Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၆.၁၀.၂၀၂၀

– အဲလက္စ္ တဲလက္စ္အတြက္ မန္ခ်က္စတာယူႏုိက္တက္တုိ႔အေနနဲ႔ ယူ႐ို ၁၈ သန္း (ေပါင္ ၁၅.၄ သန္း) အသုံးျပဳခဲ့ရၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ေလးႏွစ္အထိ ရွိေနေစမယ့္ စာခ်ဳပ္အျပင္ တစ္ႏွစ္သက္တမ္းတုိးခြင့္ ထည့္သြင္းေခၚယူခဲ့တာလုိ႔ သိရ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းက လူေတြက သူ႕ကို ေႏြးေႏြးေထြးေထြးနဲ႔ ႀကဳိဆုိၾကလိမ့္မယ္လို႔ ႀကဳိတင္သိရွိထားၿပီး ေပၚတိုကေန ေျပာင္းေရႊ႕မလာခင္မွာ အသင္းေဖာ္ျဖစ္လာမယ့္ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ႀကဳိတင္ေဆြးေႏြးတီးေခါက္ျဖစ္ခဲ့တယ္လို႔ အဲလက္စ္ တဲလက္စ္ ေျပာၾကား။

– အသင္းလက္မဲ့ျဖစ္ေနခဲ့တဲ့ ဝါရင့္တုိက္စစ္မွဴး အက္ဒင္ဆန္ ကာဗာနီကို မန္ခ်က္စတာယူႏုိက္တက္အသင္း ေခၚယူလိုက္ၿပီျဖစ္ၿပီး အသင္းရဲ႕ အစဥ္အလာႀကီးမားခဲ့တဲ့ ေက်ာနံပါတ္ ၇ ကို ေပးအပ္ခဲ့ၿပီး တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆို။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အမွဳေဆာင္ ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္အေနနဲ႔ နည္းဗ်ဴဟာပုိင္းမွာ အားရစရာ ပုံစံကို မျပသႏုိင္ခဲ့တဲ့ အသင္းနည္းျပ ဆုိးလ္ရွားကို ထုတ္ပယ္ၿပီး စပါးစ္နည္းျပေဟာင္း ေမာ္ရီစီယို ပိုခ်က္တီႏိုနဲ႔ အစားထိုးႏိုင္ဖို႔ ေစာင့္ၾကည့္ေန။

– အသက္ ၁၈ ႏွစ္အရြယ္သာ ရွိေသးၿပီး ဥ႐ုေဂြးႏုိင္ငံကို ကိုယ္စားမျပဳရေသးေပမယ့္လည္း စပိန္ပတ္စ္ပုိ႔ ကိုင္ေဆာင္ထားတဲ့ လူငယ္ေတာင္ပံကစားသမား ဖာကန္ဒို ပယ္လစၥထရီကို ေျပာင္းေရႊ႕ေၾကး ယူ႐ုိ ၁၀ သန္းနဲ႔ ယူႏုိက္တက္ ေခၚယူ။

– အတၱလန္တာအသင္းရဲ႕ ေတာင္ပံကစားသမား အာမက္ ထရာအုိေရးကိုေတာ့ ယူႏုိက္တက္တုိ႔ ယူ႐ုိ ၄၁ သန္းသုံးၿပီး ေခၚယူခဲ့ေပမယ့္လည္း အလုပ္လုပ္ခြင့္ ပါမစ္မရေသးလို႔ လာမယ့္ ဇန္နဝါရီႏွစ္သစ္ကူးခ်ိန္အထိ ေစာင့္ဆုိင္းရဖြယ္ရွိေန။

– ဖာကန္ဒို ပယ္လစၥထရီကို သူတုိ႔ရဲ႕ ကင္းေထာက္ေတြအေနနဲ႔ ၾကာလရွည္ကာစြာ ေစာင့္ၾကည့္ခဲ့ၾကတာျဖစ္ၿပီး ဒီကစားသမားေလးမွာ အဂၤလိပ္ကစားဟန္ကို အသားက်တာနဲ႔ တစ္ၿပဳိင္နက္ ထြန္းေတာက္လာႏုိင္မယ့္ အရည္ေသြးမ်ဳိး ပုိင္ဆုိင္ထားသလို ယူႏုိက္တက္ရဲ႕ ကစားသမားျဖစ္ဖို႔ ထိုက္တန္သူလို႔ ဆုိးလ္ရွားခ်ီးက်ဴး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အဲလက်စ် တဲလက်စ်အတွက် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ယူရို ၁၈ သန်း (ပေါင် ၁၅.၄ သန်း) အသုံးပြုခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်မှာ လေးနှစ်အထိ ရှိနေစေမယ့် စာချုပ်အပြင် တစ်နှစ်သက်တမ်းတိုးခွင့် ထည့်သွင်းခေါ်ယူခဲ့တာလို့ သိရ။

– မန်ချက်စတာယူနိုက်တက်အသင်းက လူတွေက သူ့ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြလိမ့်မယ်လို့ ကြိုတင်သိရှိထားပြီး ပေါ်တိုကနေ ပြောင်းရွှေ့မလာခင်မှာ အသင်းဖော်ဖြစ်လာမယ့် ဘရူနို ဖာနန်ဒက်စ်နဲ့ ကြိုတင်ဆွေးနွေးတီးခေါက်ဖြစ်ခဲ့တယ်လို့ အဲလက်စ် တဲလက်စ် ပြောကြား။

– အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကို မန်ချက်စတာယူနိုက်တက်အသင်း ခေါ်ယူလိုက်ပြီဖြစ်ပြီး အသင်းရဲ့ အစဉ်အလာကြီးမားခဲ့တဲ့ ကျောနံပါတ် ၇ ကို ပေးအပ်ခဲ့ပြီး တစ်နှစ်စာချုပ်ချုပ်ဆို။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင် ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်အနေနဲ့ နည်းဗျူဟာပိုင်းမှာ အားရစရာ ပုံစံကို မပြသနိုင်ခဲ့တဲ့ အသင်းနည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ပြီး စပါးစ်နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုနဲ့ အစားထိုးနိုင်ဖို့ စောင့်ကြည့်နေ။

– အသက် ၁၈ နှစ်အရွယ်သာ ရှိသေးပြီး ဥရုဂွေးနိုင်ငံကို ကိုယ်စားမပြုရသေးပေမယ့်လည်း စပိန်ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ လူငယ်တောင်ပံကစားသမား ဖာကန်ဒို ပယ်လစ္စထရီကို ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းနဲ့ ယူနိုက်တက် ခေါ်ယူ။

– အတ္တလန်တာအသင်းရဲ့ တောင်ပံကစားသမား အာမက် ထရာအိုရေးကိုတော့ ယူနိုက်တက်တို့ ယူရို ၄၁ သန်းသုံးပြီး ခေါ်ယူခဲ့ပေမယ့်လည်း အလုပ်လုပ်ခွင့် ပါမစ်မရသေးလို့ လာမယ့် ဇန်နဝါရီနှစ်သစ်ကူးချိန်အထိ စောင့်ဆိုင်းရဖွယ်ရှိနေ။

– ဖာကန်ဒို ပယ်လစ္စထရီကို သူတို့ရဲ့ ကင်းထောက်တွေအနေနဲ့ ကြာလရှည်ကာစွာ စောင့်ကြည့်ခဲ့ကြတာဖြစ်ပြီး ဒီကစားသမားလေးမှာ အင်္ဂလိပ်ကစားဟန်ကို အသားကျတာနဲ့ တစ်ပြိုင်နက် ထွန်းတောက်လာနိုင်မယ့် အရည်သွေးမျိုး ပိုင်ဆိုင်ထားသလို ယူနိုက်တက်ရဲ့ ကစားသမားဖြစ်ဖို့ ထိုက်တန်သူလို့ ဆိုးလ်ရှားချီးကျူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.