Premier League

ဟိုးဒင်းကို ချန်လှပ်ခဲ့ပြီးနောက် ခီဗီယောရဲ့ စွမ်းဆောင်ရည်ကို သတ်မှတ်ခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ ချဲလ်ဆီးကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်အတွင်းက ခီဗီယောရဲ့ စွမ်းဆောင်ရည်ကို ဝမ်းမြောက်ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတ်ယ။

စပီးဇီးယားကနေ ဇန်နဝါရီလမှာ ပြောင်းရွှေ့လာခဲ့တဲ့ ခီဗီယောဟာ အင်္ဂလန်မှာ ရှိနေခဲ့တဲ့အချိန်အတွင်း အကန့်အသတ်နဲ့သာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပေမယ့်လည်း အရေးကြီးတဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ အာတီတာရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ခွင့် ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဟိုးဒင်းဟာ ဆာလီဘာမပါဝင်နိုင်ချိန်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ဘဲ ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် အာတီတာက ပိုလန်လူငယ်နောက်ခံကစားသမားကို အခွင့်အရေးပေးဖို့ အချိန်ကျပြီလို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

ဂါဘရီယဲလ် မာဂါလိုင်စ်က ဒဏ်ရာရရှိသွားခဲ့တာကြောင့် ခီဗီယောဟာ ဟိုးဒင်းနဲ့အတူ တွဲကစားခဲ့ရပြီး ၆၅ မိနစ်မှာ မာဒူအဲခီရဲ့ ချေပဂိုးကြောင့် အာဆင်နယ်အသင်းက ပေးဂိုးမရှိ ပွဲစဉ်ကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ခီဗီယောရဲ့ ချဲလ်ဆီးနဲ့ ပွဲစဉ်က စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပွဲအပြီးမှာ အာတီတာက “သူက အဆင်သင့်ဖြစ်နေပုံပေါ်ခဲ့တယ်။ သူ့ပုံစံက လန်းဆန်းနေပုံပေါ်ခဲ့တယ်။ သူက တကယ်ကို စိတ်ပိုင်းဖြတ်ထားခဲ့ပုံပေါ်ခဲ့တယ်။ သူက နေ့တိုင်း ကောင်းပြီးရင်း ကောင်းလာခဲ့တယ်။ လေ့ကျင့်ရေးမှာတင်မဟုတ်ဘဲ သူ့ရဲ့ တုံ့ပြန်ပုံနဲ့ သူ့ရဲ့ဘာသာစကားကလည်း ကောင်းလာခဲ့ပါတယ်။ သူက ပိုပြီး အခြေကျလာပြီး သူက ကျွန်တော် တကယ် သဘောကျတဲ့ ကစားသမားပါ။ အဲဒါကြောင့်ပဲ ကျွန်တော် ခေါ်ခဲ့တာပါ။ သူက သူ့အသက်အရွယ်မှာ ကြီးကျယ်တဲ့ကစားသမားဖြစ်လာဖို့ အလားအလာရှိပြီး ဒီနေ့ သူ ရင်ဆိုင်ခဲ့ရတဲ့ကစားသမားတွေနဲ့ ရင်ဆိုင်ရာမှာ ကြီးမားတဲ့တာဝန်ရှိခဲ့တယ်။ သူ တကယ်ကောင်းကောင်း မကစားနိုင်ခဲ့ဘူးလို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ ခ်ဲလ္ဆီးကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္အတြင္းက ခီဗီေယာရဲ႕ စြမ္းေဆာင္ရည္ကို ဝမ္းေျမာက္ေက်နပ္မိတယ္လို႔ ေျပာၾကားခဲ့ပါတ္ယ။

စပီးဇီးယားကေန ဇန္နဝါရီလမွာ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ခီဗီေယာဟာ အဂၤလန္မွာ ရွိေနခဲ့တဲ့အခ်ိန္အတြင္း အကန႔္အသတ္နဲ႔သာ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ေပမယ့္လည္း အေရးႀကီးတဲ့ လန္ဒန္ဒါဘီပြဲစဥ္မွာ အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့တဲ့ အာတီတာရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ပြဲထြက္ခြင့္ ေပးအပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဟိုးဒင္းဟာ ဆာလီဘာမပါဝင္ႏိုင္ခ်ိန္မွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသႏိုင္ျခင္းမရွိခဲ့ဘဲ ၄ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆုံးခဲ့တာေၾကာင့္ အာတီတာက ပိုလန္လူငယ္ေနာက္ခံကစားသမားကို အခြင့္အေရးေပးဖို႔ အခ်ိန္က်ၿပီလို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

ဂါဘရီယဲလ္ မာဂါလိုင္စ္က ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ ခီဗီေယာဟာ ဟိုးဒင္းနဲ႔အတူ တြဲကစားခဲ့ရၿပီး ၆၅ မိနစ္မွာ မာဒူအဲခီရဲ႕ ေခ်ပဂိုးေၾကာင့္ အာဆင္နယ္အသင္းက ေပးဂိုးမရွိ ပြဲစဥ္ကို ပိုင္ဆိုင္ႏိုင္မယ့္ အခြင့္အေရး ျငင္းပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ခီဗီေယာရဲ႕ ခ်ဲလ္ဆီးနဲ႔ ပြဲစဥ္က စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ပြဲအၿပီးမွာ အာတီတာက “သူက အဆင္သင့္ျဖစ္ေနပုံေပၚခဲ့တယ္။ သူ႔ပုံစံက လန္းဆန္းေနပုံေပၚခဲ့တယ္။ သူက တကယ္ကို စိတ္ပိုင္းျဖတ္ထားခဲ့ပုံေပၚခဲ့တယ္။ သူက ေန႔တိုင္း ေကာင္းၿပီးရင္း ေကာင္းလာခဲ့တယ္။ ေလ့က်င့္ေရးမွာတင္မဟုတ္ဘဲ သူ႔ရဲ႕ တုံ႔ျပန္ပုံနဲ႔ သူ႔ရဲ႕ဘာသာစကားကလည္း ေကာင္းလာခဲ့ပါတယ္။ သူက ပိုၿပီး အေျခက်လာၿပီး သူက ကြၽန္ေတာ္ တကယ္ သေဘာက်တဲ့ ကစားသမားပါ။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္ ေခၚခဲ့တာပါ။ သူက သူ႔အသက္အ႐ြယ္မွာ ႀကီးက်ယ္တဲ့ကစားသမားျဖစ္လာဖို႔ အလားအလာရွိၿပီး ဒီေန႔ သူ ရင္ဆိုင္ခဲ့ရတဲ့ကစားသမားေတြနဲ႔ ရင္ဆိုင္ရာမွာ ႀကီးမားတဲ့တာဝန္ရွိခဲ့တယ္။ သူ တကယ္ေကာင္းေကာင္း မကစားႏိုင္ခဲ့ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.