Other Leagues

အယ်လ် နာဆာကို ပြောင်းဖို့ ရော်နယ်လ်ဒို လှည့်စားခံခဲ့ရတာလို့ ပြောလိုက်တဲ့ ဘာဆာဂန္တဝင်

ဘာစီလိုနာဂန္တဝင် ရီဗာလ်ဒိုက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကမ်းလှမ်းခံခဲ့ရတဲ့ ငွေကြေးကြောင့် အယ်လ် နာဆာကို ပြောင်းရွှေ့ဖို့ လှည့်စားခံခဲ့ရတာလို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်ဂန္တဝင်က ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူးဟာ ဆော်ဒီ အာရေဗျက ဘဝကို ပျော်ရွှင်မနေဘူးလို့ ယုံကြည်နေပြီး လီယွန်နယ် မက်ဆီကိုလည်း အပြောင်းအရွှေ့ပြုလုပ်ဖို့ မစဉ်းစားခင် သေချာတွေးစေချင်နေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဇန်နဝါရီလမှာ အယ်လ် နာဆာအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းအတွက် ၁၂ ပွဲမှာ ၁၂ ဂိုးသွင်းထားပြီး လိဂ်ဖလားရရှိအောင် ကူညီပေးနေတာဖြစ်ပါတယ်။

ရီဗာလ်ဒိုက ကစားသမားတွေဟာ အရှေ့အလယ်ပိုင်းကို ကြီးမားတဲ့ ငွေကြေးနဲ့ ပြောင်းရွှေ့ပြီး အရူးလုပ်ခံနေရတယ်လို့ ပြောကြားခဲ့ချိန်မှာ ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“တစ်ခါတလေ ကစားသမားတွေက ဆော်ဒီ အာရေဗျမှာ သူတို့ လက်မှတ်ထိုးခဲ့တဲ့ ကြီးမားတဲ့စာချုပ်ကြောင့် အရူးလုပ်ခံခဲ့ရတာကို ကျွန်တော် နားလည်တယ်။ ဒါပေမယ့် အဲဒီက ဘဝက ထင်ထားတာထက် ပိုပြီး ခက်ခဲပြီး ဘောလုံးက မျှော်မှန်းသလောက် အမြဲတမ်း လွယ်ကူမှာမဟုတ်ပါဘူး။ အဲဒီတော့ ခင်ဗျား စိတ်ပျက်စရာအချိန်အချို့ကို ဖြတ်သန်းရနိုင်ပြီး အလေးအနက်စဉ်းစားစရာတောင် ဖြစ်နိုင်ပါတယ်။ တကယ်ရော ပိုက်ဆံက သူ အခု နေထိုင်နေရတဲ့ မပျော်ရွှင်ရတဲ့ ဘဝအတွက် ဖြည့်ဆည်းပေးနိုင်ရဲ့လားဆိုတာကိုပေါ့”

“ဒါက ကစားသမားအားလုံးမှာ ဖြစ်နိုင်တယ်။ မက်ဆီကိုယ်တိုင်တောင် သိပ်မကြာခင် အဲဒါကို မျက်မြင်ကိုယ်တွေ့ တွေ့နိုင်ပါတယ်။ သူ့အတွက်နဲ့ ဘောလုံးအတွက်တော့ ခရစ္စတီယာနို ရော်နယ်လ်ဒို ရီးရဲလ်မက်ဒရစ်ကို ကစားသမားဘဝအဆုံးသတ်ဖို့ ပြန်လာတာကို မြင်ရရင် ကောငး်ပါလိမ့်မယ်။ ဟုတ်တာပေါ့။ ပရိသတ်တွေက သူတို့တွေ သူ့ဆီကနေ သူ အသက် ၂၅ နှစ်၊ ၂၆ နှစ်အရွယ်လောက်တုန်းက လုပ်ခဲ့တဲ့အတိုင်း တောင်းဆိုလို့မရနိုင်ဘူးဆိုတာကို နားလည်ထားရမယ်။ ဒါပေမယ့် သူက အသင်းကို အောင်မြင်မှုတွေ ပိုရအောင် ကူညီနိုင်ပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဂႏၲဝင္ ရီဗာလ္ဒိုက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ကမ္းလွမ္းခံခဲ့ရတဲ့ ေငြေၾကးေၾကာင့္ အယ္လ္ နာဆာကို ေျပာင္းေ႐ႊ႕ဖို႔ လွည့္စားခံခဲ့ရတာလို႔ ေျပာၾကားခဲ့ပါတယ္။

ဘရာဇီးလ္ဂႏၲဝင္က ေပၚတူဂီၾကယ္ပြင့္ တိုက္စစ္မႉးဟာ ေဆာ္ဒီ အာေရဗ်က ဘဝကို ေပ်ာ္႐ႊင္မေနဘူးလို႔ ယုံၾကည္ေနၿပီး လီယြန္နယ္ မက္ဆီကိုလည္း အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔ မစဥ္းစားခင္ ေသခ်ာေတြးေစခ်င္ေနတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ ဇန္နဝါရီလမွာ အယ္လ္ နာဆာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းအတြက္ ၁၂ ပြဲမွာ ၁၂ ဂိုးသြင္းထားၿပီး လိဂ္ဖလားရရွိေအာင္ ကူညီေပးေနတာျဖစ္ပါတယ္။

ရီဗာလ္ဒိုက ကစားသမားေတြဟာ အေရွ႕အလယ္ပိုင္းကို ႀကီးမားတဲ့ ေငြေၾကးနဲ႔ ေျပာင္းေ႐ႊ႕ၿပီး အ႐ူးလုပ္ခံေနရတယ္လို႔ ေျပာၾကားခဲ့ခ်ိန္မွာ ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“တစ္ခါတေလ ကစားသမားေတြက ေဆာ္ဒီ အာေရဗ်မွာ သူတို႔ လက္မွတ္ထိုးခဲ့တဲ့ ႀကီးမားတဲ့စာခ်ဳပ္ေၾကာင့္ အ႐ူးလုပ္ခံခဲ့ရတာကို ကြၽန္ေတာ္ နားလည္တယ္။ ဒါေပမယ့္ အဲဒီက ဘဝက ထင္ထားတာထက္ ပိုၿပီး ခက္ခဲၿပီး ေဘာလုံးက ေမွ်ာ္မွန္းသေလာက္ အၿမဲတမ္း လြယ္ကူမွာမဟုတ္ပါဘူး။ အဲဒီေတာ့ ခင္ဗ်ား စိတ္ပ်က္စရာအခ်ိန္အခ်ိဳ႕ကို ျဖတ္သန္းရႏိုင္ၿပီး အေလးအနက္စဥ္းစားစရာေတာင္ ျဖစ္ႏိုင္ပါတယ္။ တကယ္ေရာ ပိုက္ဆံက သူ အခု ေနထိုင္ေနရတဲ့ မေပ်ာ္႐ႊင္ရတဲ့ ဘဝအတြက္ ျဖည့္ဆည္းေပးႏိုင္ရဲ႕လားဆိုတာကိုေပါ့”

“ဒါက ကစားသမားအားလုံးမွာ ျဖစ္ႏိုင္တယ္။ မက္ဆီကိုယ္တိုင္ေတာင္ သိပ္မၾကာခင္ အဲဒါကို မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕ႏိုင္ပါတယ္။ သူ႔အတြက္နဲ႔ ေဘာလုံးအတြက္ေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ရီးရဲလ္မက္ဒရစ္ကို ကစားသမားဘဝအဆုံးသတ္ဖို႔ ျပန္လာတာကို ျမင္ရရင္ ေကာငး္ပါလိမ့္မယ္။ ဟုတ္တာေပါ့။ ပရိသတ္ေတြက သူတို႔ေတြ သူ႔ဆီကေန သူ အသက္ ၂၅ ႏွစ္၊ ၂၆ ႏွစ္အ႐ြယ္ေလာက္တုန္းက လုပ္ခဲ့တဲ့အတိုင္း ေတာင္းဆိုလို႔မရႏိုင္ဘူးဆိုတာကို နားလည္ထားရမယ္။ ဒါေပမယ့္ သူက အသင္းကို ေအာင္ျမင္မႈေတြ ပိုရေအာင္ ကူညီႏိုင္ပါေသးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.