Ligue1

နေမာအိမ်ရှေ့ထိသွားပြီး မောင်းထုတ်ခဲ့တဲ့ ပရိသတ်တွေကို တုံ့ပြန်ခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးလ်ကြယ်ပွင့် နေမာရဲ့အိမ်ရှေ့မှာ စုဝေးပြီး အသင်းကနေ ထွက်သွားဖို့ ကြွေးကြော်ခဲ့တဲ့ ပရိသတ်တွေရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

လီဂူးဝမ်းကလပ်အသင်းအတွက်တော့ ရှုပ်ထွေးတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပြီး လီယွန်နယ် မက်ဆီက ခွင့်ပြုချက်မရဘဲ ဆော်ဒီ အာရေဗျကို ခရီးထွက်ခဲ့ပြီးနောက် ၂ ပတ် ဘောလုံးကစားခွင့်ပိတ်ခံခဲ့ရပြီး ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့မှာ လိုရွန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဆုဖလားမျှော်လင့်ချက် ချိုးဖျက်ခံခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဗုဒ္ဓဟူးနေ့က အသင်းဌာနချုပ် အပြင်ဘက်မှာ ဘုတ်အဖွဲ့ကို နုတ်ထွက်ဖို့ ကြွေးကြော်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ရိုက်ကူးခဲ့ပြီး နောက်ထပ် ဗီဒီယိုဖိုင်ထဲမှာ ပီအက်စ်ဂျီပရိသတ်အုပ်စုဟာ နေမာရဲ့ အိမ်ရှေ့ကို သွားရောက်ပြီးနောက် အသင်းကနေ ထွက်ဖို့ တောင်းဆိုခဲ့ကြတာကို ပြသခဲ့တာဖြစ်ပါတယ်။

စိတ်မကျေမနပ်ဖြစ်နေတဲ့ ပရိသတ်တွေဟာ နေမာ ထွက်သွားလို့ ကြွေးကြော်ခဲ့တာဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးက ၎င်းရဲ့ အိမ်ရှေ့မှာ ပရိသတ်တွေ ရောက်ရှိနေခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေက နေမာရဲ့ အိမ်ရှေ့မှာ အားရအောင် သောင်းကျန်ပြီး ပြန်သွားခဲ့ကြပြီးနောက် ဘရာဇီးလ်တိုက်စစ်မှူးက တွစ်တာလူမှုကွန်ရက်ပေါ်မှာ “သူတို့တွေ ကျွန်တော့် ခြံတခါးရှေ့ကနေ ထွက်သွားကြပြီ”ဆိုတဲ့ စာသားနဲ့အတူ ငိုကြွေးနေတဲ့ အီမိုဂျီပုံနဲ့ တင်ခဲ့တာဖြစ်ပါတယ်။

“ပီအက်စ်ဂျီအသင်းအနေနဲ့ ဗုဒ္ဓဟူးနေ့က သေးငယ်တဲ့အစုအဖွဲ့ရဲ့ တစ်ဦးချင်းဆီကနေ နှောင့်ယှက်စော်ကားပြီး သည်းခံနိုင်စရာမရှိတဲ့လုပ်ရပ်ကို အပြင်းအထန် ပြစ်တင်ရှုတ်ချပါတယ်။ အမြင်မတူကွဲပြားမှုတွေ ဘယ်လိုပဲရှိသည်ဖြစ်စေ ဒီလို လုပ်ရပ်တွေက တရားမျှတမှုမရှိပါဘူး။ အသင်းအနေနဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ဒီလို အရှက်ရစရာ အပြုအမူနဲ့ ပစ်မှတ်ထားခံရတဲ့သူအားလုံးကို အပြည့်အဝ အားပေးထောက်ခံမှု ပေးသွားပါမယ်”လို့ ပီအက်စ်ဂျီအသင်းက ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းဟာ ဘရာဇီးလ္ၾကယ္ပြင့္ ေနမာရဲ႕အိမ္ေရွ႕မွာ စုေဝးၿပီး အသင္းကေန ထြက္သြားဖို႔ ေႂကြးေၾကာ္ခဲ့တဲ့ ပရိသတ္ေတြရဲ႕ လုပ္ရပ္ကို ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။

လီဂူးဝမ္းကလပ္အသင္းအတြက္ေတာ့ ရႈပ္ေထြးတဲ့ ရက္သတၱပတ္ျဖစ္ခဲ့ၿပီး လီယြန္နယ္ မက္ဆီက ခြင့္ျပဳခ်က္မရဘဲ ေဆာ္ဒီ အာေရဗ်ကို ခရီးထြက္ခဲ့ၿပီးေနာက္ ၂ ပတ္ ေဘာလုံးကစားခြင့္ပိတ္ခံခဲ့ရၿပီး ပီအက္စ္ဂ်ီအသင္းဟာ တနဂၤေႏြေန႔မွာ လို႐ြန္ကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ဆုဖလားေမွ်ာ္လင့္ခ်က္ ခ်ိဳးဖ်က္ခံခဲ့ရတာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ဗုဒၶဟူးေန႔က အသင္းဌာနခ်ဳပ္ အျပင္ဘက္မွာ ဘုတ္အဖြဲ႕ကို ႏုတ္ထြက္ဖို႔ ေႂကြးေၾကာ္ခဲ့တဲ့ ဗီဒီယိုဖိုင္ကို ႐ိုက္ကူးခဲ့ၿပီး ေနာက္ထပ္ ဗီဒီယိုဖိုင္ထဲမွာ ပီအက္စ္ဂ်ီပရိသတ္အုပ္စုဟာ ေနမာရဲ႕ အိမ္ေရွ႕ကို သြားေရာက္ၿပီးေနာက္ အသင္းကေန ထြက္ဖို႔ ေတာင္းဆိုခဲ့ၾကတာကို ျပသခဲ့တာျဖစ္ပါတယ္။

စိတ္မေက်မနပ္ျဖစ္ေနတဲ့ ပရိသတ္ေတြဟာ ေနမာ ထြက္သြားလို႔ ေႂကြးေၾကာ္ခဲ့တာျဖစ္ၿပီး အသက္ ၃၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ၎ရဲ႕ အိမ္ေရွ႕မွာ ပရိသတ္ေတြ ေရာက္ရွိေနခဲ့တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ပရိသတ္ေတြက ေနမာရဲ႕ အိမ္ေရွ႕မွာ အားရေအာင္ ေသာင္းက်န္ၿပီး ျပန္သြားခဲ့ၾကၿပီးေနာက္ ဘရာဇီးလ္တိုက္စစ္မႉးက တြစ္တာလူမႈကြန္ရက္ေပၚမွာ “သူတို႔ေတြ ကြၽန္ေတာ့္ ၿခံတခါးေရွ႕ကေန ထြက္သြားၾကၿပီ”ဆိုတဲ့ စာသားနဲ႔အတူ ငိုေႂကြးေနတဲ့ အီမိုဂ်ီပုံနဲ႔ တင္ခဲ့တာျဖစ္ပါတယ္။

“ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဗုဒၶဟူးေန႔က ေသးငယ္တဲ့အစုအဖြဲ႕ရဲ႕ တစ္ဦးခ်င္းဆီကေန ေႏွာင့္ယွက္ေစာ္ကားၿပီး သည္းခံႏိုင္စရာမရွိတဲ့လုပ္ရပ္ကို အျပင္းအထန္ ျပစ္တင္ရႈတ္ခ်ပါတယ္။ အျမင္မတူကြဲျပားမႈေတြ ဘယ္လိုပဲရွိသည္ျဖစ္ေစ ဒီလို လုပ္ရပ္ေတြက တရားမွ်တမႈမရွိပါဘူး။ အသင္းအေနနဲ႔ ကစားသမားေတြ၊ ဝန္ထမ္းေတြနဲ႔ ဒီလို အရွက္ရစရာ အျပဳအမူနဲ႔ ပစ္မွတ္ထားခံရတဲ့သူအားလုံးကို အျပည့္အဝ အားေပးေထာက္ခံမႈ ေပးသြားပါမယ္”လို႔ ပီအက္စ္ဂ်ီအသင္းက ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.