Premier League Transfer News

အေျပာင္းအေရႊ႕ေနာက္ဆုံးရက္ ပရီးမီးယားလိဂ္ ေခၚယူမွဳမ်ား အက်ဥ္းခ်ဳပ္

– အာဆင္နယ္အသင္းအေနနဲ႔ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအတြက္ ထင္မွတ္မထားေလာက္ေအာင္ပဲ လ်င္လ်င္ျမန္ျမန္နဲ႔ ကမ္းလွမ္းၿပီး စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၅၀ နဲ႔ ေခၚယူခဲ့ၿပီး ေက်ာနံပါတ္ ၁၈ ေပးအပ္။

– အသင္းလက္မဲ့ျဖစ္ေနခဲ့တဲ့ ဝါရင့္တုိက္စစ္မွဴး အက္ဒင္ဆန္ ကာဗာနီကို မန္ခ်က္စတာယူႏုိက္တက္အသင္း ေခၚယူလိုက္ၿပီျဖစ္ၿပီး အသင္းရဲ႕ အစဥ္အလာႀကီးမားခဲ့တဲ့ ေက်ာနံပါတ္ ၇ ကို ေပးအပ္ခဲ့ၿပီး တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆို။

– ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္အတြက္ ယူႏုိက္တက္တုိ႔အေနနဲ႔ ယူ႐ို ၁၈ သန္း (ေပါင္ ၁၅.၄ သန္း) အသုံးျပဳခဲ့ရၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ေလးႏွစ္အထိ ရွိေနေစမယ့္ စာခ်ဳပ္အျပင္ တစ္ႏွစ္သက္တမ္းတုိးႏိုင္ခြင့္ကိုပါ ထည့္သြင္းထားခဲ့။

– အသက္ ၁၈ ႏွစ္အရြယ္သာ ရွိေသးၿပီး ဥ႐ုေဂြးႏုိင္ငံကို ကိုယ္စားမျပဳရေသးေပမယ့္လည္း စပိန္ပတ္စ္ပုိ႔ ကိုင္ေဆာင္ထားတဲ့ လူငယ္ေတာင္ပံကစားသမား ဖာကန္ဒို ပယ္လစၥထရီကို ေျပာင္းေရႊ႕ေၾကး ယူ႐ုိ ၁၀ သန္းနဲ႔ ယူႏုိက္တက္ ေခၚယူ။

– အတၱလန္တာအသင္းရဲ႕ ေတာင္ပံကစားသမား အာမက္ ထရာအုိေရးကိုေတာ့ ယူႏုိက္တက္တုိ႔ ယူ႐ုိ ၄၁ သန္းသုံးၿပီး ေခၚယူခဲ့ေပမယ့္လည္း အလုပ္လုပ္ခြင့္ ပါမစ္မရေသးလို႔ လာမယ့္ ဇန္နဝါရီႏွစ္သစ္ကူးခ်ိန္အထိ ေစာင့္ဆုိင္းရဖြယ္ရွိေန။

– ေနာ့ဝစ္ခ်္စီးတီးအသင္းရဲ႕ တုိက္စစ္လုိက္ပါမွဳ ေကာင္းမြန္တဲ့ အဂၤလန္လူငယ္ေနာက္ခံလူ ဘန္ ေဂါ့ဖရီကို အဲဗာတန္အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀ နဲ႔ ေခၚယူႏုိင္ခဲ့ၿပီး ခံစားခြင့္ေတြအရဆုိရင္ ေပါင္သန္း ၃၀ ခန္႔အထိ ေပးေခ်ရႏုိင္။

– အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမားေဟာင္း သီယို ဝဲလ္ေကာ့ကို အဲဗာတန္အသင္းက သူ႕ရဲ႕ ကစားသမားဘဝ စတင္ရာ အသင္းျဖစ္တဲ့ ေတာင္ပုိင္းကမ္းေျခကလပ္ ေဆာက္သမ္တန္အသင္းဆီ တစ္ရာသီအငွားခ်။

– ျပင္သစ္လီဂူးဝမ္းကလပ္ ရင္းေနးအသင္းက ဘရာဇီးလ္ေတာင္ပံကစားသမား ရာဖင္ညာကို ေျပာင္းေရႊ႕ေၾကး ယူ႐ို ၁၇ သန္း+ ခံစားခြင့္ ယူ႐ို ၆ သန္းနဲ႔ လိဒ္စ္ယူႏုိက္တက္အသင္း ေခၚယူခဲ့ၿပီး ေတာင္ပံသမား ရွာပုံေတာ္ကို အဆုံးသတ္ႏိုင္ခဲ့။

– ၿပီးခဲ့တဲ့ရာသီက အာဆင္နယ္အသင္းက စိတ္ဝင္စားမွဳေၾကာင့္ လူပိုသိလာခဲ့တဲ့ ဒိန္းမတ္ခံစစ္မွဴး ဂ်ဳိအာခင္မ္ အန္ဒါဆန္ကို လီယြန္အသင္းကေန တစ္ရာသီအငွားနဲ႔ ဖူလ္ဟမ္ ေခၚယူႏုိင္ခဲ့ၿပီး Deadline Day မွာ စိတ္ဝင္စားအရ အေကာင္းဆုံး သေဘာတူညီမွဳတစ္ခုျဖစ္ခဲ့။

– မန္ခ်က္စတာစီးတီးအသင္းကေန အငွားခ်မယ္လို႔ သတင္းထြက္ေနခဲ့တဲ့ လူငယ္ေနာက္ခံလူ တိုဆင္ အာဒါရာဘုိင္ယုိ႐ိုကို ဖူလ္ဟမ္ အသင္းကပဲ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂ သန္းနဲ႔ အၿပီးသတ္ ေခၚယူလုိက္ၿပီး သုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သလို ခ်ဲလ္ဆီးကြင္းလယ္လူ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ကိုပါ အငွားနဲ႔ေခၚယူ။

– ႐ိုးမားအသင္းရဲ႕ အရန္ဂိုးသမားတစ္ဦးျဖစ္တဲ့ ဆြီဒင္လက္ေရြးစင္ ေရာ္ဘင္ အိုလ္ဆန္ကို အဲဗာတန္အသင္းက သူတုိ႔ရဲ႕ အမွားမ်ားေနတဲ့ ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္ကို ဖိအားေပးႏုိင္ဖုိ႔ ေခၚယူခဲ့။

– အာဆင္နယ္အသင္းမွာ ပြဲထြက္ခြင့္ မရေတာ့တဲ့ ဥ႐ုေဂြးကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို အက္သလက္တီကို မက္ဒရစ္အသင္းက အငွားနဲ႔ ေခၚယူသြားၿပီး လက္ေရြးစင္အသင္းေဖာ္ေတြျဖစ္ၾကတဲ့ ေနာက္ခံလူ ဟီမီနက္ဇ္၊ တုိက္စစ္မွဴး ဆြာရက္ဇ္တုိ႔နဲ႔ ပူးေပါင္းႏုိင္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ သောမတ်စ် ပါတေးအတွက် ထင်မှတ်မထားလောက်အောင်ပဲ လျင်လျင်မြန်မြန်နဲ့ ကမ်းလှမ်းပြီး စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ နဲ့ ခေါ်ယူခဲ့ပြီး ကျောနံပါတ် ၁၈ ပေးအပ်။

– အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကို မန်ချက်စတာယူနိုက်တက်အသင်း ခေါ်ယူလိုက်ပြီဖြစ်ပြီး အသင်းရဲ့ အစဉ်အလာကြီးမားခဲ့တဲ့ ကျောနံပါတ် ၇ ကို ပေးအပ်ခဲ့ပြီး တစ်နှစ်စာချုပ်ချုပ်ဆို။

– ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်အတွက် ယူနိုက်တက်တို့အနေနဲ့ ယူရို ၁၈ သန်း (ပေါင် ၁၅.၄ သန်း) အသုံးပြုခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်မှာ လေးနှစ်အထိ ရှိနေစေမယ့် စာချုပ်အပြင် တစ်နှစ်သက်တမ်းတိုးနိုင်ခွင့်ကိုပါ ထည့်သွင်းထားခဲ့။

– အသက် ၁၈ နှစ်အရွယ်သာ ရှိသေးပြီး ဥရုဂွေးနိုင်ငံကို ကိုယ်စားမပြုရသေးပေမယ့်လည်း စပိန်ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ လူငယ်တောင်ပံကစားသမား ဖာကန်ဒို ပယ်လစ္စထရီကို ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းနဲ့ ယူနိုက်တက် ခေါ်ယူ။

– အတ္တလန်တာအသင်းရဲ့ တောင်ပံကစားသမား အာမက် ထရာအိုရေးကိုတော့ ယူနိုက်တက်တို့ ယူရို ၄၁ သန်းသုံးပြီး ခေါ်ယူခဲ့ပေမယ့်လည်း အလုပ်လုပ်ခွင့် ပါမစ်မရသေးလို့ လာမယ့် ဇန်နဝါရီနှစ်သစ်ကူးချိန်အထိ စောင့်ဆိုင်းရဖွယ်ရှိနေ။

– နော့ဝစ်ချ်စီးတီးအသင်းရဲ့ တိုက်စစ်လိုက်ပါမှု ကောင်းမွန်တဲ့ အင်္ဂလန်လူငယ်နောက်ခံလူ ဘန် ဂေါ့ဖရီကို အဲဗာတန်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီး ခံစားခွင့်တွေအရဆိုရင် ပေါင်သန်း ၃၀ ခန့်အထိ ပေးချေရနိုင်။

– အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားဟောင်း သီယို ဝဲလ်ကော့ကို အဲဗာတန်အသင်းက သူ့ရဲ့ ကစားသမားဘဝ စတင်ရာ အသင်းဖြစ်တဲ့ တောင်ပိုင်းကမ်းခြေကလပ် ဆောက်သမ်တန်အသင်းဆီ တစ်ရာသီအငှားချ။

– ပြင်သစ်လီဂူးဝမ်းကလပ် ရင်းနေးအသင်းက ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာကို ပြောင်းရွှေ့ကြေး ယူရို ၁၇ သန်း+ ခံစားခွင့် ယူရို ၆ သန်းနဲ့ လိဒ်စ်ယူနိုက်တက်အသင်း ခေါ်ယူခဲ့ပြီး တောင်ပံသမား ရှာပုံတော်ကို အဆုံးသတ်နိုင်ခဲ့။

– ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းက စိတ်ဝင်စားမှုကြောင့် လူပိုသိလာခဲ့တဲ့ ဒိန်းမတ်ခံစစ်မှူး ဂျိုအာခင်မ် အန်ဒါဆန်ကို လီယွန်အသင်းကနေ တစ်ရာသီအငှားနဲ့ ဖူလ်ဟမ် ခေါ်ယူနိုင်ခဲ့ပြီး Deadline Day မှာ စိတ်ဝင်စားအရ အကောင်းဆုံး သဘောတူညီမှုတစ်ခုဖြစ်ခဲ့။

– မန်ချက်စတာစီးတီးအသင်းကနေ အငှားချမယ်လို့ သတင်းထွက်နေခဲ့တဲ့ လူငယ်နောက်ခံလူ တိုဆင် အာဒါရာဘိုင်ယိုရိုကို ဖူလ်ဟမ် အသင်းကပဲ ပြောင်းရွှေ့ကြေး ပေါင် ၂ သန်းနဲ့ အပြီးသတ် ခေါ်ယူလိုက်ပြီး သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့သလို ချဲလ်ဆီးကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်ကိုပါ အငှားနဲ့ခေါ်ယူ။

– ရိုးမားအသင်းရဲ့ အရန်ဂိုးသမားတစ်ဦးဖြစ်တဲ့ ဆွီဒင်လက်ရွေးစင် ရော်ဘင် အိုလ်ဆန်ကို အဲဗာတန်အသင်းက သူတို့ရဲ့ အမှားများနေတဲ့ ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ကို ဖိအားပေးနိုင်ဖို့ ခေါ်ယူခဲ့။

– အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့် မရတော့တဲ့ ဥရုဂွေးကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို အက်သလက်တီကို မက်ဒရစ်အသင်းက အငှားနဲ့ ခေါ်ယူသွားပြီး လက်ရွေးစင်အသင်းဖော်တွေဖြစ်ကြတဲ့ နောက်ခံလူ ဟီမီနက်ဇ်၊ တိုက်စစ်မှူး ဆွာရက်ဇ်တို့နဲ့ ပူးပေါင်းနိုင်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.