Premier League

ဂန်းနားတွေလို ဖြစ်ဖို့ ချဲလ်ဆီး အချိန်ဘယ်လောက်ယူရမလဲ ပြောပြခဲ့တဲ့ လမ်းပတ်

ဖရန့်ခ် လမ်းပတ်က ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလားစိန်ခေါ်သူတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်မှုအတိုင်း ထပ်တူလုပ်ဆောင်ပြနိုင်ဖို့ အချိန်အများကြိး လိုလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ အင်္ဂါနေ့ညနေမှာ ချဲလ်ဆီးအသင်းကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နှစ်သင်းစလုံးဟာ ယခုရာသီမှာ အလွန်ကွဲပြားခြားနားတဲ့ လမ်းကြောင်းအတိုင်း သွားနေကြတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ဖလားအတွက် မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်နေချိန်မှာ လမ်းပတ်ရဲ့ ချဲလ်ဆီးကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တင် ရမှတ် အနိမ့်ဆုံးရာသီနဲ့ မရင်ဆိုင်ရအောင် ရုန်းကန်နေရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုရာသီကုန်မှာ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ မျှော်မှန်းထားပြီး စပါးစ်နည်းပြဟောင်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ လူများပြီး ပွဲမစည်ဖြစ်နေတဲ့ လူစာရင်းကို ချုံ့ပစ်ဖို့အတွက် ခက်ခဲတဲ့ တာဝန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ၅ ပွဲစလုံး ရှုံးနိမ့်ခဲ့တဲ့ လမ်းပတ်က ချဲလ်ဆီးဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနိုင်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပေမယ့်လည်း အာဆင်နယ်လိုပုံစံမျိုးဖြစ်လာဖို့က အောင်မြင်မှုရဖို့အတွက် လျင်မြန်တဲ့ လမ်းကြောင်းဖြစ်လာမှာမဟုတ်ဘူးလို့ သတိပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အာဆင်နယ်လိုမျိုး ဆုဖလားစိန်ခေါ်သူတွေအဖြစ် တိုးတက်လာနိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီးသားလို့ ယုံကြည်လားလို့ မေးမြန်းခံရချိန်မှာ လမ်းပတ်က “အာဆင်နယ်ရဲ့ ဇာတ်လမ်းနဲ့ နှိုင်းယှဉ်ဖို့က စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးက Amazon စီးရီးထဲမှာ အာဆင်နယ်ကို အတွင်းကျကျ အနည်းငယ် မြင်တွေ့ခဲ့ရလို့ပါ။ ခင်ဗျား သူတို့တွေ အခု လုပ်ပြနေတာကို မြင်တွေ့တဲ့အခါမှာ ဘောလုံးနဲ့ပတ်သက်တဲ့လူတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ် ပြန်ကြည့်တဲ့အခါမှာ အဲဒီစီးရီးတွေကို ကြည့်ရှုတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အရာက ကျွန်တော် ပထမနှစ် ချဲလ်ဆီးနည်းပြအဖြစ် မီခေးလ်နဲ့ ရင်ဆိုင်ခဲ့တဲ့အချိန် မတိုင်ခင် မြင်တွေ့ခဲ့ရတာက ခင်ဗျား သွားချင်တဲ့နေရာကို ရောက်ဖို့က ရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့တယ်လို့ ထင်တယ်”

“ကျွန်တော် မီခေးလ်ရဲ့အသင်းနဲ့ အစောပိုင်းအဆင့်မှာ ကစားခဲ့ရတာကို မှတ်မိသေးတယ်။ တစ်ခါတလေ ခံစစ် ၅ ဦး၊ တစ်ခါတလေ ၄ ဦး၊ တစ်ခါတလေ သူတို့တွေ ၄ ဦးနဲ့ ပွဲထွက်လာပေမယ့် ၅ ဦးနဲ့ ခံစစ်ကစားခဲ့တယ်။ ဒီလိုအရာတွေအားလုံးဖြစ်ခဲ့ပြီးတော့ အခု သူတို့တွေက အရမ်းကို ရှင်းလင်းတဲ့ ဝိသေသမျိုးရှိနေပြီး အရမ်းရှင်းလင်းတဲ့ ကစားသမားသစ်စုဆောင်းမှုကနေတဆင့် လူစာရင်းအပြောင်းအလဲနဲ့အတူ အသင်းက လုံးဝကို ပြောင်းလဲသွားခဲ့တယ်။ အကယ်ဒမီကနေ ထွက်လာတဲ့ကစားသမားတွေက တခြားလူတွေထက် ပိုများတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ခင်ဗျား မြင့်မားတဲ့ အဆင့်အတန်းကို ရောက်ရှိလာမယ့် အကယ်ဒမီကစားသမားတွေ အမြဲတမ်း လိုအပ်ပြီး သူတို့တွေမှာ အဲဒါ ရှိခဲ့တယ်။ ဒါပေမယ့်လည်း မီခေးလ်ဆီကနေ၊ အသင်းဆီကနေ၊ ကောင်းမွန်တဲ့ ကစားသမားသစ် စုဆောင်းမှုကနေတဆင့် အလုပ်တွေ အများကြီး လုပ်ခဲ့တာတွေ ရှိခဲ့တယ်”

“ကျွန်တော်တို့ အဲဒီအကြောင်းကို ပြောရရင် ဒီလိုရာသီက နေ့ခင်းညခင်း ဖြစ်လာတယ်လို့ ထင်ရင် ခင်ဗျား အစကို ပြန်သွားရမယ်လို့ ကျွန်တော် ထင်ပြီး ပိုပြီးခက်ခဲတဲ့ အချိန်ကာလတွေအားလုံးကို ပြန်သွားရမှာပါ။ ကျွန်တော်တို့ အဲဒီလို လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ထင်လားဆိုရင် ထင်ပါတယ်။ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ အချိန်အများကြီးယူရမလားဆိုရင် ကျိန်းသေပေါက် ယူရမှာပါ။ ဒါပေမယ့် ခင်ဗျား အဲဒီနေရာကို ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဟုတ်ပါတယ်။ အဲဒီအောင်မြင်မှုတွေအတွက် အာဆင်နယ်ကို ချီးကျူးရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် မြင်ခဲ့ရလို့ပါ။ နည်းပြက အကြိမ်ကြိမ် မေးခွန်းထုတ်ခံခဲ့ရတာတွေ၊ ပိုင်ရှင်တွေ မေးခွန်းထုတ်ခံခဲ့ရတာတွေ၊ ကစားသမားတွေ မေးခွန်းထုတ်ခံခဲ့ရတဲ့အချိန်တွေကို ခင်ဗျား မှတ်မိမှာပါ”

“ဒီလုပ်ငန်းစဉ်က ၂ နှစ်၊ ၃ နှစ်လောက်အချိန်ယူရနိုင်ပါတယ်။ အဲဒီ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ခင်ဗျား မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေအများကြီး လုပ်ဆောင်ရမှာဖြစ်ပြီး ကောင်းမွန်တဲ့ပုံစံနဲ့ ဆက်ပြီး အလုပ်လုပ်နေရမှာပါ။ နည်းပြအပိုင်းကနေ ကြည့်ရင် အခြားအသင်းတွေ နည်းပြ ၂ ကြိမ်၊ ၃ ကြိမ်လောက် အပြောင်းအလဲ ဖြစ်ကောင်း ဖြစ်နေနိုင်တဲ့အချိန်မှာ နည်းပြနဲ့ တသားတည်းရှိနေတာကို မြင်ရတာက အရမ်းကောင်းတဲ့အရာပါ။ သူတို့တွေက အဲဒါကို ကောင်းကောင်း လုပ်နိုင်ခဲ့တဲ့ အရမ်းကောင်းတဲ့ စံနမူနာလို့ ထင်ပါတယ်။ အဲဒါက အရမ်းကောင်းတဲ့ နည်းပြ၊ အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့အတူ ဘာကြောင့် အခု သူတို့ရှိနေတဲ့နေရာမှာ ရှိနေလဲဆိုတဲ့ အဖြေရဲ့ တစ်စိတ်တပိုင်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဖရန႔္ခ္ လမ္းပတ္က ခ်ဲလ္ဆီးအသင္းဟာ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ဖလားစိန္ေခၚသူေတြအျဖစ္ ျပဳျပင္ေျပာင္းလဲႏိုင္မႈအတိုင္း ထပ္တူလုပ္ေဆာင္ျပႏိုင္ဖို႔ အခ်ိန္အမ်ားႀကိး လိုလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ အဂၤါေန႔ညေနမွာ ခ်ဲလ္ဆီးအသင္းကို အိမ္ကြင္း အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ႏွစ္သင္းစလုံးဟာ ယခုရာသီမွာ အလြန္ကြဲျပားျခားနားတဲ့ လမ္းေၾကာင္းအတိုင္း သြားေနၾကတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ဖလားအတြက္ မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ေနခ်ိန္မွာ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးကေတာ့ ပရီးမီးယားလိဂ္သမိုင္းမွာ စံခ်ိန္တင္ ရမွတ္ အနိမ့္ဆုံးရာသီနဲ႔ မရင္ဆိုင္ရေအာင္ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ယခုရာသီကုန္မွာ ပိုခ်က္တီႏိုကို နည္းျပသစ္အျဖစ္ ခန႔္အပ္သြားဖို႔ ေမွ်ာ္မွန္းထားၿပီး စပါးစ္နည္းျပေဟာင္းဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ လူမ်ားၿပီး ပြဲမစည္ျဖစ္ေနတဲ့ လူစာရင္းကို ခ်ဳံ႕ပစ္ဖို႔အတြက္ ခက္ခဲတဲ့ တာဝန္နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ယာယီနည္းျပအျဖစ္ ကိုင္တြယ္ခဲ့တဲ့ ၅ ပြဲစလုံး ရႈံးနိမ့္ခဲ့တဲ့ လမ္းပတ္က ခ်ဲလ္ဆီးဟာ ယခုရာသီမွာ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိႏိုင္တယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့ေပမယ့္လည္း အာဆင္နယ္လိုပုံစံမ်ိဳးျဖစ္လာဖို႔က ေအာင္ျမင္မႈရဖို႔အတြက္ လ်င္ျမန္တဲ့ လမ္းေၾကာင္းျဖစ္လာမွာမဟုတ္ဘူးလို႔ သတိေပးခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းက အာဆင္နယ္လိုမ်ိဳး ဆုဖလားစိန္ေခၚသူေတြအျဖစ္ တိုးတက္လာႏိုင္တဲ့ လူစာရင္းကို ပိုင္ဆိုင္ထားၿပီးသားလို႔ ယုံၾကည္လားလို႔ ေမးျမန္းခံရခ်ိန္မွာ လမ္းပတ္က “အာဆင္နယ္ရဲ႕ ဇာတ္လမ္းနဲ႔ ႏႈိင္းယွဥ္ဖို႔က စိတ္ဝင္စားစရာေကာင္းတယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔အားလုံးက Amazon စီးရီးထဲမွာ အာဆင္နယ္ကို အတြင္းက်က် အနည္းငယ္ ျမင္ေတြ႕ခဲ့ရလို႔ပါ။ ခင္ဗ်ား သူတို႔ေတြ အခု လုပ္ျပေနတာကို ျမင္ေတြ႕တဲ့အခါမွာ ေဘာလုံးနဲ႔ပတ္သက္တဲ့လူတစ္ေယာက္အျဖစ္ ကိုယ့္ကိုကိုယ္ ျပန္ၾကည့္တဲ့အခါမွာ အဲဒီစီးရီးေတြကို ၾကည့္ရႈတာနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားစရာေကာင္းတဲ့အရာက ကြၽန္ေတာ္ ပထမႏွစ္ ခ်ဲလ္ဆီးနည္းျပအျဖစ္ မီေခးလ္နဲ႔ ရင္ဆိုင္ခဲ့တဲ့အခ်ိန္ မတိုင္ခင္ ျမင္ေတြ႕ခဲ့ရတာက ခင္ဗ်ား သြားခ်င္တဲ့ေနရာကို ေရာက္ဖို႔က ရွည္လ်ားတဲ့ လုပ္ငန္းစဥ္တစ္ခုျဖစ္ခဲ့တယ္လို႔ ထင္တယ္”

“ကြၽန္ေတာ္ မီေခးလ္ရဲ႕အသင္းနဲ႔ အေစာပိုင္းအဆင့္မွာ ကစားခဲ့ရတာကို မွတ္မိေသးတယ္။ တစ္ခါတေလ ခံစစ္ ၅ ဦး၊ တစ္ခါတေလ ၄ ဦး၊ တစ္ခါတေလ သူတို႔ေတြ ၄ ဦးနဲ႔ ပြဲထြက္လာေပမယ့္ ၅ ဦးနဲ႔ ခံစစ္ကစားခဲ့တယ္။ ဒီလိုအရာေတြအားလုံးျဖစ္ခဲ့ၿပီးေတာ့ အခု သူတို႔ေတြက အရမ္းကို ရွင္းလင္းတဲ့ ဝိေသသမ်ိဳးရွိေနၿပီး အရမ္းရွင္းလင္းတဲ့ ကစားသမားသစ္စုေဆာင္းမႈကေနတဆင့္ လူစာရင္းအေျပာင္းအလဲနဲ႔အတူ အသင္းက လုံးဝကို ေျပာင္းလဲသြားခဲ့တယ္။ အကယ္ဒမီကေန ထြက္လာတဲ့ကစားသမားေတြက တျခားလူေတြထက္ ပိုမ်ားတာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ခင္ဗ်ား ျမင့္မားတဲ့ အဆင့္အတန္းကို ေရာက္ရွိလာမယ့္ အကယ္ဒမီကစားသမားေတြ အၿမဲတမ္း လိုအပ္ၿပီး သူတို႔ေတြမွာ အဲဒါ ရွိခဲ့တယ္။ ဒါေပမယ့္လည္း မီေခးလ္ဆီကေန၊ အသင္းဆီကေန၊ ေကာင္းမြန္တဲ့ ကစားသမားသစ္ စုေဆာင္းမႈကေနတဆင့္ အလုပ္ေတြ အမ်ားႀကီး လုပ္ခဲ့တာေတြ ရွိခဲ့တယ္”

“ကြၽန္ေတာ္တို႔ အဲဒီအေၾကာင္းကို ေျပာရရင္ ဒီလိုရာသီက ေန႔ခင္းညခင္း ျဖစ္လာတယ္လို႔ ထင္ရင္ ခင္ဗ်ား အစကို ျပန္သြားရမယ္လို႔ ကြၽန္ေတာ္ ထင္ၿပီး ပိုၿပီးခက္ခဲတဲ့ အခ်ိန္ကာလေတြအားလုံးကို ျပန္သြားရမွာပါ။ ကြၽန္ေတာ္တို႔ အဲဒီလို လုပ္ႏိုင္ဖို႔ ျဖစ္ႏိုင္ေျခရွိတယ္လို႔ ထင္လားဆိုရင္ ထင္ပါတယ္။ ေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔အတူ အခ်ိန္အမ်ားႀကီးယူရမလားဆိုရင္ က်ိန္းေသေပါက္ ယူရမွာပါ။ ဒါေပမယ့္ ခင္ဗ်ား အဲဒီေနရာကို ေရာက္ႏိုင္ပါတယ္။ ဒါေပမယ့္ ဟုတ္ပါတယ္။ အဲဒီေအာင္ျမင္မႈေတြအတြက္ အာဆင္နယ္ကို ခ်ီးက်ဴးရမွာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ျမင္ခဲ့ရလို႔ပါ။ နည္းျပက အႀကိမ္ႀကိမ္ ေမးခြန္းထုတ္ခံခဲ့ရတာေတြ၊ ပိုင္ရွင္ေတြ ေမးခြန္းထုတ္ခံခဲ့ရတာေတြ၊ ကစားသမားေတြ ေမးခြန္းထုတ္ခံခဲ့ရတဲ့အခ်ိန္ေတြကို ခင္ဗ်ား မွတ္မိမွာပါ”

“ဒီလုပ္ငန္းစဥ္က ၂ ႏွစ္၊ ၃ ႏွစ္ေလာက္အခ်ိန္ယူရႏိုင္ပါတယ္။ အဲဒီ ၂ ႏွစ္၊ ၃ ႏွစ္အတြင္းမွာ ခင္ဗ်ား မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြအမ်ားႀကီး လုပ္ေဆာင္ရမွာျဖစ္ၿပီး ေကာင္းမြန္တဲ့ပုံစံနဲ႔ ဆက္ၿပီး အလုပ္လုပ္ေနရမွာပါ။ နည္းျပအပိုင္းကေန ၾကည့္ရင္ အျခားအသင္းေတြ နည္းျပ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ အေျပာင္းအလဲ ျဖစ္ေကာင္း ျဖစ္ေနႏိုင္တဲ့အခ်ိန္မွာ နည္းျပနဲ႔ တသားတည္းရွိေနတာကို ျမင္ရတာက အရမ္းေကာင္းတဲ့အရာပါ။ သူတို႔ေတြက အဲဒါကို ေကာင္းေကာင္း လုပ္ႏိုင္ခဲ့တဲ့ အရမ္းေကာင္းတဲ့ စံနမူနာလို႔ ထင္ပါတယ္။ အဲဒါက အရမ္းေကာင္းတဲ့ နည္းျပ၊ အရမ္းေကာင္းတဲ့ ကစားသမားေတြနဲ႔အတူ ဘာေၾကာင့္ အခု သူတို႔ရွိေနတဲ့ေနရာမွာ ရွိေနလဲဆိုတဲ့ အေျဖရဲ႕ တစ္စိတ္တပိုင္းပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.