Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၆.၁၀.၂၀၂၀

– ခ်ဲလ္ဆီးအသင္းကို အုိင္းယက္စ္အသင္းက ေျပာင္းေရႊ႕လာၿပီးေနာက္ပုိင္း တရားဝင္ပြဲထြက္ တစ္ပြဲမွ မကစားရေသးတဲ့ ေတာင္ပံသမား ဟာကင္မ္ ဇီးယက္ရွ္အေနနဲ႔ ကလပ္အသင္းနဲ႔ ပြဲမထြက္ခင္ လက္ေရြးစင္အသင္းမွာ ဒီတစ္ပတ္ စတင္ပြဲထြက္ရဖို႔ရွိေန။

– ဖူလ္ဟမ္အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕သြားခဲ့တဲ့ ကြင္းလယ္လူ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ကို ခ်ဲလ္ဆီးအသင္းပရိသတ္ေတြက အသင္းသစ္မွာ တစ္ႏွစ္တာအတြင္ ေျခစြမ္းေကာင္းနဲ႔ ယုံၾကည္မွဳေတြကို ျပန္လည္ရယူႏိုင္ေစဖို႔ ဆုေတာင္းေပးေနၾက။

– ေနာက္ဆုံးအခ်ိန္မွာ ေျပာင္းေရႊ႕ဖို႔ ျငင္းဆန္ခဲ့တဲ့ ေနာက္ခံလူ ဖီကာယို တုိမိုရီလို သာမန္အရန္ကစားသမားသစ္ေယာက္ကို မေခၚႏိုင္ခဲ့ေပမယ့္ ဒက္ကလန္ ႐ိုက္စ္ကို ဆက္လက္ထိန္းသိမ္းထားႏုိင္တဲ့အတြက္ ဝမ္းသာတယ္လုိ႔ ဝက္စ္ဟမ္းပရိသတ္ေတြက တုံ႔ျပန္သြားခဲ့ၾက။

– ခ်ဲလ္ဆီးအသင္းရဲ႕ နံပါတ္တစ္ေနရာအတြက္ ျပန္လည္စိန္ေခၚဖို႔ ဂိုးသမား ကီပါ အာရီဇာဘာလာဂါမွာ လုံေလာက္တဲ့ ယုံၾကည္မွဳေတြ ရွိေနတယ္လို႔ နည္းျပ ဖရန္႔ လမ္းပတ္က ထုတ္ေဖာ္ေျပာၾကားသြား။

– ေနာက္ခံလူ အန္တုိနီယို ႐ူဒီဂါအေနနဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကုိ ေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ခ်ဲလ္ဆီးပရိသတ္ေတြနဲ႔ ျပႆနာျဖစ္ပြားႏုိင္တဲ့ အေျခအေနကို ေရွာင္လႊဲခ်င္တဲ့အတြက္ အသင္းမွာ ဆက္ေနခဲ့တာလို႔ အက္သလက္တစ္ေဖာ္ျပ။

– အာဆင္နယ္အသင္းက ေဂ်ာ္ဂ်င္ညဳိကို မေခၚယူခဲ့ဘဲ ေသာမတ္စ္ ပါေတးကို စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီး ေခၚယူသြားခဲ့တဲ့အတြက္ ခ်ဲလ္ဆီး အသင္းအေနနဲ႔ ဝက္စ္ဟမ္းရဲ႕ ဒက္ကလန္ ႐ိုက္စ္ကို မေခၚယူႏုိင္ေတာ့တာလို႔ ေစာင့္ၾကည့္သူေတြ ထုတ္ေဖာ္။

– ဒီႏွစ္ ပရီးမီးယားလိဂ္အသင္းေတြထဲမွာ ေႏြရာသီအေျပာင္းအေရႊ႕ကာလတစ္ခုတည္းအတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပါင္ ၂၂၆.၁ သန္း အထိ သုံးစြဲခဲ့ၿပီး ဒုတိယလိုက္ခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းထက္ ၇၉.၁ သန္း ပုိမုိသုံးစြဲထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းကို အိုင်းယက်စ်အသင်းက ပြောင်းရွှေ့လာပြီးနောက်ပိုင်း တရားဝင်ပွဲထွက် တစ်ပွဲမှ မကစားရသေးတဲ့ တောင်ပံသမား ဟာကင်မ် ဇီးယက်ရှ်အနေနဲ့ ကလပ်အသင်းနဲ့ ပွဲမထွက်ခင် လက်ရွေးစင်အသင်းမှာ ဒီတစ်ပတ် စတင်ပွဲထွက်ရဖို့ရှိနေ။

– ဖူလ်ဟမ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်ကို ချဲလ်ဆီးအသင်းပရိသတ်တွေက အသင်းသစ်မှာ တစ်နှစ်တာအတွင် ခြေစွမ်းကောင်းနဲ့ ယုံကြည်မှုတွေကို ပြန်လည်ရယူနိုင်စေဖို့ ဆုတောင်းပေးနေကြ။

– နောက်ဆုံးအချိန်မှာ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ နောက်ခံလူ ဖီကာယို တိုမိုရီလို သာမန်အရန်ကစားသမားသစ်ယောက်ကို မခေါ်နိုင်ခဲ့ပေမယ့် ဒက်ကလန် ရိုက်စ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့အတွက် ဝမ်းသာတယ်လို့ ဝက်စ်ဟမ်းပရိသတ်တွေက တုံ့ပြန်သွားခဲ့ကြ။

– ချဲလ်ဆီးအသင်းရဲ့ နံပါတ်တစ်နေရာအတွက် ပြန်လည်စိန်ခေါ်ဖို့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါမှာ လုံလောက်တဲ့ ယုံကြည်မှုတွေ ရှိနေတယ်လို့ နည်းပြ ဖရန့် လမ်းပတ်က ထုတ်ဖော်ပြောကြားသွား။

– နောက်ခံလူ အန်တိုနီယို ရူဒီဂါအနေနဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ပေမယ့် ချဲလ်ဆီးပရိသတ်တွေနဲ့ ပြဿနာဖြစ်ပွားနိုင်တဲ့ အခြေအနေကို ရှောင်လွှဲချင်တဲ့အတွက် အသင်းမှာ ဆက်နေခဲ့တာလို့ အက်သလက်တစ်ဖော်ပြ။

– အာဆင်နယ်အသင်းက ဂျော်ဂျင်ညိုကို မခေါ်ယူခဲ့ဘဲ သောမတ်စ် ပါတေးကို စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူသွားခဲ့တဲ့အတွက် ချဲလ်ဆီး အသင်းအနေနဲ့ ဝက်စ်ဟမ်းရဲ့ ဒက်ကလန် ရိုက်စ်ကို မခေါ်ယူနိုင်တော့တာလို့ စောင့်ကြည့်သူတွေ ထုတ်ဖော်။

– ဒီနှစ် ပရီးမီးယားလိဂ်အသင်းတွေထဲမှာ နွေရာသီအပြောင်းအရွှေ့ကာလတစ်ခုတည်းအတွက် ချဲလ်ဆီးအသင်းအနေနဲ့ ပေါင် ၂၂၆.၁ သန်း အထိ သုံးစွဲခဲ့ပြီး ဒုတိယလိုက်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းထက် ၇၉.၁ သန်း ပိုမိုသုံးစွဲထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.