Premier League

မန်စီးတီးသာခေါ်ရင် တန်ဟက်ကို ငြင်းမယ့် ယူနိုက်တက်ပစ်မှတ်

မန်ချက်စတာယူနိုက်တက်ပစ်မှတ် ယူရီယန် တင်းဘားက မန်ချက်စတာယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို ပြောင်းရွှေ့ချင်တယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Sky Germany ရဲ့ ဖော်ပြချက်အရ အိုင်းယက်စ်အသင်းတာဝန်ရှိသူတွေဟာ တင်းဘားကို ထိန်းသိမ်းထားချင်နေပေမယ့်လည်း ကြယ်ပွင့် နောက်ခံကစားသမားဟာ အမ်စတာဒမ်ကို စွန့်ခွာဖွယ်ရှိတယ်လို့ ဝန်ခံထားတာဖြစ်ပါတယ်။

ဒတ်ချ်ထိပ်သီးအသင်းကြီးဟာ အသက် ၂၁ နှစ်အရွယ် ဗဟိုခံစစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးပေါင် ၄၄ သန်းသတ်မှတ်ထားတယ်လို့ သိရပြီး တင်းဘားဟာ ယခုအပတ်အစောပိုင်းတုန်းက လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့ပြုလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“အပြောင်းအရွှေ့က ပိုပိုပြီး နီးစပ်လာနေပါတယ်။ အဲဒီလိုပဲ ပြောရမှာပါ။ ခိုင်မာတဲ့ စိတ်ဝင်စားမှုအများအပြားရှိနေပြီး ကျွန်တော် အိုင်းယက်စ်နဲ့ သဘောတူညီမှု လုပ်ထားခဲ့ပါတယ်။ မနှစ်တုန်းက အိုင်းယက်စ်က ကျွန်တော်တို့ အနည်းဆုံးနောက်ထပ်တစ်ရာသီလောက် ဆက်နေပေးဖို့နဲ့ ကျွန်တော့်စာချုပ်ကို သက်တမ်းတိုးဖို့ တောင်းဆိုခဲ့တယ်။ ငယ်မွေးခြံပေါက်ကစားသမားတစ်ယောက်အဖြစ်နဲ့ အသင်းကို ချစ်တဲ့စိတ်နဲ့ အဲဒီအတိုင်း လုပ်ပေးခဲ့ပြီး ရာသီအပြီးမှာတော့ အခြေအနေကို ကျွန်တော် ပြန်လည်သုံးသပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

The Mirror ရဲ့ ဖော်ပြချက်အရ ကစားသမားအတွက် ခိုင်မာတဲ့ ကမ်းလှမ်းမှုမျိုး မရှိသေးပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က အိုင်းယက်စ်မှာတုန်းက တင်းဘားနဲ့အတူ အလုပ်လုပ်ခဲ့တာကြောင့် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

တန်ဟက်က ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ငြင်းပယ်ခဲ့တဲ့ တင်းဘားရဲ့ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးက နောက်ထပ်တစ်ကြိမ် ကြိုးပမ်းသွားဦးမှာဖြစ်တယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ တင်းဘားဟာ ဘာစီလိုနာနဲ့ မန်ချက်စတာစီးတီးတို့လိုအသင်းတွေဆီကနေ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး နယ်သာလန်နောက်ခံလူဟာ ဂွါဒီယိုလာရဲ့အသင်းကို ပြောင်းရွှေ့ဖို့ကို ငြင်းပယ်ဖို့ ခက်တယ်လို့တောင် ဝန်ခံ ပြောဆိုခဲ့တာက မန်ယူနိုက်တက်အတွက် ဒတ်ချ်နောက်ခံလူကို ခေါ်ယူရာမှာ အတားအဆီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

“ကျွန်တော် ဆုတံဆိပ်တွေအတွက် ကစားချင်ပါတယ်။ အဲဒါကြောင့် အခု ဘာစီလိုနာထက် မန်စီးတီးကို ကျွန်တော် ပြောနေတာပေါ့။ ဘာစီလိုနာက အခုအချိန်မှာ ကောင်းမွန်တဲ့အချိန်ကာလ နည်းပါးနေပါတယ်။ ကျွန်တော် ကစားသမားတစ်ယောက်အဖြစ်နဲ့ ကြီးထွားလာချင်ပြီး အိုင်းယက်စ်မှာ ပိုလို့တောင် ကောင်းမွန်လာအောင် ကျွန်တော့်အချိန်တွေကို အသုံးပြုနေပါတယ်”

“အိုင်းယက်စ်မှာ ခင်ဗျား ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ရရင်ကို ပျော်ရွှင်နေရမှာပါ။ အဲဒါကြောင့်ပဲ ဒီအချိန်တွေကို ကျွန်တော် ပျော်ရွှင်ခံစားချင်တာပါ။ ကျွန်တော် ဒီမှာ ဆုတံဆိပ်တွေအတွက် ကစားနေတယ်။ ဒီထက် ပိုကောင်းတဲ့နေရာမရှိတော့ဘူး။ အိုင်းယက်စ်က အမြဲတမ်း ကျွန်တော့်ရဲ့ အိပ်မက်ထဲက အသင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော် အိပ်ရင်တောင် အိုင်းယက်စ် စောင်ကို ခြုံပြီး အိပ်ပါတယ်။ ကျွန်တော် ဒီမှာ အချိန်ကြာကြာနေဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် မန်စီးတီးသာခေါ်ရင်တော့ ကျွန်တော် ဘာလုပ်သင့်သလဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ပစ္မွတ္ ယူရီယန္ တင္းဘားက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကို ေျပာင္းေ႐ႊ႕ခ်င္တယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

Sky Germany ရဲ႕ ေဖာ္ျပခ်က္အရ အိုင္းယက္စ္အသင္းတာဝန္ရွိသူေတြဟာ တင္းဘားကို ထိန္းသိမ္းထားခ်င္ေနေပမယ့္လည္း ၾကယ္ပြင့္ ေနာက္ခံကစားသမားဟာ အမ္စတာဒမ္ကို စြန႔္ခြာဖြယ္ရွိတယ္လို႔ ဝန္ခံထားတာျဖစ္ပါတယ္။

ဒတ္ခ်္ထိပ္သီးအသင္းႀကီးဟာ အသက္ ၂၁ ႏွစ္အ႐ြယ္ ဗဟိုခံစစ္ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၄၄ သန္းသတ္မွတ္ထားတယ္လို႔ သိရၿပီး တင္းဘားဟာ ယခုအပတ္အေစာပိုင္းတုန္းက လာမယ့္ေႏြရာသီမွာ အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔ ဆုံးျဖတ္ထားတယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“အေျပာင္းအေ႐ႊ႕က ပိုပိုၿပီး နီးစပ္လာေနပါတယ္။ အဲဒီလိုပဲ ေျပာရမွာပါ။ ခိုင္မာတဲ့ စိတ္ဝင္စားမႈအမ်ားအျပားရွိေနၿပီး ကြၽန္ေတာ္ အိုင္းယက္စ္နဲ႔ သေဘာတူညီမႈ လုပ္ထားခဲ့ပါတယ္။ မႏွစ္တုန္းက အိုင္းယက္စ္က ကြၽန္ေတာ္တို႔ အနည္းဆုံးေနာက္ထပ္တစ္ရာသီေလာက္ ဆက္ေနေပးဖို႔နဲ႔ ကြၽန္ေတာ့္စာခ်ဳပ္ကို သက္တမ္းတိုးဖို႔ ေတာင္းဆိုခဲ့တယ္။ ငယ္ေမြးၿခံေပါက္ကစားသမားတစ္ေယာက္အျဖစ္နဲ႔ အသင္းကို ခ်စ္တဲ့စိတ္နဲ႔ အဲဒီအတိုင္း လုပ္ေပးခဲ့ၿပီး ရာသီအၿပီးမွာေတာ့ အေျခအေနကို ကြၽန္ေတာ္ ျပန္လည္သုံးသပ္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

The Mirror ရဲ႕ ေဖာ္ျပခ်က္အရ ကစားသမားအတြက္ ခိုင္မာတဲ့ ကမ္းလွမ္းမႈမ်ိဳး မရွိေသးေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က အိုင္းယက္စ္မွာတုန္းက တင္းဘားနဲ႔အတူ အလုပ္လုပ္ခဲ့တာေၾကာင့္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

တန္ဟက္က ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ျငင္းပယ္ခဲ့တဲ့ တင္းဘားရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ အံ့အားသင့္ခဲ့ရေပမယ့္လည္း ပရီးမီးယားလိဂ္ထိပ္တန္းအသင္းႀကီးက ေနာက္ထပ္တစ္ႀကိမ္ ႀကိဳးပမ္းသြားဦးမွာျဖစ္တယ္လို႔ ယင္းသတင္းကပဲ ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီမွာ တင္းဘားဟာ ဘာစီလိုနာနဲ႔ မန္ခ်က္စတာစီးတီးတို႔လိုအသင္းေတြဆီကေန စိတ္ဝင္စားမႈကို ရရွိခဲ့ၿပီး နယ္သာလန္ေနာက္ခံလူဟာ ဂြါဒီယိုလာရဲ႕အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ကို ျငင္းပယ္ဖို႔ ခက္တယ္လို႔ေတာင္ ဝန္ခံ ေျပာဆိုခဲ့တာက မန္ယူႏိုက္တက္အတြက္ ဒတ္ခ်္ေနာက္ခံလူကို ေခၚယူရာမွာ အတားအဆီးတစ္ခု ျဖစ္လာႏိုင္ပါတယ္။

“ကြၽန္ေတာ္ ဆုတံဆိပ္ေတြအတြက္ ကစားခ်င္ပါတယ္။ အဲဒါေၾကာင့္ အခု ဘာစီလိုနာထက္ မန္စီးတီးကို ကြၽန္ေတာ္ ေျပာေနတာေပါ့။ ဘာစီလိုနာက အခုအခ်ိန္မွာ ေကာင္းမြန္တဲ့အခ်ိန္ကာလ နည္းပါးေနပါတယ္။ ကြၽန္ေတာ္ ကစားသမားတစ္ေယာက္အျဖစ္နဲ႔ ႀကီးထြားလာခ်င္ၿပီး အိုင္းယက္စ္မွာ ပိုလို႔ေတာင္ ေကာင္းမြန္လာေအာင္ ကြၽန္ေတာ့္အခ်ိန္ေတြကို အသုံးျပဳေနပါတယ္”

“အိုင္းယက္စ္မွာ ခင္ဗ်ား ပြဲထြက္လူစာရင္းထဲမွာ ပါဝင္ရရင္ကို ေပ်ာ္႐ႊင္ေနရမွာပါ။ အဲဒါေၾကာင့္ပဲ ဒီအခ်ိန္ေတြကို ကြၽန္ေတာ္ ေပ်ာ္႐ႊင္ခံစားခ်င္တာပါ။ ကြၽန္ေတာ္ ဒီမွာ ဆုတံဆိပ္ေတြအတြက္ ကစားေနတယ္။ ဒီထက္ ပိုေကာင္းတဲ့ေနရာမရွိေတာ့ဘူး။ အိုင္းယက္စ္က အၿမဲတမ္း ကြၽန္ေတာ့္ရဲ႕ အိပ္မက္ထဲက အသင္းျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ အိပ္ရင္ေတာင္ အိုင္းယက္စ္ ေစာင္ကို ၿခဳံၿပီး အိပ္ပါတယ္။ ကြၽန္ေတာ္ ဒီမွာ အခ်ိန္ၾကာၾကာေနဖို႔ စီစဥ္ထားပါတယ္။ ဒါေပမယ့္ မန္စီးတီးသာေခၚရင္ေတာ့ ကြၽန္ေတာ္ ဘာလုပ္သင့္သလဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.