Premier League

မန်စီးတီးကို ဆုဖလားပြိုင်ပွဲအတွက် သတိပေးလိုက်တဲ့ ဇင်ချန်ကို

အိုလက်ဇန်းဒါး ဇင်ချန်ကိုက အာဆင်နယ်ဟာ ဆုဖလားပြိုင်ပွဲအတွက် ၎င်းတို့ရဲ့ အင်အားကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီလို့ ယုံကြည်နေပြီး ရာသီကုန်အထိ တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ပဲလို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ ၄ ပွဲအထိ နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ထိန်းချုပ်ခွင့် ပြန်လည်ပေးအပ်ခဲ့ရပေမယ့်လည်း ဇင်ချန်ကိုက ချဲလ်ဆီးကို အနိုင်ရရှိခဲ့မှုက ဆုဖလားပြိုင်ပွဲအတွက် ယုံကြည်မှု ပြန်လည်ရရှိစေခဲ့ပြီး တစ်သင်းလုံးက အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်သေးတယ်လို့ ယုံကြည်နေကြောင်း ပြောကြားခဲ့ပါတယ်။

“ခင်ဗျား ယုံကြည်မှုမရှိဘူးဆိုရင် ကစားနေစရာ ဘာအကြောင်းမှမရှိတော့ဘူး။ အဲဒီတော့ ကျွန်တော် ယုံကြည်မှုရှိတယ်။ ကျွန်တော် ရောက်ရောက်ချင်းပဲ ဒီက လူအားလုံးရဲ့ အရည်အသွေးတွေက မယုံနိုင်စရာကောင်းတယ်လို့ ပြောခဲ့တယ်။ အင်အားလည်း အတူတူပါပဲ။ အဲဒီတော့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်သာ အလုပ်လုပ်ရင် ဒီဘဝမှာ အရာအားလုံးက ဖြစ်နိုင်တယ်လို့ ပြောခဲ့တယ်။ အဲဒါက ကျွန်တော်တို့ လုပ်ဖို့ ကြိုးစားနေတဲ့အရာပဲ”

“ကျွန်တော်တို့ ဒီရာသီမှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ကြတယ်။ ကျွန်တော်တို့ အရမ်းကောင်းကောင်း အလုပ်လုပ်ကြတယ်။ ကျွန်တော်တို့ အချိန်တော်တော်ကြာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိခဲ့ကြတယ်။ ပြီးတော့ ရုတ်တရက်ပဲ ဒီလိဂ်မှာ ဘာမဆို ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ ရမှတ်အချို့ လျော့ကျခဲ့တယ်။ ချဲလ်ဆီးပွဲမတိုင်ခင် အားလုံးစိတ်ပျက်ခဲ့ကြတယ်ဆိုတာ အမှန်ပဲ။ အခု ကျွန်တော်တို့ အနိုင် ၃ မှတ်ရခဲ့တယ်။ အင်အားက ပြန်ရနေပြီလို့ ကျွန်တော် မျှော်လင့်မိပြီး လာမယ့်ပွဲတွေမှာ ဘာဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ကစားဖို့ ခက်ခဲတဲ့ပွဲအချို့ ရှိနေလို့ပါ”

“ကျွန်တော်တို့ ကစားဖို့ ပွဲအနည်းငယ်ရှိနေပြီး အရာအားလုံးက ဒီလိဂ်မှာ ဖြစ်နိုင်ပါတယ်။ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ဘူး။ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်နေတယ်။ ဘာလို့လဲဆိုတော့ ဒီရာသီအတွင်းမှာ ကျွန်တော်တို့ အရမ်းပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ကြလို့ပါ။ ချဲလ်ဆီးနိုင်ပွဲက ကျွန်တော်တို့အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ပြန်လုပ်နိုင်ဖို့၊ အဝတ်လဲခန်းထဲက စိတ်ခံစားမှုအတွက်၊ ကျွန်တော်တို့ရဲ့ လိဂ်ရပ်တည်မှုအပိုင်းအတွက်ရော အရမ်းအရေးပါတယ်။ အဲဒီတော့ ဆက်ပြီး လုပ်ကြရအောင်။ ကျွန်တော်တို့ ပရိသတ်တွေက အရာအားလုံးနဲ့ ထိုက်တန်တယ်။ သူတို့တွေ ကျွန်တော်တို့ကို တွန်းအားပေးတဲ့ပုံစံက ကျွန်တော်တို့ ဆက်သွားဖို့၊ ဆက်ပြီး တိုက်ပွဲဝင်ဖို့၊ ကွင်းထဲမှာ အရာအားလုံး ပေးဖို့အတွက် စိတ်ဓာတ်ခွန်အား အပိုထပ်ဆောင်းပေးသလိုမျိုးပဲ။ ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ နယူးကာဆယ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အက်ဒီဟောင်းရဲ့အသင်းဟာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးဖို့ ကြိုးပမ်းနေတဲ့ အကောင်းဆုံးပုံစံကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက နယူးကာဆယ် အိမ်ကွင်း စိန့် ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးနိုင်ဖို့ မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိုလက္ဇန္းဒါး ဇင္ခ်န္ကိုက အာဆင္နယ္ဟာ ဆုဖလားၿပိဳင္ပြဲအတြက္ ၎တို႔ရဲ႕ အင္အားကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီလို႔ ယုံၾကည္ေနၿပီး ရာသီကုန္အထိ တိုက္ပြဲဝင္သြားဖို႔ အဆင္သင့္ပဲလို႔ ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာ ၄ ပြဲအထိ ႏိုင္ပြဲေပ်ာက္ဆုံးခဲ့တာေၾကာင့္ မန္ခ်က္စတာစီးတီးကို ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ထိန္းခ်ဳပ္ခြင့္ ျပန္လည္ေပးအပ္ခဲ့ရေပမယ့္လည္း ဇင္ခ်န္ကိုက ခ်ဲလ္ဆီးကို အႏိုင္ရရွိခဲ့မႈက ဆုဖလားၿပိဳင္ပြဲအတြက္ ယုံၾကည္မႈ ျပန္လည္ရရွိေစခဲ့ၿပီး တစ္သင္းလုံးက အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ေသးတယ္လို႔ ယုံၾကည္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ား ယုံၾကည္မႈမရွိဘူးဆိုရင္ ကစားေနစရာ ဘာအေၾကာင္းမွမရွိေတာ့ဘူး။ အဲဒီေတာ့ ကြၽန္ေတာ္ ယုံၾကည္မႈရွိတယ္။ ကြၽန္ေတာ္ ေရာက္ေရာက္ခ်င္းပဲ ဒီက လူအားလုံးရဲ႕ အရည္အေသြးေတြက မယုံႏိုင္စရာေကာင္းတယ္လို႔ ေျပာခဲ့တယ္။ အင္အားလည္း အတူတူပါပဲ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္သာ အလုပ္လုပ္ရင္ ဒီဘဝမွာ အရာအားလုံးက ျဖစ္ႏိုင္တယ္လို႔ ေျပာခဲ့တယ္။ အဲဒါက ကြၽန္ေတာ္တို႔ လုပ္ဖို႔ ႀကိဳးစားေနတဲ့အရာပဲ”

“ကြၽန္ေတာ္တို႔ ဒီရာသီမွာ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ၾကတယ္။ ကြၽန္ေတာ္တို႔ အရမ္းေကာင္းေကာင္း အလုပ္လုပ္ၾကတယ္။ ကြၽန္ေတာ္တို႔ အခ်ိန္ေတာ္ေတာ္ၾကာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရွိခဲ့ၾကတယ္။ ၿပီးေတာ့ ႐ုတ္တရက္ပဲ ဒီလိဂ္မွာ ဘာမဆို ျဖစ္သြားႏိုင္တယ္။ ကြၽန္ေတာ္တို႔ ရမွတ္အခ်ိဳ႕ ေလ်ာ့က်ခဲ့တယ္။ ခ်ဲလ္ဆီးပြဲမတိုင္ခင္ အားလုံးစိတ္ပ်က္ခဲ့ၾကတယ္ဆိုတာ အမွန္ပဲ။ အခု ကြၽန္ေတာ္တို႔ အႏိုင္ ၃ မွတ္ရခဲ့တယ္။ အင္အားက ျပန္ရေနၿပီလို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္မိၿပီး လာမယ့္ပြဲေတြမွာ ဘာျဖစ္လာမလဲဆိုတာ ၾကည့္ၾကတာေပါ့။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ ကစားဖို႔ ခက္ခဲတဲ့ပြဲအခ်ိဳ႕ ရွိေနလို႔ပါ”

“ကြၽန္ေတာ္တို႔ ကစားဖို႔ ပြဲအနည္းငယ္ရွိေနၿပီး အရာအားလုံးက ဒီလိဂ္မွာ ျဖစ္ႏိုင္ပါတယ္။ ခင္ဗ်ား ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ဘူး။ ကြၽန္ေတာ္တို႔ ဆက္ၿပီး တိုက္ပြဲဝင္ေနတယ္။ ဘာလို႔လဲဆိုေတာ့ ဒီရာသီအတြင္းမွာ ကြၽန္ေတာ္တို႔ အရမ္းျပင္းျပင္းထန္ထန္ အလုပ္လုပ္ခဲ့ၾကလို႔ပါ။ ခ်ဲလ္ဆီးႏိုင္ပြဲက ကြၽန္ေတာ္တို႔အတြက္ ပုံမွန္လုပ္႐ိုးလုပ္စဥ္အတိုင္း ျပန္လုပ္ႏိုင္ဖို႔၊ အဝတ္လဲခန္းထဲက စိတ္ခံစားမႈအတြက္၊ ကြၽန္ေတာ္တို႔ရဲ႕ လိဂ္ရပ္တည္မႈအပိုင္းအတြက္ေရာ အရမ္းအေရးပါတယ္။ အဲဒီေတာ့ ဆက္ၿပီး လုပ္ၾကရေအာင္။ ကြၽန္ေတာ္တို႔ ပရိသတ္ေတြက အရာအားလုံးနဲ႔ ထိုက္တန္တယ္။ သူတို႔ေတြ ကြၽန္ေတာ္တို႔ကို တြန္းအားေပးတဲ့ပုံစံက ကြၽန္ေတာ္တို႔ ဆက္သြားဖို႔၊ ဆက္ၿပီး တိုက္ပြဲဝင္ဖို႔၊ ကြင္းထဲမွာ အရာအားလုံး ေပးဖို႔အတြက္ စိတ္ဓာတ္ခြန္အား အပိုထပ္ေဆာင္းေပးသလိုမ်ိဳးပဲ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ လာမယ့္တနဂၤေႏြေန႔မွာ နယူးကာဆယ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အက္ဒီေဟာင္းရဲ႕အသင္းဟာ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးဖို႔ ႀကိဳးပမ္းေနတဲ့ အေကာင္းဆုံးပုံစံကို ပိုင္ဆိုင္ထားတဲ့အသင္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက နယူးကာဆယ္ အိမ္ကြင္း စိန႔္ ဂ်ိမ္းစ္ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့တာေၾကာင့္ ထိပ္ဆုံး ၄ ေနရာအတြင္းမွာ ရာသီၿပီးဆုံးႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ပ်က္ျပယ္သြားခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.