Premier League

လိဒ်စ်နည်းပြက လက်ရှိထိပ်တန်းနည်းပြတွေထက် ကောင်းတယ်လို့ သဘောတူခဲ့တဲ့ ဂွါဒီယိုလာ

ဆမ် အလာဒိုက်စ်က ဘောလုံးပညာပိုင်းမှာ ၎င်းထက် သာတဲ့နည်းပြမရှိဘူးလို့ ပြောကြားခဲ့ပြီး ဂွါဒီယိုလာက မှန်ကန်ကြောင်း ထောက်ခံခဲ့သလို နောက်ထပ် ဝါရင့်နည်းပြဖြစ်တဲ့ နေးလ် ဝါးနော့ခ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

ဘစ်ဆမ်ဟာ လိဒ်စ်ယူနိုက်တက်ကို ကိုင်တွယ်ဖို့အတွက် ပရီးမီးယားလိဂ်ကို အံ့အားသင့်ဖွယ် ပြန်လာခဲ့တာဖြစ်ပြီး ရော့ခ်ရှိုင်းယားကလပ်အသင်းကို တန်းမဆင်းရအောင် ကယ်တင်ဖို့ ၄ ပွဲသာ အချိန်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၆၈ နှစ်အရွယ်နည်းပြက လိဒ်စ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်အောင် လုပ်နိုင်စွမ်းရှိတယ်လို့ ကျိန်းသေပေါက်ယုံကြည်ချက်ရှိနေပြီး ပရီးမီးယားလိဂ်က နာမည်အကြီးဆုံးနည်းပြတွေတောင်မှ ၎င်းထက် ပိုမိုကောင်းမွန်တဲ့နည်းပြတွေမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“လူတွေ တော်တော်များများက ကျွန်တော်က အသက်ကြီးပြီး ဒိတ်အောက်နေပြီလို့ ထင်နေကြတယ်။ အဲဒါက မမှန်ပါဘူး။ ကျွန်တော်က အသက် ၆၈ နှစ်ဖြစ်ကောင်း ဖြစ်နိုင်ပြီး အိုမင်းနေပုံပေါ်ပေမယ့် ဘောလုံးပညာပိုင်းမှာ ဘယ်သူကမှ ကျွန်တော့်ထက် ပိုသာတဲ့သူမရှိပါဘူး။ ပက်လည်း မသာဘူး။ ကလော့ပ်လည်း မသာဘူး။ အာတီတာလည်း မသာဘူး။ အဲဒီတော့ ကျွန်တော်နဲ့ အားလုံးက အတူတူလောက်ပဲ”

“သူတို့လုပ်နေတာတွေကို ကျွန်တော် မျှဝေပေးခဲ့တယ်။ ကျွန်တော် လုပ်ရမယ့်ဟာကို လုပ်တယ်။ ဒါပေမယ့် အသိပညာနဲ့ ဗဟုသုတပိုင်းမှာ ကျွန်တော်က သူတို့အားလုံးထက် သာတယ်။ ကျွန်တော်က သူတို့ထက်ပိုကောင်းတယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကောင်းသလောက်တော့ ကျွန်တော်လည်း ကောင်းတာ ကျိန်းသေတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက ဆမ် အလာဒိုက်စ်ရဲ့ ပထမဆုံး ပြိုင်ဘက်ဖြစ်လာမှာဖြစ်ပြီး လိဒ်စ်ယူနိုက်တက်နည်းပြဟာ စနေနေ့မှာ မန်ချက်စတာစီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့်လည်း စပိန်လူမျိုးနည်းပြက အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်းကို ထောက်ခံခဲ့တာဖြစ်ပါတယ်။

“သူ ပြောတာအမှန်ပဲ။ ဟက်ဒါစ်ဖီးမှာ နေးလ် ဝါးနော့ခ် ဘာဖြစ်ခဲ့လဲဆိုတာကို ကြည့်လိုက်ပါ။ ဒီလူတွေက မယုံနိုင်စရာ နည်းပြတွေပါ။ နည်းဗျူဟာနဲ့ တခြားဘာတွေပဲဖြစ်ဖြစ် ငယ်ရွယ်တဲ့နည်းပြတွေလိုမျိုးပါပဲ။ ဒါပေမယ့် သူတို့တွေက တကယ်ကို တော်တယ်။ ကျွန်တော်တို့ အခုဖြစ်နေတဲ့သူတွေဖြစ်အောင် သူတို့တွေ ကူညီပေးခဲ့တာပါ။ သူတို့တွေမှာ မယုံနိုင်လောက်စရာ အတွေ့အကြုံတွေ ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆမ္ အလာဒိုက္စ္က ေဘာလုံးပညာပိုင္းမွာ ၎ထက္ သာတဲ့နည္းျပမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး ဂြါဒီယိုလာက မွန္ကန္ေၾကာင္း ေထာက္ခံခဲ့သလို ေနာက္ထပ္ ဝါရင့္နည္းျပျဖစ္တဲ့ ေနးလ္ ဝါးေနာ့ခ္ကိုလည္း ခ်ီးက်ဴးခဲ့ပါတယ္။

ဘစ္ဆမ္ဟာ လိဒ္စ္ယူႏိုက္တက္ကို ကိုင္တြယ္ဖို႔အတြက္ ပရီးမီးယားလိဂ္ကို အံ့အားသင့္ဖြယ္ ျပန္လာခဲ့တာျဖစ္ၿပီး ေရာ့ခ္ရႈိင္းယားကလပ္အသင္းကို တန္းမဆင္းရေအာင္ ကယ္တင္ဖို႔ ၄ ပြဲသာ အခ်ိန္ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အသက္ ၆၈ ႏွစ္အ႐ြယ္နည္းျပက လိဒ္စ္ယူႏိုက္တက္ကို ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္ေအာင္ လုပ္ႏိုင္စြမ္းရွိတယ္လို႔ က်ိန္းေသေပါက္ယုံၾကည္ခ်က္ရွိေနၿပီး ပရီးမီးယားလိဂ္က နာမည္အႀကီးဆုံးနည္းျပေတြေတာင္မွ ၎ထက္ ပိုမိုေကာင္းမြန္တဲ့နည္းျပေတြမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“လူေတြ ေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ္က အသက္ႀကီးၿပီး ဒိတ္ေအာက္ေနၿပီလို႔ ထင္ေနၾကတယ္။ အဲဒါက မမွန္ပါဘူး။ ကြၽန္ေတာ္က အသက္ ၆၈ ႏွစ္ျဖစ္ေကာင္း ျဖစ္ႏိုင္ၿပီး အိုမင္းေနပုံေပၚေပမယ့္ ေဘာလုံးပညာပိုင္းမွာ ဘယ္သူကမွ ကြၽန္ေတာ့္ထက္ ပိုသာတဲ့သူမရွိပါဘူး။ ပက္လည္း မသာဘူး။ ကေလာ့ပ္လည္း မသာဘူး။ အာတီတာလည္း မသာဘူး။ အဲဒီေတာ့ ကြၽန္ေတာ္နဲ႔ အားလုံးက အတူတူေလာက္ပဲ”

“သူတို႔လုပ္ေနတာေတြကို ကြၽန္ေတာ္ မွ်ေဝေပးခဲ့တယ္။ ကြၽန္ေတာ္ လုပ္ရမယ့္ဟာကို လုပ္တယ္။ ဒါေပမယ့္ အသိပညာနဲ႔ ဗဟုသုတပိုင္းမွာ ကြၽန္ေတာ္က သူတို႔အားလုံးထက္ သာတယ္။ ကြၽန္ေတာ္က သူတို႔ထက္ပိုေကာင္းတယ္လို႔ ေျပာေနတာမဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔ေကာင္းသေလာက္ေတာ့ ကြၽန္ေတာ္လည္း ေကာင္းတာ က်ိန္းေသတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက ဆမ္ အလာဒိုက္စ္ရဲ႕ ပထမဆုံး ၿပိဳင္ဘက္ျဖစ္လာမွာျဖစ္ၿပီး လိဒ္စ္ယူႏိုက္တက္နည္းျပဟာ စေနေန႔မွာ မန္ခ်က္စတာစီးတီးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ေပမယ့္လည္း စပိန္လူမ်ိဳးနည္းျပက အဂၤလန္လက္ေ႐ြးစင္နည္းျပေဟာင္းကို ေထာက္ခံခဲ့တာျဖစ္ပါတယ္။

“သူ ေျပာတာအမွန္ပဲ။ ဟက္ဒါစ္ဖီးမွာ ေနးလ္ ဝါးေနာ့ခ္ ဘာျဖစ္ခဲ့လဲဆိုတာကို ၾကည့္လိုက္ပါ။ ဒီလူေတြက မယုံႏိုင္စရာ နည္းျပေတြပါ။ နည္းဗ်ဴဟာနဲ႔ တျခားဘာေတြပဲျဖစ္ျဖစ္ ငယ္႐ြယ္တဲ့နည္းျပေတြလိုမ်ိဳးပါပဲ။ ဒါေပမယ့္ သူတို႔ေတြက တကယ္ကို ေတာ္တယ္။ ကြၽန္ေတာ္တို႔ အခုျဖစ္ေနတဲ့သူေတြျဖစ္ေအာင္ သူတို႔ေတြ ကူညီေပးခဲ့တာပါ။ သူတို႔ေတြမွာ မယုံႏိုင္ေလာက္စရာ အေတြ႕အႀကဳံေတြ ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.