Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၇.၁၀.၂၀၂၀

– လီဗာပူးလ္အသင္းရဲ႕ ကစားသမားေတြထဲမွာေတာ့ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ႏွဳန္းက ျမင့္တက္လာခဲ့ၿပီး သီယာဂိုကစလို႔ ဆီမီကတ္စ္၊ မာေနးတုိ႔အလယ္ ေတြ႕ရွိထားခ်ိန္မွာ ဆြစ္ဇာလန္အသင္းရဲ႕ ေလ့က်င့္ေရးစခန္းကို ေရာက္လာခဲ့တဲ့ ရွာက်ီရီမွာလည္း ေလးဦးေျမာက္အျဖစ္ ထပ္မံေတြ႕ရွိ။

– လီဗာပူးလ္အသင္းရဲ႕ ၿပီးခဲ့တဲ့ ဗီလာအေပၚ ရွဳံးပြဲမွာ ပထမပုိင္းအၿပီး ေလးဂိုး-တစ္ဂိုးရလဒ္ ထြက္ေပၚေနခဲ့စဥ္မွာ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ သူတုိ႔ကို အားေပးျမဲအတုိင္း အားေပးခဲ့ေပမယ့္ ကစားသမားေတြအေနနဲ႔ ျပန္ႏုိင္ေအာင္ မတတ္ႏုိင္ခဲ့ဘူးလို႔ ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္ ထုတ္ေဖာ္။

– ပထမဂိုးသမား အယ္လစ္ဆန္တစ္ေယာက္ ႏွစ္ပတ္ေလာက္ အနားယူရေတာ့မယ့္အခ်ိန္မွာ လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိအရန္ အက္ဒရီယန္ကို ယုံၾကည္လုိ႔ မရႏုိင္တာေၾကာင့္ စတုတ္စီးတီးအသင္းရဲ႕ ဂ်က္ခ္ ဘတ္လန္းကို ေခၚယူဖို႔ ဂိုးသမားေဟာင္း ေပါလ္ ေရာ္ဘင္ဆန္တုိက္တြန္း။

– ျပည္တြင္းေဈးကြက္ မပိတ္သိမ္းေသးဘဲ ၁၀ ရက္ က်န္ရွိေသးခ်ိန္မွာ လီဗာပူးလ္အသင္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ ေတာင္ပံတုိက္စစ္မွဴး အစၥမိုင္လာ ဆားရ္အတြက္ ေပါင္သန္း ၄၀ မရရင္ ေရာင္းခ်ဖို႔ စိတ္ကူးမရွိဘူးလို႔ ဝတ္ဖို႔ဒ္ ထုတ္ျပန္။

– ပုံမွန္ကစားခြင့္မရတဲ့ အေျခအေနေၾကာင့္ လီဗာပူးလ္ကေန ထြက္ခြာေတာ့မယ္လုိ႔ သတင္းထြက္ေနတဲ့ ဆြစ္ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီက သူ႕မွာ အသင္းနဲ႔ ႏွစ္ရွည္စာခ်ဳပ္ရွိေနေၾကာင္းနဲ႔ ဒီမွာပဲ ေပ်ာ္ရႊင္ေနတယ္လုိ႔ဆုိ။

– ေဈးကြက္တန္ဖိုး ေပါင္သန္း ၁၀၀ ေလာက္ရွိေနေပမယ့္ ခံစစ္ေကာင္းေကာင္း မကစားတတ္တဲ့ ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏုိးလ္ဒ္အတြက္ ေဝဖန္မွဳေတြ ရွိလာခဲ့ၿပီး ေနာက္ခံလူတစ္ေယာက္အတြက္ လိုအပ္ခ်က္ေတြကို ထပ္မံသင္ယူဖို႔ တုိက္တြန္းေနၾက။

– ေဒါ့မြန္အသင္းနဲ႔ သူတုိ႔ရဲ႕နည္းျပေဟာင္း ယာဂန္ ကေလာ့ပ္တုိ႔ၾကားမွာ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေဆြးေႏြးမွဳေတြ ရွိေနၿပီး လာမယ့္ ၂၀၂၁ ေႏြရာသီမွာ သတ္မွတ္ထားတဲ့ ေဈးအတုိင္း အေျပာင္းအေရႊ႕ျပဳလုပ္ႏုိင္မယ္လို႔ ဂ်ာမန္မီဒီယာေတြ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေထဲမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းက မြင့်တက်လာခဲ့ပြီး သီယာဂိုကစလို့ ဆီမီကတ်စ်၊ မာနေးတို့အလယ် တွေ့ရှိထားချိန်မှာ ဆွစ်ဇာလန်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို ရောက်လာခဲ့တဲ့ ရှာကျီရီမှာလည်း လေးဦးမြောက်အဖြစ် ထပ်မံတွေ့ရှိ။

– လီဗာပူးလ်အသင်းရဲ့ ပြီးခဲ့တဲ့ ဗီလာအပေါ် ရှုံးပွဲမှာ ပထမပိုင်းအပြီး လေးဂိုး-တစ်ဂိုးရလဒ် ထွက်ပေါ်နေခဲ့စဉ်မှာ နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ သူတို့ကို အားပေးမြဲအတိုင်း အားပေးခဲ့ပေမယ့် ကစားသမားတွေအနေနဲ့ ပြန်နိုင်အောင် မတတ်နိုင်ခဲ့ဘူးလို့ နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ထုတ်ဖော်။

– ပထမဂိုးသမား အယ်လစ်ဆန်တစ်ယောက် နှစ်ပတ်လောက် အနားယူရတော့မယ့်အချိန်မှာ လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိအရန် အက်ဒရီယန်ကို ယုံကြည်လို့ မရနိုင်တာကြောင့် စတုတ်စီးတီးအသင်းရဲ့ ဂျက်ခ် ဘတ်လန်းကို ခေါ်ယူဖို့ ဂိုးသမားဟောင်း ပေါလ် ရော်ဘင်ဆန်တိုက်တွန်း။

– ပြည်တွင်းဈေးကွက် မပိတ်သိမ်းသေးဘဲ ၁၀ ရက် ကျန်ရှိသေးချိန်မှာ လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ တောင်ပံတိုက်စစ်မှူး အစ္စမိုင်လာ ဆားရ်အတွက် ပေါင်သန်း ၄၀ မရရင် ရောင်းချဖို့ စိတ်ကူးမရှိဘူးလို့ ဝတ်ဖို့ဒ် ထုတ်ပြန်။

– ပုံမှန်ကစားခွင့်မရတဲ့ အခြေအနေကြောင့် လီဗာပူးလ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေတဲ့ ဆွစ်တောင်ပံကစားသမား ချာဒန် ရှာကျီရီက သူ့မှာ အသင်းနဲ့ နှစ်ရှည်စာချုပ်ရှိနေကြောင်းနဲ့ ဒီမှာပဲ ပျော်ရွှင်နေတယ်လို့ဆို။

– ဈေးကွက်တန်ဖိုး ပေါင်သန်း ၁၀၀ လောက်ရှိနေပေမယ့် ခံစစ်ကောင်းကောင်း မကစားတတ်တဲ့ ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်အတွက် ဝေဖန်မှုတွေ ရှိလာခဲ့ပြီး နောက်ခံလူတစ်ယောက်အတွက် လိုအပ်ချက်တွေကို ထပ်မံသင်ယူဖို့ တိုက်တွန်းနေကြ။

– ဒေါ့မွန်အသင်းနဲ့ သူတို့ရဲ့နည်းပြဟောင်း ယာဂန် ကလော့ပ်တို့ကြားမှာ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် ဆွေးနွေးမှုတွေ ရှိနေပြီး လာမယ့် ၂၀၂၁ နွေရာသီမှာ သတ်မှတ်ထားတဲ့ ဈေးအတိုင်း အပြောင်းအရွှေ့ပြုလုပ်နိုင်မယ်လို့ ဂျာမန်မီဒီယာတွေ ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.