Premier League

မာဒရစ်ခ်ကို အခွင့်အရေးရတုန်း လက်တုံ့ပြန်ခဲ့တဲ့ ဂန်းနားပရိသတ်များ

အာဆင်နယ်ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ဇန်ဝါရီလမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ မာဒရစ်ခ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်ခဲ့ကြောင်း ပြသတဲ့အနေနဲ့ ချဲလ်ဆီးတောင်ပံကစားသမားရဲ့ မျက်နှာကို လေဆာနဲ့ ထိုးခဲ့ကြပါတယ်။

ယူကရိန်းလက်ရွေးစင်ကြယ်ပွင့်ဟာ ယခုနှစ်အစောပိုင်းမှာ ဂန်းနားတွေနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ထားခဲ့ပုံပေါ်ပေမယ့်လည်း ချဲလ်ဆီးက ကြားဖြတ်ခေါ်ယူပြီး အနောက်လန်ဒန်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

မာဒရစ်ခ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ် ကစားသမားဘဝကို စိတ်ပျက်ဖွယ် စတင်ခဲ့ပြီး ၎င်းအတွက် ချဲလ်ဆီးအသင်းက ပေးချေခဲ့ရတဲ့ ပေါင်သန်း ၉၀ နီးပါး အတွက် အစွမ်းအစအချို့ကို ရံဖန်ရံခါသာ ထုတ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ အင်္ဂါနေ့ညနေက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ နောက်ထပ်တစ်ကြိမ် အရန်ခုံကနေ ပွဲထွက်ပါဝင်ခဲ့ရပြီး ချဲလ်ဆီးအသင်းက ၃-၁ နဲ့ နောက်ကနေ လိုက်ကစားနေရတဲ့အချိန်မှာ လူစားဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

နိုနီ မာဒူအဲခီက ချဲလ်ဆီးအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပြီး မာဒရစ်ခ်က စိတ်လှုပ်ရှားဖွယ် ထိုးဖောက်မှုအများအပြားနဲ့ ချဲလ်ဆီးအသင်းအတွက် အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုကို ပြုလုပ်ပေးနိုင်တော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

Sky Sports ရုပ်သံကင်မရာတွေက ချဲလ်ဆီးတောင်ပံကစားသမားရဲ့ မျက်နှာကို မတူညီတဲ့ အချိန် ၂ ခုမှာ ပြသခဲ့ချိန်အတွင်း အာဆင်နယ်ပရိသတ်ရဲ့ လေဆာနဲ့ ထိုးခြင်းကို ခံနေရတာကို မြင်တွေ့ခဲ့ရပြီးနောက် မာဒရစ်ခ်ဟာ မကောင်းတဲ့ အကျိုးသက်ရောက်မှု ပြသခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အာဆင်နယ်က မန်ချက်စတာစီးတီးကို ဆုဖလားပြိုင်ပွဲမှာ ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ချက် ရှိနေသေးတဲ့အချိန်မှာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် မာဒရစ်ခ်အတွက် တော်တော်လေး ကွဲပြားခြားနားတဲ့ အခြေအနေဖြစ်ခဲ့မှာဖြစ်ပြီး မာတင် အော်ဒီဂွါဒ်က ပထမပိုင်း ၃၁ မိနစ်အတွင်း ၂ ဂိုးသွင်းယူသွားခဲ့တာက လန်ဒန်ပြိုင်ဘက် ၂ သင်းကြားမှာ ဘယ်လောက်အထိ ကွာဟနေလဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ပရိသတ္ေတြဟာ ၿပီးခဲ့တဲ့ ဇန္ဝါရီလမွာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ဖို႔ ျငင္းဆန္ခဲ့တဲ့ မာဒရစ္ခ္ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ေဒါသထြက္ခဲ့ေၾကာင္း ျပသတဲ့အေနနဲ႔ ခ်ဲလ္ဆီးေတာင္ပံကစားသမားရဲ႕ မ်က္ႏွာကို ေလဆာနဲ႔ ထိုးခဲ့ၾကပါတယ္။

ယူကရိန္းလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ယခုႏွစ္အေစာပိုင္းမွာ ဂန္းနားေတြနဲ႔ ပူးေပါင္းဖို႔ ဆုံးျဖတ္ထားခဲ့ပုံေပၚေပမယ့္လည္း ခ်ဲလ္ဆီးက ၾကားျဖတ္ေခၚယူၿပီး အေနာက္လန္ဒန္ကို ေရာက္ရွိသြားခဲ့တာ ျဖစ္ပါတယ္။

မာဒရစ္ခ္ဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ ကစားသမားဘဝကို စိတ္ပ်က္ဖြယ္ စတင္ခဲ့ၿပီး ၎အတြက္ ခ်ဲလ္ဆီးအသင္းက ေပးေခ်ခဲ့ရတဲ့ ေပါင္သန္း ၉၀ နီးပါး အတြက္ အစြမ္းအစအခ်ိဳ႕ကို ရံဖန္ရံခါသာ ထုတ္ျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အဂၤါေန႔ညေနက အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ေနာက္ထပ္တစ္ႀကိမ္ အရန္ခုံကေန ပြဲထြက္ပါဝင္ခဲ့ရၿပီး ခ်ဲလ္ဆီးအသင္းက ၃-၁ နဲ႔ ေနာက္ကေန လိုက္ကစားေနရတဲ့အခ်ိန္မွာ လူစားဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

ႏိုနီ မာဒူအဲခီက ခ်ဲလ္ဆီးအသင္းအတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးခဲ့ၿပီး မာဒရစ္ခ္က စိတ္လႈပ္ရွားဖြယ္ ထိုးေဖာက္မႈအမ်ားအျပားနဲ႔ ခ်ဲလ္ဆီးအသင္းအတြက္ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္မႈကို ျပဳလုပ္ေပးႏိုင္ေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။

Sky Sports ႐ုပ္သံကင္မရာေတြက ခ်ဲလ္ဆီးေတာင္ပံကစားသမားရဲ႕ မ်က္ႏွာကို မတူညီတဲ့ အခ်ိန္ ၂ ခုမွာ ျပသခဲ့ခ်ိန္အတြင္း အာဆင္နယ္ပရိသတ္ရဲ႕ ေလဆာနဲ႔ ထိုးျခင္းကို ခံေနရတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ မာဒရစ္ခ္ဟာ မေကာင္းတဲ့ အက်ိဳးသက္ေရာက္မႈ ျပသခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

အာဆင္နယ္က မန္ခ်က္စတာစီးတီးကို ဆုဖလားၿပိဳင္ပြဲမွာ ေက်ာ္ျဖတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိေနေသးတဲ့အခ်ိန္မွာ ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ မာဒရစ္ခ္အတြက္ ေတာ္ေတာ္ေလး ကြဲျပားျခားနားတဲ့ အေျခအေနျဖစ္ခဲ့မွာျဖစ္ၿပီး မာတင္ ေအာ္ဒီဂြါဒ္က ပထမပိုင္း ၃၁ မိနစ္အတြင္း ၂ ဂိုးသြင္းယူသြားခဲ့တာက လန္ဒန္ၿပိဳင္ဘက္ ၂ သင္းၾကားမွာ ဘယ္ေလာက္အထိ ကြာဟေနလဲဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.