Other Leagues

အိုလံပစ္အႀကဳိၿပဳိင္ပြဲမွာ အာဂ်င္တီးနားနဲ႔ ဘရာဇီးလ္တုိ႔ ေျခစစ္ပြဲေအာင္

၂၀၂၀ ေႏြရာသီအိုလံပစ္အတြက္ ေတာင္အေမရိကဇုန္မွာ က်င္းပတဲ့ အိုလံပစ္အႀကဳိေဘာလုံးၿပဳိင္ပြဲမွာ အင္အားႀကီးအသင္းႏွစ္သင္းျဖစ္တဲ့ အာဂ်င္တီးနားနဲ႔ ဘရာဇီးလ္တုိ႔ ေျခစစ္ပြဲေအာင္ခဲ့ၿပီး ဇူလိုင္လမွာ ဂ်ပန္ႏုိင္ငံကို သြားဖို႔ လက္မွတ္ရယူႏုိင္ခဲ့ၾကပါတယ္။

ေျခစစ္ပြဲလုိ႔ နာမည္မတပ္ဘဲ အိုလံပစ္အႀကဳိၿပဳိင္ပြဲလို႔ ေခၚတဲ့ ယူ-၂၃ ေဘာလုံးၿပဳိင္ပြဲကို ကိုလံဘီယာႏုိင္ငံက လက္ခံက်င္းပေပးခဲ့ၿပီး ေတာင္အေမရိက အသင္း ၁၀ သင္းက ၅ သင္း ၂ အုပ္စုခြဲၿပီး ကစားခဲ့ရာမွာ အုပ္စု(က)မွာ အိမ္ရွင္ ကိုလံဘီယာနဲ႔ အာဂ်င္တီးနား၊ အုပ္စု(ခ)မွာ ဘရာဇီးလ္နဲ႔ ဥ႐ုေဂြးတုိ႔ ဒုတိယအဆင့္ကို တက္လွမ္းခဲ့ၾကပါတယ္။

ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားတုိ႔ဟာ အုပ္စုအသီးသီးမွာ ေလးပြဲစလုံး အႏုိင္ရရွိခဲ့ၿပီး အုပ္စုပထမနဲ႔ ေျခစစ္ပြဲေအာင္ျမင္ခဲ့ၾကၿပီး က်န္တဲ့ ၿပဳိင္ပြဲဝင္အသင္းေတြဟာ ဥေရာပကလပ္အသင္းႀကီးေတြေၾကာင့္ ကစားသမားတခ်ဳိ႕ မပါဝင္ႏုိင္ခဲ့တဲ့ ဒီအင္အားႀကီးႏွစ္သင္းရဲ႕ အရည္အေသြးနဲ႔ေတာ့ ကြာျခားေနခဲ့တာလည္း ေတြ႕ရပါတယ္။

ေလးသင္းအုပ္စုပတ္လည္ ကစားၿပီး ထိပ္ဆုံးႏွစ္သင္း ေျခစစ္ပြဲေအာင္တဲ့ စနစ္ကို က်င့္သုံးခဲ့ရာမွာေတာ့ ပထမပြဲစဥ္ႏွစ္ပြဲမွာ အာဂ်င္တီးနားက ၆ မွတ္နဲ႔ စတင္ေျခစစ္ပြဲေအာင္ျမင္သြားခဲ့ၿပီး ဘရာဇီးလ္၊ ကိုလံဘီယာနဲ႔ ဥ႐ုေဂြးတုိ႔ အခြင့္အေရးရွိေနဆဲျဖစ္တဲ့ ပြဲစဥ္ ၃ မွာေတာ့ ဘရာဇီးလ္က ေျခစစ္ပြဲ ေအာင္ျမင္သြားၿပီျဖစ္တဲ့ အာဂ်င္တီးနားကို အႏုိင္ယူၿပီး တစ္ပြဲႏုိင္ ႏွစ္ပြဲသေရ ငါးမွတ္နဲ႔ ဒုတိယရရွိၿပီး ေျခစစ္ပြဲေအာင္ခဲ့တာျဖစ္ပါတယ္။

၂၀၂၀ အိုလံပစ္အႀကဳိၿပဳိင္ပြဲေတြကို ကိုလံဘီယာႏုိင္ငံမွာ ဇန္နဝါရီ ၁၈ ရက္ေန႔ကေန စတင္က်င္းပခဲ့တာျဖစ္ၿပီး ေဖေဖာ္ဝါရီ ၉ ရက္ေန႔မွာ ၿပဳိင္ပြဲၿပီးဆုံးခဲ့ကာ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ေတာ့ ဟာသာဘာလင္ရဲ႕ ဘရာဇီးလ္ေတာင္ပံကစားသမား မက္သီးယပ္စ္ ကြန္ဟာက သြင္းဂိုး ၅ ဂိုးနဲ႔ ရပ္တည္ႏုိင္ခဲ့ပါတယ္။

REF: FIFA
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ၂၀၂၀ နွေရာသီအိုလံပစ်အတွက် တောင်အမေရိကဇုန်မှာ ကျင်းပတဲ့ အိုလံပစ်အကြိုဘောလုံးပြိုင်ပွဲမှာ အင်အားကြီးအသင်းနှစ်သင်းဖြစ်တဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ ခြေစစ်ပွဲအောင်ခဲ့ပြီး ဇူလိုင်လမှာ ဂျပန်နိုင်ငံကို သွားဖို့ လက်မှတ်ရယူနိုင်ခဲ့ကြပါတယ်။

ခြေစစ်ပွဲလို့ နာမည်မတပ်ဘဲ အိုလံပစ်အကြိုပြိုင်ပွဲလို့ ခေါ်တဲ့ ယူ-၂၃ ဘောလုံးပြိုင်ပွဲကို ကိုလံဘီယာနိုင်ငံက လက်ခံကျင်းပပေးခဲ့ပြီး တောင်အမေရိက အသင်း ၁၀ သင်းက ၅ သင်း ၂ အုပ်စုခွဲပြီး ကစားခဲ့ရာမှာ အုပ်စု(က)မှာ အိမ်ရှင် ကိုလံဘီယာနဲ့ အာဂျင်တီးနား၊ အုပ်စု(ခ)မှာ ဘရာဇီးလ်နဲ့ ဥရုဂွေးတို့ ဒုတိယအဆင့်ကို တက်လှမ်းခဲ့ကြပါတယ်။

ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ဟာ အုပ်စုအသီးသီးမှာ လေးပွဲစလုံး အနိုင်ရရှိခဲ့ပြီး အုပ်စုပထမနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး ကျန်တဲ့ ပြိုင်ပွဲဝင်အသင်းတွေဟာ ဥရောပကလပ်အသင်းကြီးတွေကြောင့် ကစားသမားတချို့ မပါဝင်နိုင်ခဲ့တဲ့ ဒီအင်အားကြီးနှစ်သင်းရဲ့ အရည်အသွေးနဲ့တော့ ကွာခြားနေခဲ့တာလည်း တွေ့ရပါတယ်။

လေးသင်းအုပ်စုပတ်လည် ကစားပြီး ထိပ်ဆုံးနှစ်သင်း ခြေစစ်ပွဲအောင်တဲ့ စနစ်ကို ကျင့်သုံးခဲ့ရာမှာတော့ ပထမပွဲစဉ်နှစ်ပွဲမှာ အာဂျင်တီးနားက ၆ မှတ်နဲ့ စတင်ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီး ဘရာဇီးလ်၊ ကိုလံဘီယာနဲ့ ဥရုဂွေးတို့ အခွင့်အရေးရှိနေဆဲဖြစ်တဲ့ ပွဲစဉ် ၃ မှာတော့ ဘရာဇီးလ်က ခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်တဲ့ အာဂျင်တီးနားကို အနိုင်ယူပြီး တစ်ပွဲနိုင် နှစ်ပွဲသရေ ငါးမှတ်နဲ့ ဒုတိယရရှိပြီး ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ အိုလံပစ်အကြိုပြိုင်ပွဲတွေကို ကိုလံဘီယာနိုင်ငံမှာ ဇန်နဝါရီ ၁၈ ရက်နေ့ကနေ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပြိုင်ပွဲပြီးဆုံးခဲ့ကာ ဂိုးအများဆုံးသွင်းသူအဖြစ်တော့ ဟာသာဘာလင်ရဲ့ ဘရာဇီးလ်တောင်ပံကစားသမား မက်သီးယပ်စ် ကွန်ဟာက သွင်းဂိုး ၅ ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

REF: FIFA
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.