Premier League

ဆာလီဘာမပါဝင်နိုင်မှုကြောင့် လာမယ့်နွေရာသီမှာ ပေါင်သန်း ၅၀ ချွေတာနိုင်မယ့် အာဆင်နယ်

အာဆင်နယ်ရဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်က စွမ်းဆောင်ရည်ဟာ ယခုလာမယ့်နွေရာသီမှာ ဆာလီဘာရဲ့နေရာအတွက် အရန်သင့်သုံးစွဲနိုင်တဲ့ ကစားသမားရှာဖွေဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်အတွက် သန်းပေါင်းများစွာကို ချွေတာနိုင်စေဖွယ်ရှိပါတယ်။

ပြင်သစ်နောက်ခံကစားသမားဟာ အင်္ဂါနေ့ညက ချဲလ်ဆီးကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကို မပါဝင်နိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ချဲလ်ဆီးနည်းပြ ဖရန့်ခ် လမ်းပတ်ကို ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်စေခဲ့တာစြဖ်ပါတယ်။

မာတင် အော်ဒီဂွါဒ်နဲ့ ဂါဘရီယဲလ် ဂျေဆူးစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အာဆင်နယ်အသင်းဟာ အနိုင် ၃ မှတ် အပြည့် ရယူနိုင်ခဲ့တာဖြစ်ပြီး အာတီတာက ပရီးမီးယားလိဂ်ဖလားပြိုင်ဘက် မန်စီးတီးနဲ့ ရာသီပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

တကယ်လို့ အာဆင်နယ်သာ ယခုရာသီမှာ ဖလား မရရှိခဲ့ဘူးဆိုရင် လက်ညှိုးတွေအားလုံးက မတ်လမှာ နောက်ကျောဒဏ်ရာရရှိသွားခဲ့တဲ့ ဆာလီဘာကိုပဲ ညွှန်ပြကြမှာဖြစ်ပြီး ပြင်သစ်နောက်ခံလူ မပါဝင်နိုင်မှုကြောင့် ဂန်းနားတွေဟာ ၃ ပွဲဆက် သရေနဲ့ ဂွါဒီယိုလာရဲ့အသင်းကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ရော့ဘ် ဟိုးဒင်းဟာ ဆာလီဘာရဲ့ ခံစစ်မှာ တည်ငြိမ်မှုမျိုးကို ထပ်တူ လုပ်ပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် အာတီတာက ခံစစ်မှာ အရန်သင့်ရွေးချယ်စရာတွေကို စဉ်းစားဖို့ ဖြစ်လာပေမယ့်လည်း ချဲလ်ဆီးနဲ့ ပွဲက ခီဗီယောရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ပြီးနောက်ပိုင်း စပိန်လူမျိုးနည်းပြဟာ ဗဟိုခံစစ်ညာခြမ်းမှာ ကွက်တိအံဝင်နေတဲ့ ပိုလန်နောက်ခံလူကြောင့် နောက်ထပ် ခံစစ်ကစားသမားရှာဖွေဖို့ မလိုတော့တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ခီဗီယောဟာ မူလတုန်းက ဂါဘရီယဲလ်အတွက် ယှဉ်ပြိုင်မှု ပေးနိုင်အောင် ခေါ်ယူခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂါနေ့ညနေမှာ ဒီကစားသမား ၂ ဦးအတွဲက ကောင်းမွန်တဲ့ ခံစစ်အတွဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ခီဗီယောဟာ ဘယ်သန်ကစားသမားဖြစ်တာကြောင့် ဗဟိုခံစစ်ညာခြမ်းမှာ ကစားနိင်တဲ့ အရည်အချင်းရှိပါ့မလားလို့ မေးခွန်းတွေ ရှိခဲ့ပေမယ့်လည်း အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမားက သံသယရှိသူတွေကို တိတ်ဆိတ်စေခဲ့တာကြောင့် အာတီတာအနေနဲ့ အဲဒီနေရာမှာ နောက်ထပ်ရင်းနှိးမြှု့ပ်နှံမှုပြုလုပ်ဖို့ မလိုအပ်တော့တာ ဖြစ်ပါတယ်။

မကြာသေးမီက သတင်းတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဗဟိုခံစစ် ဘယ်ခြမ်းရော ညာခြမ်းမှာပါ ကစားနိုင်တဲ့ ခရစ္စတယ် ပဲလေ့စ် နောက်ခံလူ မာ့စ် ဂေးဟီကို ခေါ်ယူချင်နေတယ်လို့ သိရပေမယ့်လည်း အင်္ဂလိပ်နောက်ခံလူရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၅၀ ဝန်းကျင်ရှိတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ရဲ႕ ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲစဥ္က စြမ္းေဆာင္ရည္ဟာ ယခုလာမယ့္ေႏြရာသီမွာ ဆာလီဘာရဲ႕ေနရာအတြက္ အရန္သင့္သုံးစြဲႏိုင္တဲ့ ကစားသမားရွာေဖြဖို႔ ႀကိဳးပမ္းေနတဲ့ အာဆင္နယ္အတြက္ သန္းေပါင္းမ်ားစြာကို ေခြၽတာႏိုင္ေစဖြယ္ရွိပါတယ္။

ျပင္သစ္ေနာက္ခံကစားသမားဟာ အဂၤါေန႔ညက ခ်ဲလ္ဆီးကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္ကို မပါဝင္ႏိုင္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ ခ်ဲလ္ဆီးနည္းျပ ဖရန႔္ခ္ လမ္းပတ္ကို ပရီးမီးယားလိဂ္ ၄ ပြဲဆက္တိုက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ေစခဲ့တာျစဖ္ပါတယ္။

မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ဂါဘရီယဲလ္ ေဂ်ဆူးစ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အာဆင္နယ္အသင္းဟာ အႏိုင္ ၃ မွတ္ အျပည့္ ရယူႏိုင္ခဲ့တာျဖစ္ၿပီး အာတီတာက ပရီးမီးယားလိဂ္ဖလားၿပိဳင္ဘက္ မန္စီးတီးနဲ႔ ရာသီၿပီးဆုံးတဲ့အထိ တိုက္ပြဲဝင္သြားႏိုင္ဖို႔ ရည္မွန္းထားတာ ျဖစ္ပါတယ္။

တကယ္လို႔ အာဆင္နယ္သာ ယခုရာသီမွာ ဖလား မရရွိခဲ့ဘူးဆိုရင္ လက္ညႇိဳးေတြအားလုံးက မတ္လမွာ ေနာက္ေက်ာဒဏ္ရာရရွိသြားခဲ့တဲ့ ဆာလီဘာကိုပဲ ၫႊန္ျပၾကမွာျဖစ္ၿပီး ျပင္သစ္ေနာက္ခံလူ မပါဝင္ႏိုင္မႈေၾကာင့္ ဂန္းနားေတြဟာ ၃ ပြဲဆက္ သေရနဲ႔ ဂြါဒီယိုလာရဲ႕အသင္းကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေရာ့ဘ္ ဟိုးဒင္းဟာ ဆာလီဘာရဲ႕ ခံစစ္မွာ တည္ၿငိမ္မႈမ်ိဳးကို ထပ္တူ လုပ္ျပႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာေၾကာင့္ အာတီတာက ခံစစ္မွာ အရန္သင့္ေ႐ြးခ်ယ္စရာေတြကို စဥ္းစားဖို႔ ျဖစ္လာေပမယ့္လည္း ခ်ဲလ္ဆီးနဲ႔ ပြဲက ခီဗီေယာရဲ႕ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ပိုင္း စပိန္လူမ်ိဳးနည္းျပဟာ ဗဟိုခံစစ္ညာျခမ္းမွာ ကြက္တိအံဝင္ေနတဲ့ ပိုလန္ေနာက္ခံလူေၾကာင့္ ေနာက္ထပ္ ခံစစ္ကစားသမားရွာေဖြဖို႔ မလိုေတာ့တာျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

ခီဗီေယာဟာ မူလတုန္းက ဂါဘရီယဲလ္အတြက္ ယွဥ္ၿပိဳင္မႈ ေပးႏိုင္ေအာင္ ေခၚယူခဲ့တာျဖစ္ေပမယ့္လည္း အဂၤါေန႔ညေနမွာ ဒီကစားသမား ၂ ဦးအတြဲက ေကာင္းမြန္တဲ့ ခံစစ္အတြဲ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ခီဗီေယာဟာ ဘယ္သန္ကစားသမားျဖစ္တာေၾကာင့္ ဗဟိုခံစစ္ညာျခမ္းမွာ ကစားနိင္တဲ့ အရည္အခ်င္းရွိပါ့မလားလို႔ ေမးခြန္းေတြ ရွိခဲ့ေပမယ့္လည္း အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားက သံသယရွိသူေတြကို တိတ္ဆိတ္ေစခဲ့တာေၾကာင့္ အာတီတာအေနနဲ႔ အဲဒီေနရာမွာ ေနာက္ထပ္ရင္းႏွိးျမႇဳ႕ပ္ႏွံမႈျပဳလုပ္ဖို႔ မလိုအပ္ေတာ့တာ ျဖစ္ပါတယ္။

မၾကာေသးမီက သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ဗဟိုခံစစ္ ဘယ္ျခမ္းေရာ ညာျခမ္းမွာပါ ကစားႏိုင္တဲ့ ခရစၥတယ္ ပဲေလ့စ္ ေနာက္ခံလူ မာ့စ္ ေဂးဟီကို ေခၚယူခ်င္ေနတယ္လို႔ သိရေပမယ့္လည္း အဂၤလိပ္ေနာက္ခံလူရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ ေပါင္သန္း ၅၀ ဝန္းက်င္ရွိတယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.