Premier League

ပင်နယ်တီအတွက် ပြစ်တင်မှုတွေကို လက်ခံပေမယ့်အသင်းဖော်တွေကို လက်ညှိုးထိုးခဲ့တဲ့ ရှော

လုခ် ရှောက ကြာသပတေးနေ့ညက အေးမက်စ်ကွင်းမှာ ဘရိုက်တန်ကို ၉၉ မိနစ်မှာ နောက်ကျအနိုင်ဂိုး ပေးပြီး ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်းမှာ မိုက်မဲတဲ့ အမှားကို ကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့်လည်း အခွင့်အရေးအများအပြားကို ဖြုန်းတီးခဲ့တယ်လို့ ခံစားခဲ့ရတဲ့အသင်းဖော်တွေကို လက်ညှိုးထိုးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုခ် ရှောက နာကျင်အချိန်ပိုမှာ ဘရိုက်တန်အသင်းကို ပင်နယ်တီ ပေးခဲ့တာဖြစ်ပြီး အလက်ဆစ် မက်ကယ်လစ္စတာက ပင်နယ်တီကနေ ဒေးဗစ် ဒဟေးယားကို အလဲထိုးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ တောင်ဘက်ကမ်းရိုးတန်းက ထူးခြားတဲ့ အဆုံးသတ်ဖြစ်စေခဲ့တဲ့ နောက်အကျဆုံး အနိုင်ဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လုခ် ရှောဟာ ပွဲအပြီးမှာ ၎င်းရဲ့ ကြီးမားတဲ့အမှားနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့ပြီး ဘရိုက်တန်အသင်း နောက်ကျ ထောင့်ကန်ဘောရရှိခဲ့တာကို ညည်းတွားပြီး ၎င်းကို တံတောင်နဲ့ တွတ်ခဲ့တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

လုခ် ရှောက တိုက်စစ်က အသင်းဖော်တွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်က ဂိုးကန်သွင်းမှု ၅ ကြိမ်မှာ တစ်ကြိမ်မှ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် တိုက်စစ်မှာ အဆုံးသတ်ပိုမို သေချာအောင်လုပ်ကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ပြဿနာကို ကျွန်တော် သိတယ်။ ကျွန်တော်တို့ ပြဿနာကို သိတယ်။ ပြဿနာက ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့တာပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ ကြီးမားတဲ့အခွင့်အရေး ၃ ကြိမ်၊ ၄ ကြိမ်အထိ ရရှိခဲ့ပြီး ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့သင့်တယ်။ အဲဒါက ဒီရာသီမှာ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အခု နောက်ထပ်တစ်ကြိမ်ဖြစ်ခဲ့ပြီး အဆုံးမှာတော့ ကျွန်တော့်ရဲ့ အမှားနဲ့ပဲ သက်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ဆိုရင် ကျွန်တော်တို့ ဒီလိုသွင်းဂိုးတွေကို သွင်းယူနိုင်ရမှာပါ”

“ကျွန်တော်တို့သာ စောစောစီးစီး ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ ဂိုးသွင်းယူနိုင်ခဲ့ရင် ပွဲက လုံးဝကို ကွဲပြားခြားနားခဲ့မှာပါ။ လုံလောက်တဲ့ အဆုံးသတ်ကောင်းမွန်မှုမရှိခဲ့တာပါ။ အဲဒါကို ဘယ်လို ပြောရမလဲ ကျွန်တော် တကယ်မသိပါဘူး။ အဆုံးမှာ ကျွန်တော်တို့ ရမှတ် ဆုံးရှုံးခဲ့တာက စိတ်ပျက်စရာကောင်းခဲ့ပေမယ့် ခင်ဗျား ပထမပိုင်းကို ကြည့်ရင် ကျွန်တော်တို့ ၃-၀ နဲ့ ဦးဆောင်နေခဲ့ရမှာပါ။ လက်ထိဘောပေးခဲ့ရတာက အများကြီး နာကျင်ခဲ့ရတယ်။ နောက်ဆုံးမိနစ်မှာပေးခဲ့ရတယ်။ နောက်ဆုံး လုပ်ဆောင်မှုမှာပါ”

“ကျွန်တော် နည်းနည်း တံတောင်နဲ့ တွတ်ခံခဲ့ရတယ်လို့ ထင်ပေမယ့် လက်က အဲဒီမှာ ရှိမနေခဲ့သင့်ပါဘူး။ အဲဒီအမှားအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်။ အဲဒါက ကျွန်တော်တို့အတွက် ရှုံးပွဲတွေ့စေခဲ့တယ်။ အဲဒါက ခက်ခဲပါတယ် ။ကျွန်တော့်လက်က အဲဒီကို ဘာလို့ရောက်နေလဲဆိုတာကို ရှင်းတောင် မရှင်းပြနိုင်ပါဘူး။ ကျွန်တော် နည်းနည်း တံတောင်နဲ့ တွတ်ခံခဲ့ရတယ်လို့ ပြောခဲ့တယ်။ အဲဒါက ကျွန်တော့်လက် အပေါ်ရောက်သွားအောင် အကူအညီဖြစ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် အဲဒီမှာ ကျွန်တော်လက်က ရှိမနေခဲ့သင့်ပါဘူး”

“ထောင့်ကန်ဘောမတိုင်ခင်ကတောင် ပေးခဲ့ရတဲ့ အလွတ်တည်ကန်ဘောက ပြစ်ဒဏ်ကျူးလွန်မှု မဟုတ်ခဲ့ပါဘူး။ ကျွန်တော် လုပ်ခဲ့တာတွေအတွက် ဆင်ခြေရှာနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ထောင့်ကန်ဘော ပေးခဲ့ရစေတဲ့ ပြစ်ဒဏ်ကျူးလွန်မှုမျိုး ရှိခဲ့စရာ အကြောင်းမရှိပါဘူး။ အဲဒီ ထောင့်ကန်ဘောက ဘယ်တုန်းကမှ မရခဲ့သင့်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒါကို ပြောင်းလဲလို့ မရပါဘူး။ ကျွန်တော် ဒိုင်လူကြီးကို ဘာမှ စွပ်စွဲနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဲဒါက ပြစ်ဒဏ်ဘောမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် လက်မြှောက်ခဲ့တယ်။ ရူးမိုက်တဲ့ အမှားက ကျွန်တော်တို့ကို ရမှတ် ဆုံးရှုံးစေခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လုခ္ ေရွာက ၾကာသပေတးေန႔ညက ေအးမက္စ္ကြင္းမွာ ဘ႐ိုက္တန္ကို ၉၉ မိနစ္မွာ ေနာက္က်အႏိုင္ဂိုး ေပးၿပီး ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္းမွာ မိုက္မဲတဲ့ အမွားကို က်ဴးလြန္ခဲ့တယ္လို႔ ဝန္ခံခဲ့ေပမယ့္လည္း အခြင့္အေရးအမ်ားအျပားကို ျဖဳန္းတီးခဲ့တယ္လို႔ ခံစားခဲ့ရတဲ့အသင္းေဖာ္ေတြကို လက္ညႇိဳးထိုးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ လုခ္ ေရွာက နာက်င္အခ်ိန္ပိုမွာ ဘ႐ိုက္တန္အသင္းကို ပင္နယ္တီ ေပးခဲ့တာျဖစ္ၿပီး အလက္ဆစ္ မက္ကယ္လစၥတာက ပင္နယ္တီကေန ေဒးဗစ္ ဒေဟးယားကို အလဲထိုးသြားခဲ့တာ ျဖစ္ပါတယ္။ ဒီသြင္းဂိုးဟာ ပရီးမီးယားလိဂ္သမိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေတာင္ဘက္ကမ္း႐ိုးတန္းက ထူးျခားတဲ့ အဆုံးသတ္ျဖစ္ေစခဲ့တဲ့ ေနာက္အက်ဆုံး အႏိုင္ဂိုးအျဖစ္မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လုခ္ ေရွာဟာ ပြဲအၿပီးမွာ ၎ရဲ႕ ႀကီးမားတဲ့အမွားနဲ႔ပတ္သက္ၿပီး ဖြင့္ဟခဲ့ၿပီး ဘ႐ိုက္တန္အသင္း ေနာက္က် ေထာင့္ကန္ေဘာရရွိခဲ့တာကို ညည္းတြားၿပီး ၎ကို တံေတာင္နဲ႔ တြတ္ခဲ့တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

လုခ္ ေရွာက တိုက္စစ္က အသင္းေဖာ္ေတြကိုလည္း ျပစ္တင္ေဝဖန္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္က ဂိုးကန္သြင္းမႈ ၅ ႀကိမ္မွာ တစ္ႀကိမ္မွ ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့တာေၾကာင့္ တိုက္စစ္မွာ အဆုံးသတ္ပိုမို ေသခ်ာေအာင္လုပ္ၾကဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ျပႆနာကို ကြၽန္ေတာ္ သိတယ္။ ကြၽန္ေတာ္တို႔ ျပႆနာကို သိတယ္။ ျပႆနာက ကြၽန္ေတာ္တို႔ ဂိုးမသြင္းႏိုင္ခဲ့တာပါ။ ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ ႀကီးမားတဲ့အခြင့္အေရး ၃ ႀကိမ္၊ ၄ ႀကိမ္အထိ ရရွိခဲ့ၿပီး ကြၽန္ေတာ္တို႔ ဂိုးသြင္းႏိုင္ခဲ့သင့္တယ္။ အဲဒါက ဒီရာသီမွာ အႀကိမ္ေပါင္းမ်ားစြာ ျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ အခု ေနာက္ထပ္တစ္ႀကိမ္ျဖစ္ခဲ့ၿပီး အဆုံးမွာေတာ့ ကြၽန္ေတာ့္ရဲ႕ အမွားနဲ႔ပဲ သက္ဆိုင္ခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ရခဲ့တဲ့ အခြင့္အေရးေတြနဲ႔ဆိုရင္ ကြၽန္ေတာ္တို႔ ဒီလိုသြင္းဂိုးေတြကို သြင္းယူႏိုင္ရမွာပါ”

“ကြၽန္ေတာ္တို႔သာ ေစာေစာစီးစီး ရခဲ့တဲ့ အခြင့္အေရးေတြနဲ႔ ဂိုးသြင္းယူႏိုင္ခဲ့ရင္ ပြဲက လုံးဝကို ကြဲျပားျခားနားခဲ့မွာပါ။ လုံေလာက္တဲ့ အဆုံးသတ္ေကာင္းမြန္မႈမရွိခဲ့တာပါ။ အဲဒါကို ဘယ္လို ေျပာရမလဲ ကြၽန္ေတာ္ တကယ္မသိပါဘူး။ အဆုံးမွာ ကြၽန္ေတာ္တို႔ ရမွတ္ ဆုံးရႈံးခဲ့တာက စိတ္ပ်က္စရာေကာင္းခဲ့ေပမယ့္ ခင္ဗ်ား ပထမပိုင္းကို ၾကည့္ရင္ ကြၽန္ေတာ္တို႔ ၃-၀ နဲ႔ ဦးေဆာင္ေနခဲ့ရမွာပါ။ လက္ထိေဘာေပးခဲ့ရတာက အမ်ားႀကီး နာက်င္ခဲ့ရတယ္။ ေနာက္ဆုံးမိနစ္မွာေပးခဲ့ရတယ္။ ေနာက္ဆုံး လုပ္ေဆာင္မႈမွာပါ”

“ကြၽန္ေတာ္ နည္းနည္း တံေတာင္နဲ႔ တြတ္ခံခဲ့ရတယ္လို႔ ထင္ေပမယ့္ လက္က အဲဒီမွာ ရွိမေနခဲ့သင့္ပါဘူး။ အဲဒီအမွားအတြက္ ကြၽန္ေတာ့္မွာ တာဝန္ရွိတယ္။ အဲဒါက ကြၽန္ေတာ္တို႔အတြက္ ရႈံးပြဲေတြ႕ေစခဲ့တယ္။ အဲဒါက ခက္ခဲပါတယ္ ။ကြၽန္ေတာ့္လက္က အဲဒီကို ဘာလို႔ေရာက္ေနလဲဆိုတာကို ရွင္းေတာင္ မရွင္းျပႏိုင္ပါဘူး။ ကြၽန္ေတာ္ နည္းနည္း တံေတာင္နဲ႔ တြတ္ခံခဲ့ရတယ္လို႔ ေျပာခဲ့တယ္။ အဲဒါက ကြၽန္ေတာ့္လက္ အေပၚေရာက္သြားေအာင္ အကူအညီျဖစ္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။ဒါေပမယ့္ အဲဒီမွာ ကြၽန္ေတာ္လက္က ရွိမေနခဲ့သင့္ပါဘူး”

“ေထာင့္ကန္ေဘာမတိုင္ခင္ကေတာင္ ေပးခဲ့ရတဲ့ အလြတ္တည္ကန္ေဘာက ျပစ္ဒဏ္က်ဴးလြန္မႈ မဟုတ္ခဲ့ပါဘူး။ ကြၽန္ေတာ္ လုပ္ခဲ့တာေတြအတြက္ ဆင္ေျခရွာေနတာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေထာင့္ကန္ေဘာ ေပးခဲ့ရေစတဲ့ ျပစ္ဒဏ္က်ဴးလြန္မႈမ်ိဳး ရွိခဲ့စရာ အေၾကာင္းမရွိပါဘူး။ အဲဒီ ေထာင့္ကန္ေဘာက ဘယ္တုန္းကမွ မရခဲ့သင့္တာျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အဲဒါကို ေျပာင္းလဲလို႔ မရပါဘူး။ ကြၽန္ေတာ္ ဒိုင္လူႀကီးကို ဘာမွ စြပ္စြဲေနတာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ အဲဒါက ျပစ္ဒဏ္ေဘာမဟုတ္ခဲ့ပါဘူး။ ဒါေပမယ့္ လက္ေျမႇာက္ခဲ့တယ္။ ႐ူးမိုက္တဲ့ အမွားက ကြၽန္ေတာ္တို႔ကို ရမွတ္ ဆုံးရႈံးေစခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.