Ligue1

လာမယ့် ၁၀ ရက်အတွင်း စာချုပ်ဖျက်သိမ်းတော့မယ့် ပီအက်စ်ဂျီကြယ်ပွင့်

လီယွန်နယ် မက်ဆီဟာ လာမယ့် ၁၀ ရက်အတွင်း ပီအက်စ်ဂျီနဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ၎င်းကို ၂ ပတ် ပြစ်ဒဏ်ချမှတ်ခဲ့မှုကို မပျော်မရွှင်ဖြစ်နေပြီး ယခုရာသီ မကုန်ခင်မှာပဲ ပီအက်စ်ဂျီအသင်းကို စွန့်ခွာဖို့ ကြိုးပမ်းနေပြီလို့ သိရပါတယ်။

Le Parisien ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ လာမယ့် ၁၀ ရက်အတွင်းမှာ ပီအက်စ်ဂျီကို စွန့်ခွာနိုင်မလားဆိုတာကို သိရဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပြီး အရှေ့အလယ်ပိုင်းကို ခွင့်ပြုချက်မရဘဲ ခရီးထွက်ခဲ့ပြီးနောက် ၂ ပတ် ဘောလုံးကစားခွင့် ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။

မက်ဆီဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ ပဲရစ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီးသားဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့် စောစောစီးစီးပဲ အသင်းကို စွန့်ခွာဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီဥက္ကဌ နက်ဆာ အယ်လ် ခါလေဖီက မက်ဆီအနေနဲ့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိမ့်မယ်လို့ ယုံကြည်ချက်ရှိကြောင်း ပြီးခဲ့တဲ့နှစ်တုန်းက ပြောကြားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံနဲ့ ဆက်လက် လက်တွဲလိုခြင်းမရှိတော့ပုံပေါ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယွန်နယ် မက်ဆီဟာ လာမယ့် ၁၀ ရက်အတွင်း ပီအက်စ်ဂျီနဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။





REF: INTERNET SOURCES
SPORTS A2Z.