Other Leagues

အယ်လ်နာဆာကို စွန့်ခွာချင်နေတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တာ လအနည်းငယ်သာ ကြာသေးပေမယ့်လည်း ဥရောပကို ပြန်လည်ပြောင်းရွှေ့ချင်တာကြောင့် ဆော်ဒီ ပရိုလိဂ်ကလပ်ကို စွန့်ခွာချင်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းပြီး စွန့်ခွာပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ အယ်လ် နာဆာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းအထိ ရှရိနေပေမယ့်လည်း ၎င်းရဲ့ အလွန်ကြီးမားတဲ့ လစာပမာဏကို စွန့်လွှတ်တော့မယ့်ပုံပေါ်နေပြီ ဖြစ်ပါတယ်။

စပိန်သတင်းဌာန El Nacional ရဲ့ ဖော်ပြချက်အရ ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အသင်းဟောင်းတွေထဲက တစ်သင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တာကြောင့် ဆော်ဒီ အာရေဗျကို စွန့်ခွာချင်နေတယ်လို့ သိရပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ကစားသမားမဟုတ်တဲ့ သံတမန်အခန်းကဏ္ဍနဲ့ ပြန်လည် ပြောင်းရွှေ့နိုင်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး “ဖလော်ရန်တီနို ပီးရက်ဇ်က ရော်နယ်လ်ဒိုအနေနဲ့ ဆန်တီယေဂို ဘာနေဗျူးမှာ အလုပ်မရှိဖြစ်နေမှာမဟုတ်ဘူးလို့ အာမခံခဲ့တယ်။ ဒါပေမယ့် ကစားသမားအဖြစ်နဲ့မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒါက ပိတ်သင့်တဲ့ စက်ဝန်းတစ်ခုလို့ ယူဆထားတာကြောင့်ပါ(ကစားသမားအဖြစ် ထပ်မကစားချင်)”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ခဲ့တာ လအနည္းငယ္သာ ၾကာေသးေပမယ့္လည္း ဥေရာပကို ျပန္လည္ေျပာင္းေ႐ႊ႕ခ်င္တာေၾကာင့္ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ကို စြန႔္ခြာခ်င္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းၿပီး စြန႔္ခြာၿပီးေနာက္ပိုင္း ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွာ အယ္လ္ နာဆာကို ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၇၃ သန္းအထိ ရွရိေနေပမယ့္လည္း ၎ရဲ႕ အလြန္ႀကီးမားတဲ့ လစာပမာဏကို စြန႔္လႊတ္ေတာ့မယ့္ပုံေပၚေနၿပီ ျဖစ္ပါတယ္။

စပိန္သတင္းဌာန El Nacional ရဲ႕ ေဖာ္ျပခ်က္အရ ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ အသင္းေဟာင္းေတြထဲက တစ္သင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္တာေၾကာင့္ ေဆာ္ဒီ အာေရဗ်ကို စြန႔္ခြာခ်င္ေနတယ္လို႔ သိရပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ကစားသမားမဟုတ္တဲ့ သံတမန္အခန္းက႑နဲ႔ ျပန္လည္ ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး “ဖေလာ္ရန္တီႏို ပီးရက္ဇ္က ေရာ္နယ္လ္ဒိုအေနနဲ႔ ဆန္တီေယဂို ဘာေနဗ်ဴးမွာ အလုပ္မရွိျဖစ္ေနမွာမဟုတ္ဘူးလို႔ အာမခံခဲ့တယ္။ ဒါေပမယ့္ ကစားသမားအျဖစ္နဲ႔မဟုတ္ဘူးဆိုတာ သိသာပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ဒါက ပိတ္သင့္တဲ့ စက္ဝန္းတစ္ခုလို႔ ယူဆထားတာေၾကာင့္ပါ(ကစားသမားအျဖစ္ ထပ္မကစားခ်င္)”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.