Ligue1 Premier League

မန်ယူနိုက်တက်ကို ပြောင်းရွှေ့မလားဆိုတာကို အဖြေပေးခဲ့တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ မန်ချက်စတာယူနိုက်တက်ကို ရှိတ်ခ် ဂျက်ဆင်းသာ ပိုင်ဆိုင်သွားခဲ့ရင် ပထမဆုံးခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ၎င်းရဲ့ နွေရာသီအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကာတာဘဏ်ဥက္ကဌဟာ မန်ချက်စတာယူနိုက်တက်ကို ၁၀၀ ရာခိုင်နှုန်း ဝယ်ယူဖို့ ပေါင် ၅ ဘီလီယံ ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့်လည်း INEOS ဥက္ကဌ ဆာဂျင်မ် ရက်ကလစ်ဖ်ဆီကနေ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ရက်ကလစ်ဖ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရှိတ်ခ် ဂျက်ဆင်းထက် ပိုမိုများပြားတဲ့ ပမာဏနဲ့ ကမ်းလှမ်းထားတာဖြစ်ပြီး ကာတာဘဏ်လုပ်ငန်းရှင်သာ ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းကို အောင်အောင်မြင်မြင်နဲ့ လက်လွှဲယူနိုင်မယ်ဆိုရင် မယုံနိုင်စရာကောင်းတဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ်ကို အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

BILD သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ပြောကြားချက်အရ ရှိတ်ခ် ဂျက်ဆင်းဟာ ပီအက်စ်ဂျီအသင်းကနေ ခီလီယန် အမ်ဘာပေကို ခေါ်ယူချင်နေပြီး ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ကင်းစလေ ကိုမန်းနဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ကမာဗင်ဂါတို့ကိုလည်း ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမ်ဘာပေဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာ ငြင်းလို့မရသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ လီဂူးဝမ်းကလပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားပေမယ့်လည်း ပြင်သစ်ကနေ ထွက်ခွာဖို့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးက ယခုနွေရာသီမှာ လီဂူးဝမ်း ထိပ်သီးအသင်းကြီးကို စွန့်ခွာဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီမှာကစားရတာကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်က ပဲရစ်ကဖြစ်ပြီး ပီအက်စ်ဂျီမှာ ရှိနေရတာက ထူးခြားပါတယ်။ ကျွန်တော် အရမ်းငယ်ရွယ်တဲ့အချိန်မှာ ရောက်လာခဲ့ပြီး ကျွန်တော် ကွင်းတွင်းရော ကွင်းပြင်ပမှာပါ အရွယ်ရောက်ပြီး ရင့်ကျက်လာခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ဘာဖြစ်မလဲဆိုတဲ့အပေါ်မှာ မူတည်ခဲ့တာလားဆိုရင် ကျွန်တော် ဘယ်သူ့ကိုမှ မလေးမစားလုပ်တာမဟုတ်ပါဘူး။ ကျွန်တော် အဲဒီလိုသာဆိုရင် အသင်းကို စွန့်ခွာပြီးတာ ကြာပါပြီ။ ကျွန်တော် ဒီမှာ ရှိနေပြီး အရမ်းပျော်ရွှင်နေပါတယ်။ အခုအချိန်မှာ ကျွန်တော် ပီအက်စ်ဂျီကို ပျော်ရွှင်အောင်လုပ်ပေးဖို့ထက် တခြားဘာမှ တွေးမနေပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေရဲ့ စာချုပ်ဟာ ကစားသမားက တစ်နှစ်သက်တမ်းတိုးခွင့်ရှိတဲ့ ၂ နှစ်စာချုပ်ဖြစ်တာကြောင့် လာမယ့်ဇူလိုင်လမှာ နောက်ဆုံး ၁၂ လအတွင်းကို ဝင်ရောက်တော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့က ပီအက်စ်ဂျီကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားနိုင်တယ်လို့ ယူဆရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ မန္ခ်က္စတာယူႏိုက္တက္ကို ရွိတ္ခ္ ဂ်က္ဆင္းသာ ပိုင္ဆိုင္သြားခဲ့ရင္ ပထမဆုံးေခၚယူမႈျဖစ္လာႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ ၎ရဲ႕ ေႏြရာသီအစီအစဥ္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ကာတာဘဏ္ဥကၠဌဟာ မန္ခ်က္စတာယူႏိုက္တက္ကို ၁၀၀ ရာခိုင္ႏႈန္း ဝယ္ယူဖို႔ ေပါင္ ၅ ဘီလီယံ ကမ္းလွမ္းမႈ ျပဳလုပ္ထားေပမယ့္လည္း INEOS ဥကၠဌ ဆာဂ်င္မ္ ရက္ကလစ္ဖ္ဆီကေန ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ရက္ကလစ္ဖ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ရွိတ္ခ္ ဂ်က္ဆင္းထက္ ပိုမိုမ်ားျပားတဲ့ ပမာဏနဲ႔ ကမ္းလွမ္းထားတာျဖစ္ၿပီး ကာတာဘဏ္လုပ္ငန္းရွင္သာ ပရီးမီးယားလိဂ္ထိပ္တန္းကလပ္အသင္းကို ေအာင္ေအာင္ျမင္ျမင္နဲ႔ လက္လႊဲယူႏိုင္မယ္ဆိုရင္ မယုံႏိုင္စရာေကာင္းတဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕အစီအစဥ္ကို အေကာင္အထည္ေဖာ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

BILD သတင္းေထာက္ ခရစ္ရွန္ ေဖာ့ခ္ရဲ႕ ေျပာၾကားခ်က္အရ ရွိတ္ခ္ ဂ်က္ဆင္းဟာ ပီအက္စ္ဂ်ီအသင္းကေန ခီလီယန္ အမ္ဘာေပကို ေခၚယူခ်င္ေနၿပီး ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ ကင္းစေလ ကိုမန္းနဲ႔ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ ကမာဗင္ဂါတို႔ကိုလည္း ေခၚယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အမ္ဘာေပဟာ ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးဆိုတာ ျငင္းလို႔မရသူျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ကမွ လီဂူးဝမ္းကလပ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားေပမယ့္လည္း ျပင္သစ္ကေန ထြက္ခြာဖို႔ သတင္းေတြ မၾကာခဏ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးက ယခုေႏြရာသီမွာ လီဂူးဝမ္း ထိပ္သီးအသင္းႀကီးကို စြန႔္ခြာဖို႔ ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာၾကားထားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီမွာကစားရတာကို ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ္က ပဲရစ္ကျဖစ္ၿပီး ပီအက္စ္ဂ်ီမွာ ရွိေနရတာက ထူးျခားပါတယ္။ ကြၽန္ေတာ္ အရမ္းငယ္႐ြယ္တဲ့အခ်ိန္မွာ ေရာက္လာခဲ့ၿပီး ကြၽန္ေတာ္ ကြင္းတြင္းေရာ ကြင္းျပင္ပမွာပါ အ႐ြယ္ေရာက္ၿပီး ရင့္က်က္လာခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာ ဘာျဖစ္မလဲဆိုတဲ့အေပၚမွာ မူတည္ခဲ့တာလားဆိုရင္ ကြၽန္ေတာ္ ဘယ္သူ႔ကိုမွ မေလးမစားလုပ္တာမဟုတ္ပါဘူး။ ကြၽန္ေတာ္ အဲဒီလိုသာဆိုရင္ အသင္းကို စြန႔္ခြာၿပီးတာ ၾကာပါၿပီ။ ကြၽန္ေတာ္ ဒီမွာ ရွိေနၿပီး အရမ္းေပ်ာ္႐ႊင္ေနပါတယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္ ပီအက္စ္ဂ်ီကို ေပ်ာ္႐ႊင္ေအာင္လုပ္ေပးဖို႔ထက္ တျခားဘာမွ ေတြးမေနပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ္ဘာေပရဲ႕ စာခ်ဳပ္ဟာ ကစားသမားက တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိတဲ့ ၂ ႏွစ္စာခ်ဳပ္ျဖစ္တာေၾကာင့္ လာမယ့္ဇူလိုင္လမွာ ေနာက္ဆုံး ၁၂ လအတြင္းကို ဝင္ေရာက္ေတာ့မွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔က ပီအက္စ္ဂ်ီၾကယ္ပြင့္ကို ေခၚယူဖို႔ ႀကိဳးပမ္းသြားႏိုင္တယ္လို႔ ယူဆရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.