Premier League

မန်ယူနိုက်တက်အတွက် ကစားပေးဖို့ မသင့်တဲ့ကစားသမားကို ပြောပြခဲ့တဲ့ ပေါလ် မာဆန်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က အန်သိုနီ မာစီယယ်လ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးရလောက်အောင် လုံလောက်တဲ့ ကောင်းမွန်မှုမျိုးမရှိတာ ရှင်းလင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ တန်ဟက်လက်အောက်မှာ ပြန်လည်သက်ဝင်လာခဲ့ပေမယ့်လည်း အန်သိုနီ မာစီယယ်လ်ကတော့ နောက်ထပ် ခက်ခဲတဲ့ရာသီကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး မတူညီတဲ့ ဒဏ်ရာပြဿနာ ၅ ခုကြောင့် ၂၇ ပွဲအထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။

မာစီယယ်လ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပထမဦးစားပေး အထောင်တိုက်စစ်မှူးအဖြစ် ရှိနေဆဲဖြစ်ပြီး ယခုရာသီမှာ လက်ရှိအချိန်အထိ ၂၄ ပွဲမှာ ၇ ဂိုးသွင်းယူထားပေမယ့်လည်း မန်ယူနိုက်တက်ဟာ ယခုနွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေတာ လျှို့ဝှက်ချက်မဟုတ်တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားအတွက် အိုးထရက်ဖို့ဒ်က နောက်ဆုံးရာသီသာ ဖြစ်ခဲ့မယ်ဆိုရင် ၎င်းရဲ့ မန်ချက်စတာယူနိုက်တက်ကစားသားဘဝကို ပြန်ကြည့်ရင် ဆယ်ကျော်သက်တစ်ယောက်အဖြစ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ချိန်တုန်းက ကြီးမားတဲ့ အလားအလာတွေ ရှိခဲ့ပြီးနောက် စိတ်ပျက်စရာတွေသာ နောက်ဆုံးမှာ တွေ့ကြုံခဲ့ရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်သာ ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် စိန်ခေါ်ချင်တယ်ဆိုရင် မာစီယယ်လ်ရဲ့ နေရာမှာ မဖြစ်မနေ အစားထိုးခေါ်ယူမှု ပြုလုပ်ရမယ်လို့ ပေါလ် မာဆန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိ တိုက်စစ် ၃ ဦးက မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ပါ။ ဒါပေမယ့် ဒီနွေရာသီမှာ အပြောင်းအလဲတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ၁ မီလီယံ ရာခိုင်နှုန်းပါ။ အခုအချိန်မှာ မန်ချက်စတာစီးတီးနဲ့ ၁၆ မှတ်ကွာနေတယ်။ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားနားကို ကပ်နိုင်မှာမဟုတ်တဲ့ တူညီတဲ့ အသင်းဖြစ်နေမှာပါ။ သူတို့တွေ တိုက်စစ်မှာ ဟာရီကိန်းကို လိုတယ်။ အန်သိုနီ မာစီယယ်လ် တကယ်ကြီးလား။ သူက မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးဖို့ကို မသင့်တဲ့သူပါ။ စိတ်မကောင်းပါဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က အန္သိုနီ မာစီယယ္လ္ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားေပးရေလာက္ေအာင္ လုံေလာက္တဲ့ ေကာင္းမြန္မႈမ်ိဳးမရွိတာ ရွင္းလင္းေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ နည္းျပ တန္ဟက္လက္ေအာက္မွာ ျပန္လည္သက္ဝင္လာခဲ့ေပမယ့္လည္း အန္သိုနီ မာစီယယ္လ္ကေတာ့ ေနာက္ထပ္ ခက္ခဲတဲ့ရာသီကို ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး မတူညီတဲ့ ဒဏ္ရာျပႆနာ ၅ ခုေၾကာင့္ ၂၇ ပြဲအထိ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

မာစီယယ္လ္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပထမဦးစားေပး အေထာင္တိုက္စစ္မႉးအျဖစ္ ရွိေနဆဲျဖစ္ၿပီး ယခုရာသီမွာ လက္ရွိအခ်ိန္အထိ ၂၄ ပြဲမွာ ၇ ဂိုးသြင္းယူထားေပမယ့္လည္း မန္ယူႏိုက္တက္ဟာ ယခုေႏြရာသီမွာ ထိပ္တန္းတိုက္စစ္မႉးတစ္ဦးကို ေခၚယူဖို႔ စီစဥ္ေနတာ လွ်ိဳ႕ဝွက္ခ်က္မဟုတ္တာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ကစားသမားအတြက္ အိုးထရက္ဖို႔ဒ္က ေနာက္ဆုံးရာသီသာ ျဖစ္ခဲ့မယ္ဆိုရင္ ၎ရဲ႕ မန္ခ်က္စတာယူႏိုက္တက္ကစားသားဘဝကို ျပန္ၾကည့္ရင္ ဆယ္ေက်ာ္သက္တစ္ေယာက္အျဖစ္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္တုန္းက ႀကီးမားတဲ့ အလားအလာေတြ ရွိခဲ့ၿပီးေနာက္ စိတ္ပ်က္စရာေတြသာ ေနာက္ဆုံးမွာ ေတြ႕ႀကဳံခဲ့ရတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္သာ ပရီးမီးယားလိဂ္ဖလားကို ေနာက္ထပ္တစ္ႀကိမ္ စိန္ေခၚခ်င္တယ္ဆိုရင္ မာစီယယ္လ္ရဲ႕ ေနရာမွာ မျဖစ္မေန အစားထိုးေခၚယူမႈ ျပဳလုပ္ရမယ္လို႔ ေပါလ္ မာဆန္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္ရဲ႕ လက္ရွိ တိုက္စစ္ ၃ ဦးက မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ အန္တိုနီတို႔ပါ။ ဒါေပမယ့္ ဒီေႏြရာသီမွာ အေျပာင္းအလဲေတြ ရွိလာလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ၁ မီလီယံ ရာခိုင္ႏႈန္းပါ။ အခုအခ်ိန္မွာ မန္ခ်က္စတာစီးတီးနဲ႔ ၁၆ မွတ္ကြာေနတယ္။ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ဖလားနားကို ကပ္ႏိုင္မွာမဟုတ္တဲ့ တူညီတဲ့ အသင္းျဖစ္ေနမွာပါ။ သူတို႔ေတြ တိုက္စစ္မွာ ဟာရီကိန္းကို လိုတယ္။ အန္သိုနီ မာစီယယ္လ္ တကယ္ႀကီးလား။ သူက မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားေပးဖို႔ကို မသင့္တဲ့သူပါ။ စိတ္မေကာင္းပါဘူး”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.