Premier League

နယူးကာဆယ်နဲ့ပွဲမှာ ပြန်ကစားပေးချင်နေတဲ့ ဂန်းနားခံစစ်မှူး

အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် မာဂါလိုင်စ်ဟာ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပေမယ့်လည်း ယခုအပတ် နယူးကာဆယ်နဲ့ ကစားရမယ့် ပွဲစဉ်အတွက် အချိန်မီ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာမယ်လို့ အကောင်းမြင်နေပါတယ်။

ဘရာဇီးလ်နောက်ခံကစားသမားဟာ အနောက်လန်ဒန်ကလပ်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်အတွင်းမှာ ဒဏ်ရာ ပြဿနာအများအပြားနဲ့ ရုန်းကန်နေရပုံပေါ်ခဲ့ပြီး ခြေကျင်းဝတ်မှာ ဒဏ်ရာမရရှိခင် တစ်ချိန်မှာ ပေါင်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ်ဟာ အကြိမ်ပေါင်းများစွာ ကုသမှုတွေ ခံယူခဲ့ရပြီး နာကျင်မှုနဲ့ ဆက်ကစားဖို့ ကြိုးစားခဲ့ပေမယ့်လည်း ၈၅ မိနစ်မှာတော့ လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ မယုံနိုင်စရာကောင်းတာက အသက် ၂၅ နှစ်အရွယ် နောက်ခံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ မိနစ် ၉၀ အပြည့် မကစားပေးနိုင်ခဲ့တဲ့ ပထမဆုံးပွဲစဉ်ဖြစ်ခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ ခံစစ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပြဿနာရှိခဲ့ပေမယ့်လည်း ဘရာဇီးလ်နောက်ခံလူဟာ အားကောင်းတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အိမ်ကွင်း စိန့် ဂျိမ်းစ်ပါ့ခ်ကို တနင်္ဂနွေနေ့မှာ သွားရောက်ကစားရမယ့်ပွဲစဉ်မတိုင်ခင် ဂါဘရီယဲလ်ရဲ့ ဒဏ်ရာပြဿနာက အာတီတာအတွက် ထိုးနှက်ချက် ဖြစ်လာခဲ့တာဖြစ်ပေမယ့်လည်း The Evening Standard ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်နောက်ခံလူဟာ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်ကို မလွဲချော်ဖို့ မျှော်လင့်နေပြီး အချိန်မီ ကြံ့ခိုင်မှုပြည့်ဝလာပြီးအသင်းနဲ့အတူ လိုက်ပါနိုင်မယ်လို့ အကောင်းမြင်နေကြောင်း သိရပါတယ်။

အာဆင်နယ်ကစားသမားတွေဟာ ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ကုစားမှု အစီအစဉ်တွေ လုပ်ခဲ့ကြပြီး ကြာသပတေးနေ့မှာ နားရက် တစ်ရက် ရရှိခဲ့ပြီးနောက် သောကြာနေ့မှာ လန်ဒန် ကိုလ်နီကွင်းကို သတင်းပြန်ပို့ရမှာ ဖြစ်ပါတယ်။

ဂါဘရီယဲလ်ရဲ့ ဒဏ်ရာအခြေအနေကို နောက်ဆုံးဆုံးဖြတ်ချက် မချမီ လာမယ့် ၄၈ နာရီအတွင်း အကဲဖြတ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး နည်းပြအာတီတာအနေနဲ့ ယနေ့ညနေ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နောက်ဆုံးရ အခြေအနေကို ပေးသွားဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ေနာက္ခံလူ ဂါဘရီယဲလ္ မာဂါလိုင္စ္ဟာ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့ေပမယ့္လည္း ယခုအပတ္ နယူးကာဆယ္နဲ႔ ကစားရမယ့္ ပြဲစဥ္အတြက္ အခ်ိန္မီ ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝလာမယ္လို႔ အေကာင္းျမင္ေနပါတယ္။

ဘရာဇီးလ္ေနာက္ခံကစားသမားဟာ အေနာက္လန္ဒန္ကလပ္အသင္းကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္အတြင္းမွာ ဒဏ္ရာ ျပႆနာအမ်ားအျပားနဲ႔ ႐ုန္းကန္ေနရပုံေပၚခဲ့ၿပီး ေျခက်င္းဝတ္မွာ ဒဏ္ရာမရရွိခင္ တစ္ခ်ိန္မွာ ေပါင္ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

ဂါဘရီယဲလ္ဟာ အႀကိမ္ေပါင္းမ်ားစြာ ကုသမႈေတြ ခံယူခဲ့ရၿပီး နာက်င္မႈနဲ႔ ဆက္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ၈၅ မိနစ္မွာေတာ့ လူစားလဲလွယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ မယုံႏိုင္စရာေကာင္းတာက အသက္ ၂၅ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ မိနစ္ ၉၀ အျပည့္ မကစားေပးႏိုင္ခဲ့တဲ့ ပထမဆုံးပြဲစဥ္ျဖစ္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ရဲ႕ ခံစစ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ျပႆနာရွိခဲ့ေပမယ့္လည္း ဘရာဇီးလ္ေနာက္ခံလူဟာ အားေကာင္းတဲ့ရာသီတစ္ခုကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္အိမ္ကြင္း စိန႔္ ဂ်ိမ္းစ္ပါ့ခ္ကို တနဂၤေႏြေန႔မွာ သြားေရာက္ကစားရမယ့္ပြဲစဥ္မတိုင္ခင္ ဂါဘရီယဲလ္ရဲ႕ ဒဏ္ရာျပႆနာက အာတီတာအတြက္ ထိုးႏွက္ခ်က္ ျဖစ္လာခဲ့တာျဖစ္ေပမယ့္လည္း The Evening Standard ရဲ႕ ေဖာ္ျပခ်က္အရ ဘရာဇီးလ္ေနာက္ခံလူဟာ ဒဏ္ရာေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ကို မလြဲေခ်ာ္ဖို႔ ေမွ်ာ္လင့္ေနၿပီး အခ်ိန္မီ ႀကံ့ခိုင္မႈျပည့္ဝလာၿပီးအသင္းနဲ႔အတူ လိုက္ပါႏိုင္မယ္လို႔ အေကာင္းျမင္ေနေၾကာင္း သိရပါတယ္။

အာဆင္နယ္ကစားသမားေတြဟာ ဗုဒၶဟူးေန႔မွာ ျပန္လည္ကုစားမႈ အစီအစဥ္ေတြ လုပ္ခဲ့ၾကၿပီး ၾကာသပေတးေန႔မွာ နားရက္ တစ္ရက္ ရရွိခဲ့ၿပီးေနာက္ ေသာၾကာေန႔မွာ လန္ဒန္ ကိုလ္နီကြင္းကို သတင္းျပန္ပို႔ရမွာ ျဖစ္ပါတယ္။

ဂါဘရီယဲလ္ရဲ႕ ဒဏ္ရာအေျခအေနကို ေနာက္ဆုံးဆုံးျဖတ္ခ်က္ မခ်မီ လာမယ့္ ၄၈ နာရီအတြင္း အကဲျဖတ္မႈေတြ ျပဳလုပ္သြားမွာျဖစ္ၿပီး နည္းျပအာတီတာအေနနဲ႔ ယေန႔ညေန ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေနာက္ဆုံးရ အေျခအေနကို ေပးသြားဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.