Other Leagues

ဆော်ဒီ အာရေဗျမှာ ပထမဆုံးဆုဖလားကိုင်မြှောက်နိုင်ဖွယ်ရှိလာတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ် နာဆာအသင်းဟာ အမှတ်ပေးဇယားဦးဆောင်သူ အယ်လ် အစ်တီဟတ်အသင်းက ရမှတ်တွေ လျော့ကျခဲ့ပြီးနောက် ဆော်ဒီ ပရိုလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်ချက်အတွက် အားတက်စရာဖြစ်လာခဲ့ပါတယ်။

အယ်လ် အစ်တီဟတ်ဟာ ဗုဒ္ဓဟူးနေ့ညက အယ်လ်-တာဝမ်အသင်းကို ၂-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာကြောင့် အယ်လ် နာဆာအသင်းဟာ ဆော်ဒီ ပရိုလိဂ်ဖလားကို အနိုင်ရရှိနိုင်တဲ့ အခွင့်အရေး ပြန်လည်အသက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်-ရာရှီဒီက ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ အယ်လ် တာဝမ်အသင်းအတွက် သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပြီး ဟမ်ဒါလာလ်က ၇၆ မိနစ်မှာ အယ်လ် အစ်တီဟတ်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အယ်လ်-အစ်တီဟတ်အသင်းဟာ ဆော်ဒီ ပရိုလိဂ် အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ၂၅ ပွဲကစားပြီးနောက် ၅၉ မှတ်နဲ့ ဦးဆောင်နေဆဲ ဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းက ၂၅ ပွဲမှာ ၅၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

တတိယနေရာက အယ်လ် ရှာဒတ်ဘ်အသင်းက အယ်လ်နာဆာနဲ့ ၃ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပြီး အယ်လ် အစ်တီဟတ်ဟာ ယခုရာသီ အယ်လ်နာဆာနဲ့ ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းမှာ အားသာချက် ရှိနေတာဖြစ်ပါတယ်။ အယ်လ် အစ်တီဟတ်အသင်းဟာ မတ်လက ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ် နာဆာအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ပေါ်တူဂီကြယ်ပွင့် မရောက်ရှိလာခင်တုန်းက အောက်တိုဘာလမှာ ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဇန်နဝါရီလမှာ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၂၀၀ တန်ကြေးရှိတဲ့ စာချုပ်နဲ့ အယ်လ် နာဆာအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနေခဲ့သူဖြစ်ပြီး ၁၅ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္ နာဆာအသင္းဟာ အမွတ္ေပးဇယားဦးေဆာင္သူ အယ္လ္ အစ္တီဟတ္အသင္းက ရမွတ္ေတြ ေလ်ာ့က်ခဲ့ၿပီးေနာက္ ေဆာ္ဒီ ပ႐ိုလိဂ္မွာ ဗိုလ္စြဲႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္အတြက္ အားတက္စရာျဖစ္လာခဲ့ပါတယ္။

အယ္လ္ အစ္တီဟတ္ဟာ ဗုဒၶဟူးေန႔ညက အယ္လ္-တာဝမ္အသင္းကို ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာေၾကာင့္ အယ္လ္ နာဆာအသင္းဟာ ေဆာ္ဒီ ပ႐ိုလိဂ္ဖလားကို အႏိုင္ရရွိႏိုင္တဲ့ အခြင့္အေရး ျပန္လည္အသက္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အယ္လ္-ရာရွီဒီက ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာ အယ္လ္ တာဝမ္အသင္းအတြက္ သြင္းဂိုးေတြကို သြင္းယူေပးခဲ့ၿပီး ဟမ္ဒါလာလ္က ၇၆ မိနစ္မွာ အယ္လ္ အစ္တီဟတ္အတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း အယ္လ္-အစ္တီဟတ္အသင္းဟာ ေဆာ္ဒီ ပ႐ိုလိဂ္ အမွတ္ေပးဇယားအဆင့္ ၁ ေနရာမွာ ၂၅ ပြဲကစားၿပီးေနာက္ ၅၉ မွတ္နဲ႔ ဦးေဆာင္ေနဆဲ ျဖစ္ၿပီး ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္နာဆာအသင္းက ၂၅ ပြဲမွာ ၅၆ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

တတိယေနရာက အယ္လ္ ရွာဒတ္ဘ္အသင္းက အယ္လ္နာဆာနဲ႔ ၃ မွတ္အကြာမွာ ရပ္တည္ေနတာျဖစ္ၿပီး အယ္လ္ အစ္တီဟတ္ဟာ ယခုရာသီ အယ္လ္နာဆာနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈ မွတ္တမ္းမွာ အားသာခ်က္ ရွိေနတာျဖစ္ပါတယ္။ အယ္လ္ အစ္တီဟတ္အသင္းဟာ မတ္လက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္ နာဆာအသင္းကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ မေရာက္ရွိလာခင္တုန္းက ေအာက္တိုဘာလမွာ ဂိုးမရွိ သေရက်ခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဇန္နဝါရီလမွာ တစ္ႏွစ္လုပ္ခလစာ ယူ႐ိုသန္း ၂၀၀ တန္ေၾကးရွိတဲ့ စာခ်ဳပ္နဲ႔ အယ္လ္ နာဆာအသင္းကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသေနခဲ့သူျဖစ္ၿပီး ၁၅ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.