရပြီး ပင်နယ်တီ ပထမဦးစားပေးကန်သွင်းသူတွေဖြစ်တဲ့ ဟာလန်းနဲ့ မာရက်ဇ်တို့ ၂ ဦးစလုံး ကွင်းထဲမှာ ရှိနေသေးတာကြောင့် ၎င်းတို့ထဲက တစ်ဦး ကန်သွင်းမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဟာလန်းက ၎င်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဂန်ဒိုဝမ်ကို ကစားသမားဘဝ ပထမဆုံး ဟက်ထရစ် သွင်းယူနိုင်မယ့် အခွင့်အရေးကို ပေးတဲ့အနေနဲ့ ပင်နယ်တီ ကန်ခွင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန်ကွင်းလယ်ကစားသမားရဲ့ ကန်ချက်ဟာ ဂိုးတိုင်ထိသွားခဲ့ပြီး လိဒ်စ်ယူနိုက်တက်က နောက်ထပ် တစ်မိနစ်အကြာမှာ ရိုဒရီဂိုရဲ့ သွင်းဂိုးကြောင့် ချေပဂိုး ရရှိသွားခဲ့တဲ့အတွက် အခြေအနေက ပိုဆိုးသွားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဖလားပြိုင်ပွဲမှာ အဓိကပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်ထက် ၄ မှတ်အသာစီး ရယူနိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း ဂွါဒီယိုလာက ပင်နယ်တီကို ပေးပစ်ခဲ့တဲ့ ဟာလန်းနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တာ သိသာပြီး ၎င်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးကို မင်း ကန်ရမှာလို့ အော်ဟစ်ခဲ့တာဖြစ်ပါတယ်။
အာလင်းသာ ကန်သွင်းရင် ပင်နယ်တီ လွဲချော်မလားဆိုတာ ဘယ်သူသိနိုင်မလဲ။ မာရက်ဇ်သာ ပင်နယ်တီကန်သွင်းပြီး လွဲချော်ခဲ့ရင် ဘာတွေဖြစ်မလဲ။ ဂန်ဒိုဝမ်သာ ပင်နယ်တီကန်သွင်းပြီး ဂိုးသွင်းနိုင်ခဲ့ရင် ဘာဖြစ်မလဲလို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဂွါဒီယိုလာက ”မေးခွန်းက ၂-၀ ဖြစ်နေတယ်ဆိုရင် ဘယ်သူက ကန်သွင်းသူလဲ။ ကန်သွင်းသူက အာလင်း ဒါမှမဟုတ် ရီယက်ဒ်တစ်ယောက်ယောက်က ကန်သွင်းရမယ်။ ဒုတိယအချက်က အာလင်းက ဘယ်လိုလူမျိုးလဲဆိုတာကို ပြသနေတာပါ။ သူက ဂိုးတွေသွင်းယူချင်တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အသင်းနဲ့ အသင်းဖော်တွေက အရမ်း အရေးပါတယ်။ သူ ဂိုးသွင်းဖို့ အခွင့်အရေးရခဲ့တယ်။ သူ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ သူက အရမ်းထူးချွန်ခဲ့တယ်”
“ဒါပေမယ့် ၂-၀ ဖြစ်နေတဲ့အချိန် အထူးသဖြင့် အင်္ဂလန်မှာဆိုရင် ပွဲက ဘယ်တော့မှ မပြီးသေးဘူး။ ကျွန်တော် ပင်နယ်တီ ကန်သွင်းရမယ့်သူပဲ ပင်နယ်တီ ကန်သွင်းစေချင်တယ်။ သူတို့တွေက ပိုပြီး လုပ်ရိုးလုပ်စဉ်ဖြစ်နေပြီး အထူးကျွမ်းကျင်သူတွေပါ။ ဒါက အာလင်း ဒါမှမဟုတ် ရီယက်ဒ်တို့ ပင်နယ်တီကန်သွင်းရင် ဂိုးသွင်းနိုင်မှာမို့လို့လားဆိုရင် မသွင်းရင်လည်း မသွင်းနိုင်လောက်ဘူး။ ဘယ်သူ သိမလဲ။ သူက အညှာအတာကင်းမဲ့တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဂန်ဒိုဝမ်က တစ်ခါမှ ဟက်ထရစ်မသွင်းဖူးဘူးဆိုတော့ သူက အရမ်းရက်ရောတယ်။ အရမ်း သဘောကောင်းတယ်။ ဘယ်သူ အဲဒါကို သိမလဲ။ ခံစားချက်က သူ အခုအချိန်မှာ ပိုပြီးတော့ ယုံကြည်ချက်ရှိနေတယ်။ ဘာလို့လဲဆိုတော့ သူ ပင်နယ်တီ ၁၀ ကြိမ်၊ ၁၁ ကြိမ်လောက် ကန်သွင်းခဲ့ပြီး ခံစားချက် ရှိနေတယ်။ ဂန်ဒိုဝမ်မှာကျ ခံစားချက်မရှိဘူး”
“နှစ်ဖက်စလုံးကို ကျွန်တော် နားလည်တယ်။ ပွဲက အခွင့်အရေးရတုန်း အပြီးဖြတ်ထားရမယ်။ ၂-၀ ဖြစ်နေတဲ့အချိန်မှာ ပွဲကို ဖြတ်ထားရမယ်။ ခင်ဗျား ဘာတစ်ခုမှ ပေးလို့မရဘူး။ ခင်ဗျား ထိန်းချုပ်ထားနိုင်ရင် ထိန်းချုပ်ထားရမယ်။ ဂန်ဒိုဝမ် ဂိုးသွင်းနိုင်သလို တခြားလူတွေလည်း လွဲချော်နိုင်တယ်။ အဲဒါက အကြောင်းမဟုတ်ဘူး။ ဂန်ဒိုက ပင်နယ်တီကန်ရမယ့် တာဝန်ကို ယူချင်တာကို ကျွန်တော် လေးစားမိပါတယ်။ ဒါက ကစားသမားတစ်ယောက်အနေနဲ့ အကောင်းဆုံးတန်ဖိုးပါ။ သာမန်အားဖြင့် ပင်နယ်တီကန်သွင်းသူက ပင်နယ်တီကန်သွင်းတာပါ။ အာလင်းက အဲဒါကို ကန်သွင်းရမယ်။ သူက အထူးကျွမ်းကျင်သူပါ”
“၄-၀ နဲ့ အနိုင်ရနေပြီး ၁၀ မိနစ်လောက်ပဲ ကျန်တော့တာဆိုရင် အဆင်ပြေတယ်။ ဒါပေမယ့် ၂-၀ ဖြစ်နေတဲ့အချိန်မှာလေ။ အာလင်းက လက်ရှိမှာ အကောင်းဆုံးပင်နယ်တီကန်သွင်းသူပါ။ သူပဲ ကန်သွင်းရမှာပါ။ ဒီနေ့ အာလင်းက ၂ ဂိုး၊ ၃ ဂိုးလောက် သွင်းနိုင်ခဲ့ရမှာပါ။ သူ မယုံနိုင်လောက်အောင် ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ သူ့ရဲ့ ရွေ့လျားမှုတွေနဲ့ အရာအားလုံးမှာပဲ။ သူ ကျွန်တော်တို့အတွက် တိုက်ပွဲဝင်ခဲ့တဲ့ပုံစံ။ သူ ဂိုးမသွင်းနိုင်တဲ့အချိန်မှာ ကျွန်တော် အာလင်းကို ချီးကျူးချင်တယ်။ ဂန်ဒိုသာ ဂိုးသွင်းနိုင်ခဲ့ရင် အားလုံးက အိုကေ၊ ဟက်ထရစ်ရပြီ။ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ပြောကြမယ်။ ဒါပေမယ့် ပင်နယ်တီကန်သွင်းသူက ကန်သွင်းသူပဲ။ ၂-၀ ဖြစ်နေချိန်မှာ ဒါက အလုပ်ပဲ။ ကျွန်တော်တို့ အဲဒါကို မေ့ထားလို့ရတဲ့ အခြေအနေမဟုတ်ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ပက် ဂွါဒီယိုလာက လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးရဲ့ ပင်နယ်တီကို ဂန်ဒိုဝမ်ကို ကန်ခွင့်မပေးခဲ့သင့်ဘူးလို့ ဟာလန်းကို ပြောကြားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.