Premier League

ရှုံးပွဲအပြီး ချဲလ်ဆီးကြယ်ပွင့်ကို ကတိပေးခဲ့တဲ့ လမ်းပတ်

ချဲလ်ဆီးယာယီနည်းပြ ဖရန့်ခ် လမ်းပတ်က နိုနီ မာဒူအဲခီကို ချီးကျူးပြောဆိုခဲ့ပြီး ချဲလ်ဆီးလူငယ်ကြယ်ပွင့်ရဲ့ အာဆင်နယ်နဲ့ပွဲက စွမ်းဆောင်ရည်အတွက် ဆုချတဲ့အနေနဲ့ အခွင့်အရေးတွေ ပိုမိုရရှိသွားမှာဖြစ်တယ်လို့ ကတိပေးခဲ့ပါတယ်။

ပီအက်စ်ဗွီကနေ ဇန်နဝါရီလမှာ ပြောင်းရွှေ့လာခဲ့တဲ့ မာဒူအဲခီဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာကတည်းက အထင်ကြီးအောင် လုပ်ပြနိုင်ဖို့ အခွင့်အရေး အနည်းငယ်သာ ရရှိခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့် ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အာတီတာရဲ့အသင်းဆီကနေ ကြောက်မက်ဖွယ် ပထမပိုင်း စွမ်းဆောင်ရည်ကြောင့် လဲပြိုခဲ့ရတာဖြစ်ပြီး အတွေ့အကြုံရှိတဲ့ အသင်းဖော်အချို့က အသင်းအတွက် အကျိုးသက်ရောက်မှု ပြသနိုင်ခြင်းမရှိခဲ့ချိန်မှာ မာဒူအဲခီက ဒုတိယပိုင်း ၆၅ မိနစ်မှာ အသင်းအတွက် ပထမဆုံးသွင်းဂိုးကို ချေပဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လမ်းပတ်က နိုဝင်ဘာနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်မှာ ပြန်လည်ပွဲထွက်ပါဝင်ခွင့်ရခဲ့တဲ့ အူဘာမီယန်းရဲ့ စွမ်းဆောင်ရည်ကို သုံးသပ်ဖို့ ငြင်းပယ်ခဲ့ပြီး မာဒူအဲခီက အာဆင်နယ်နဲ့ပွဲမှာ ရှုံးနိမ့်သွားပြီဖြစ်ပုံပေါ်နေတာတောင်မှ အသင်းအတွက် တိုက်ပွဲဝင်ခဲ့တဲ့ပုံစံကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် တစ်ဦးချင်းအပေါ်မှာ မှတ်ချက်ပေးသွားမှာမဟုတ်ပါဘူး။ အသင်းလိုက်အကြောင်းပဲ ပြောကြရအောင်။ အဲဒါက စွမ်းဆောင်ရည်ပဲ။ ကျွန်တော် တစ်ဦးချင်းအကြောင်း ပြောချင်လားဆိုရင် အဲဒါက နိုနီပါ။ သူ လေ့ကျင့်ခဲ့တဲ့အတိုင်း ကစားနိုင်ခဲ့တယ်။ သူက နောက်ထပ် အခွင့်အရေးတွေ အများကြီး ပိုရလာမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးယာယီနည္းျပ ဖရန႔္ခ္ လမ္းပတ္က ႏိုနီ မာဒူအဲခီကို ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ခ်ဲလ္ဆီးလူငယ္ၾကယ္ပြင့္ရဲ႕ အာဆင္နယ္နဲ႔ပြဲက စြမ္းေဆာင္ရည္အတြက္ ဆုခ်တဲ့အေနနဲ႔ အခြင့္အေရးေတြ ပိုမိုရရွိသြားမွာျဖစ္တယ္လို႔ ကတိေပးခဲ့ပါတယ္။

ပီအက္စ္ဗြီကေန ဇန္နဝါရီလမွာ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ မာဒူအဲခီဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္ရွိလာကတည္းက အထင္ႀကီးေအာင္ လုပ္ျပႏိုင္ဖို႔ အခြင့္အေရး အနည္းငယ္သာ ရရွိခဲ့တာျဖစ္ေပမယ့္လည္း အာဆင္နယ္နဲ႔ပြဲစဥ္မွာ ပြဲထြက္ကစားခြင့္ ေပးအပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အာတီတာရဲ႕အသင္းဆီကေန ေၾကာက္မက္ဖြယ္ ပထမပိုင္း စြမ္းေဆာင္ရည္ေၾကာင့္ လဲၿပိဳခဲ့ရတာျဖစ္ၿပီး အေတြ႕အႀကဳံရွိတဲ့ အသင္းေဖာ္အခ်ိဳ႕က အသင္းအတြက္ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ျခင္းမရွိခဲ့ခ်ိန္မွာ မာဒူအဲခီက ဒုတိယပိုင္း ၆၅ မိနစ္မွာ အသင္းအတြက္ ပထမဆုံးသြင္းဂိုးကို ေခ်ပဂိုးအျဖစ္ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

လမ္းပတ္က ႏိုဝင္ဘာေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္မွာ ျပန္လည္ပြဲထြက္ပါဝင္ခြင့္ရခဲ့တဲ့ အူဘာမီယန္းရဲ႕ စြမ္းေဆာင္ရည္ကို သုံးသပ္ဖို႔ ျငင္းပယ္ခဲ့ၿပီး မာဒူအဲခီက အာဆင္နယ္နဲ႔ပြဲမွာ ရႈံးနိမ့္သြားၿပီျဖစ္ပုံေပၚေနတာေတာင္မွ အသင္းအတြက္ တိုက္ပြဲဝင္ခဲ့တဲ့ပုံစံကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ တစ္ဦးခ်င္းအေပၚမွာ မွတ္ခ်က္ေပးသြားမွာမဟုတ္ပါဘူး။ အသင္းလိုက္အေၾကာင္းပဲ ေျပာၾကရေအာင္။ အဲဒါက စြမ္းေဆာင္ရည္ပဲ။ ကြၽန္ေတာ္ တစ္ဦးခ်င္းအေၾကာင္း ေျပာခ်င္လားဆိုရင္ အဲဒါက ႏိုနီပါ။ သူ ေလ့က်င့္ခဲ့တဲ့အတိုင္း ကစားႏိုင္ခဲ့တယ္။ သူက ေနာက္ထပ္ အခြင့္အေရးေတြ အမ်ားႀကီး ပိုရလာမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.