Premier League

ရာသီနောက်ဆုံးပွဲမှာ အာဆင်ဝင်းဂါးကို ခေါ်ဖို့ စီစဉ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ တကယ်လို့ ဂန်းနားတွေသာ ရာသီနောက်ဆုံးနေ့အထိ ဆုဖလားပြိုင်ပွဲထဲမှာ ရှိနေခဲ့မယ်ဆိုရင် ရာသီပိတ်ပွဲစဉ်ကို လာရောက်ကြည့်ရှုဖို့ အာဆင်ဝင်းဂါးကို ဖိတ်ခေါ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဂန်းနားတွေဟာ ယခုရာသီ အချိန်အများစုကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ခဲ့တာဖြစ်ပေမယ့်လည်း မကြာသေးမီက ၄ ပွဲဆက်တိုက် နိုင်ပွဲမရှိခဲ့တဲ့နောက် မန်ချက်စတာစီးတီးကို ဦးဆောင်ခွင့် ပေးခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ဖို့အတွက် ၄ ပွဲသာ ကစားဖို့ ကျန်တော့တာဖြစ်ပြီး တနင်္ဂနွေနေ့ နယူးကာဆယ်အိမ်ကွင်းမှာ စတင်သွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ၁၉ နှစ်အကြာမှာ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ပြန်လည် ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ချက်ကလည်း မှေးမှိန်လာနေပေမယ့်လည်း ဂန်းနားတွေဟာ မန်ချက်စတာစီးတီးနဲ့ နောက်ဆုံးနေ့အထိ တိုက်ပွဲဝင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ ၂၈ ရက်နေ့ ဝုလ်ဗ်စ်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်အတွက် အာဆင်ဝင်းဂါးကို တက်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အာတီတာရဲ့အသင်းသာ လာမယ့် ပွဲစဉ်တွေအပြီးမှာ ဆုဖလားကို အနိုင်ရဖို့ အခွင့်အရေး ရှိနေသေးတယ်ဆိုရင် ဖိတ်ကြားချက်ကို ပေးပို့သွားမှာဖြစ်တယ်လို့ သိရပြီး အာဆင်ဝင်းဂါးဟာ ဘောက်ဆင်ဒေးတုန်းက ဝက်စ်ဟမ်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကို နောက်ဆုံး တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ တကယ္လို႔ ဂန္းနားေတြသာ ရာသီေနာက္ဆုံးေန႔အထိ ဆုဖလားၿပိဳင္ပြဲထဲမွာ ရွိေနခဲ့မယ္ဆိုရင္ ရာသီပိတ္ပြဲစဥ္ကို လာေရာက္ၾကည့္ရႈဖို႔ အာဆင္ဝင္းဂါးကို ဖိတ္ေခၚဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ဂန္းနားေတြဟာ ယခုရာသီ အခ်ိန္အမ်ားစုကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ခဲ့တာျဖစ္ေပမယ့္လည္း မၾကာေသးမီက ၄ ပြဲဆက္တိုက္ ႏိုင္ပြဲမရွိခဲ့တဲ့ေနာက္ မန္ခ်က္စတာစီးတီးကို ဦးေဆာင္ခြင့္ ေပးခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္ရယူႏိုင္ဖို႔အတြက္ ၄ ပြဲသာ ကစားဖို႔ က်န္ေတာ့တာျဖစ္ၿပီး တနဂၤေႏြေန႔ နယူးကာဆယ္အိမ္ကြင္းမွာ စတင္သြားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ ၁၉ ႏွစ္အၾကာမွာ ပရီးမီးယားလိဂ္ဖလားကို ပထမဆုံးအႀကိမ္ ျပန္လည္ ကိုင္ေျမႇာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ကလည္း ေမွးမွိန္လာေနေပမယ့္လည္း ဂန္းနားေတြဟာ မန္ခ်က္စတာစီးတီးနဲ႔ ေနာက္ဆုံးေန႔အထိ တိုက္ပြဲဝင္ဖို႔အတြက္ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းတာဝန္ရွိသူေတြဟာ ၂၈ ရက္ေန႔ ဝုလ္ဗ္စ္ကို အိမ္ကြင္း အမ္းမရိတ္စ္မွာ ယွဥ္ၿပိဳင္ကစားရမယ့္ ပြဲစဥ္အတြက္ အာဆင္ဝင္းဂါးကို တက္ေရာက္ၾကည့္ရႈဖို႔ ဖိတ္ေခၚသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အာတီတာရဲ႕အသင္းသာ လာမယ့္ ပြဲစဥ္ေတြအၿပီးမွာ ဆုဖလားကို အႏိုင္ရဖို႔ အခြင့္အေရး ရွိေနေသးတယ္ဆိုရင္ ဖိတ္ၾကားခ်က္ကို ေပးပို႔သြားမွာျဖစ္တယ္လို႔ သိရၿပီး အာဆင္ဝင္းဂါးဟာ ေဘာက္ဆင္ေဒးတုန္းက ဝက္စ္ဟမ္းကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္ကို ေနာက္ဆုံး တက္ေရာက္ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.