Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၆.၁၀.၂၀၂၀

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အငွားခ်မယ္လုိ႔ပဲ သတင္းေတြ ထြက္ေနခဲ့တဲ့ လူငယ္ေနာက္ခံလူ တုိဆင္ အာဒါရာဘုိင္ယို႐ိုကို ဖူလ္ဟမ္အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္ ၂ သန္း၊ ၃ ႏွစ္စာခ်ဳပ္နဲ႔ အၿပီးသတ္ေခၚယူ။

– ၂၀၂၀ ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးအသင္းက ေပါင္ ၂၂၆.၁ သန္းနဲ႔ ထိပ္ဆုံးကေန ေငြေၾကးသုံးစြဲခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းကေတာ့ ဒုတိယေနရာကေန ေပါင္ ၁၄၇ သန္း အသုံးျပဳသြားခဲ့သလို တစ္ျပားတစ္ခ်ပ္မွ မသုံးတဲ့ အသင္းအျဖစ္ေတာ့ ဘန္ေလ စာရင္းဝင္သြားခဲ့။

– ေနာက္ခံလူ အဲရစ္ ဂါစီယာအေနနဲ႔ အစ္တီဟတ္ကြင္းမွာ ဆက္ေနဖို႔ကိုသာ ဆုံးျဖတ္ခဲ့ၿပီး ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕လိုစိတ္ မရွိေတာ့ဘူးလို႔ ဆုိခဲ့လို႔ ေနာက္ဆုံးရက္ Deadline Day မွာ စီးတီးပရိသတ္ေတြ ေက်နပ္ႏိုင္ခဲ့။

– လီဗာပူးလ္ဂိုးသမား အယ္လီဆန္ ဘက္ကာ ဒဏ္ရာရရွိေနမွဳေၾကာင့္ အသင္းကေန ႏုတ္ထြက္သြားခဲ့တဲ့ ဘရာဇီးလ္လူစာရင္းမွာ မန္စီးတီး ဂိုးသမား အီဒါဆန္ မုိေရးစ္ကို အစားထိုးေခၚယူခဲ့ၿပီး တျခားဂိုးသမားေတြထက္ ပုိရိပ္ျမင့္မားတဲ့ ၂၇ ႏွစ္သားအေနနဲ႔ ပြဲထြက္ရဖို႔ ရွိေန။

– ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီအေနနဲ႔ ဒီလိုမ်ဳိး အမွားအယြင္းမ်ားတဲ့ ကစားပုံကို ဆက္လက္က်ဴးလြန္ေနဦးမယ္ဆုိရင္ ေနရာေပ်ာက္ဆုံးဖို႔ ရွိေနၿပီး နည္းျပရဲ႕ ယုံၾကည္မွဳကိုလည္း ရမထားသလို ကန္ဆယ္လို ျပန္ေကာင္းလာတာနဲ႔ အရန္ခုံ ထိုင္ရလိမ့္မယ္လုိ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက အသံထြက္လာ။

– အာဂ်င္တီးနားကလပ္ အက္သလက္တီကို ေတာ္လာရက္စ္အသင္းကေန ေခၚယူခဲ့တဲ့ တုိက္စစ္မွဴး နာဟူးလ္ ဘပ္စ္တို႔စ္ဟာ စီးတီး ေဘာလုံးအုပ္စုထဲက အသင္းတစ္သင္းျဖစ္တဲ့ ဂီ႐ိုနာကို ေရာက္ရွိေနခဲ့ၿပီျဖစ္ေၾကာင္း အသင္းေဟာင္း ဥကၠဌ အတည္ျပဳသြား။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္ခံလူသစ္ျဖစ္တဲ့ ႐ူဘင္ ဒီယက္စ္ဟာ ဖိအားေတြကို ေကာင္းေကာင္းခံႏုိင္ရည္ရွိသူျဖစ္ၿပီး ပြဲႀကီးေတြကိုလည္း အေတြ႕အႀကဳံရွိသူျဖစ္လို႔ အသင္းမွာ ေတာက္ပလာလိမ့္မယ္လုိ႔ အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ရစ္ခ်တ္ဒန္း ေထာက္ခံေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အငှားချမယ်လို့ပဲ သတင်းတွေ ထွက်နေခဲ့တဲ့ လူငယ်နောက်ခံလူ တိုဆင် အာဒါရာဘိုင်ယိုရိုကို ဖူလ်ဟမ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂ သန်း၊ ၃ နှစ်စာချုပ်နဲ့ အပြီးသတ်ခေါ်ယူ။

– ၂၀၂၀ နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းက ပေါင် ၂၂၆.၁ သန်းနဲ့ ထိပ်ဆုံးကနေ ငွေကြေးသုံးစွဲခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကတော့ ဒုတိယနေရာကနေ ပေါင် ၁၄၇ သန်း အသုံးပြုသွားခဲ့သလို တစ်ပြားတစ်ချပ်မှ မသုံးတဲ့ အသင်းအဖြစ်တော့ ဘန်လေ စာရင်းဝင်သွားခဲ့။

– နောက်ခံလူ အဲရစ် ဂါစီယာအနေနဲ့ အစ်တီဟတ်ကွင်းမှာ ဆက်နေဖို့ကိုသာ ဆုံးဖြတ်ခဲ့ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုစိတ် မရှိတော့ဘူးလို့ ဆိုခဲ့လို့ နောက်ဆုံးရက် Deadline Day မှာ စီးတီးပရိသတ်တွေ ကျေနပ်နိုင်ခဲ့။

– လီဗာပူးလ်ဂိုးသမား အယ်လီဆန် ဘက်ကာ ဒဏ်ရာရရှိနေမှုကြောင့် အသင်းကနေ နုတ်ထွက်သွားခဲ့တဲ့ ဘရာဇီးလ်လူစာရင်းမှာ မန်စီးတီး ဂိုးသမား အီဒါဆန် မိုရေးစ်ကို အစားထိုးခေါ်ယူခဲ့ပြီး တခြားဂိုးသမားတွေထက် ပိုရိပ်မြင့်မားတဲ့ ၂၇ နှစ်သားအနေနဲ့ ပွဲထွက်ရဖို့ ရှိနေ။

– နောက်ခံလူ ဘင်ဂျမင် မန်ဒီအနေနဲ့ ဒီလိုမျိုး အမှားအယွင်းများတဲ့ ကစားပုံကို ဆက်လက်ကျူးလွန်နေဦးမယ်ဆိုရင် နေရာပျောက်ဆုံးဖို့ ရှိနေပြီး နည်းပြရဲ့ ယုံကြည်မှုကိုလည်း ရမထားသလို ကန်ဆယ်လို ပြန်ကောင်းလာတာနဲ့ အရန်ခုံ ထိုင်ရလိမ့်မယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက အသံထွက်လာ။

– အာဂျင်တီးနားကလပ် အက်သလက်တီကို တော်လာရက်စ်အသင်းကနေ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး နာဟူးလ် ဘပ်စ်တို့စ်ဟာ စီးတီး ဘောလုံးအုပ်စုထဲက အသင်းတစ်သင်းဖြစ်တဲ့ ဂီရိုနာကို ရောက်ရှိနေခဲ့ပြီဖြစ်ကြောင်း အသင်းဟောင်း ဥက္ကဌ အတည်ပြုသွား။

– မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူသစ်ဖြစ်တဲ့ ရူဘင် ဒီယက်စ်ဟာ ဖိအားတွေကို ကောင်းကောင်းခံနိုင်ရည်ရှိသူဖြစ်ပြီး ပွဲကြီးတွေကိုလည်း အတွေ့အကြုံရှိသူဖြစ်လို့ အသင်းမှာ တောက်ပလာလိမ့်မယ်လို့ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ရစ်ချတ်ဒန်း ထောက်ခံပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.