Premier League

အာဆင်နယ်က ပရီးမီးယားလိဂ်ရနိုင်သေးတယ်ဆိုတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက အမှတ်ပေးဇယားထိပ်ဆုံးမှာ ကာလရှည် ဦးဆောင်နိုင်မှုကို စွန့်လွှတ်ခဲ့ရပေမယ့်လည်း ၎င်းရဲ့အသင်းက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရနိုင်ဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးနဲ့ပွဲမှာ အရာအားလုံးကို မှန်ကန်အောင် လုပ်ဆောင်သွားချင်နေတာဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ နောက်ဆုံး ၄ ပွဲမှာ နိုင်ပွဲ ရရှိခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ၁၁ ဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် လက်ရှိမှာတော့ မန်ချက်စတာစီးတီးက တနင်္ဂနွေနေ့ညက ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ၁ ပွဲလျော့ ၁ မှတ်အသာနဲ့ ဦးဆောင်ထားတာဖြစ်ပြီး အာတီတာက ၎င်းရဲ့အသင်းဟာ သင်္ချာနည်းအရ မဖြစ်နိုင်သည့်တိုင်အောင် နောက်ဆုံးအချိန်အထိ အရှုံးပေးသွားမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ဆဲပါ။ ၅ ပွဲကစားဖို့ ကျန်နေသေးပြီး အရာတော်တော်များများက ဖြစ်လာနိုင်ပါသေးတယ်။ ကျွန်တော်တို့ လုပ်ရမယ့်ဟာက ပြီးခဲ့တဲ့အပတ်မှာ ဘာဖြစ်ခဲ့လဲဆိုတာကို မေ့ပစ်ဖို့နဲ့ အဲဒီကနေ သင်ယူပြီး လာမယ့်ပွဲ အိမ်ကွင်းမှာ ကျွန်တော်တို့ ပရိသတ်တွေနဲ့အတူ လန်ဒန်ဒါဘီမှာ အရာအားလုံးကို မှန်ကန်အောင်လုပ်ဖို့ အင်အားအပြည့်နဲ့ ရှေ့ဆက်သွားရမှာပါ”

အာဆင်နယ်ရဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်ထားနိုင်ခဲ့တဲ့ ၂၄၇ ည အဆုံးသတ်သွားခဲ့တဲ့အပေါ် မေးမြန်းခဲ့ရာမှာ အာတီတာက “အဲဒီတော့ မနက်ဖြန် ၂၄၈ ညပေါ့။ ဒါက ကျွန်တော် လိုချင်တဲ့အရာပါ။ မနက်ဖြန် အနိုင်ယူပြီး ဇယားထိပ်ဆုံးမှာ ရှိနေဖို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာက အမွတ္ေပးဇယားထိပ္ဆုံးမွာ ကာလရွည္ ဦးေဆာင္ႏိုင္မႈကို စြန႔္လႊတ္ခဲ့ရေပမယ့္လည္း ၎ရဲ႕အသင္းက ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရႏိုင္ဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ပြဲမွာ အရာအားလုံးကို မွန္ကန္ေအာင္ လုပ္ေဆာင္သြားခ်င္ေနတာျဖစ္ပါတယ္။

ေျမာက္လန္ဒန္ကလပ္အသင္းဟာ ေနာက္ဆုံး ၄ ပြဲမွာ ႏိုင္ပြဲ ရရွိခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး ၁၁ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီးေနာက္ လက္ရွိမွာေတာ့ မန္ခ်က္စတာစီးတီးက တနဂၤေႏြေန႔ညက ဖူလ္ဟမ္ကို အႏိုင္ရရွိခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ ၁ ပြဲေလ်ာ့ ၁ မွတ္အသာနဲ႔ ဦးေဆာင္ထားတာျဖစ္ၿပီး အာတီတာက ၎ရဲ႕အသင္းဟာ သခ်ၤာနည္းအရ မျဖစ္ႏိုင္သည့္တိုင္ေအာင္ ေနာက္ဆုံးအခ်ိန္အထိ အရႈံးေပးသြားမွာမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ပရီးမီးယားလိဂ္ဖလားကို ရရွိႏိုင္ဆဲပါ။ ၅ ပြဲကစားဖို႔ က်န္ေနေသးၿပီး အရာေတာ္ေတာ္မ်ားမ်ားက ျဖစ္လာႏိုင္ပါေသးတယ္။ ကြၽန္ေတာ္တို႔ လုပ္ရမယ့္ဟာက ၿပီးခဲ့တဲ့အပတ္မွာ ဘာျဖစ္ခဲ့လဲဆိုတာကို ေမ့ပစ္ဖို႔နဲ႔ အဲဒီကေန သင္ယူၿပီး လာမယ့္ပြဲ အိမ္ကြင္းမွာ ကြၽန္ေတာ္တို႔ ပရိသတ္ေတြနဲ႔အတူ လန္ဒန္ဒါဘီမွာ အရာအားလုံးကို မွန္ကန္ေအာင္လုပ္ဖို႔ အင္အားအျပည့္နဲ႔ ေရွ႕ဆက္သြားရမွာပါ”

အာဆင္နယ္ရဲ႕ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ထားႏိုင္ခဲ့တဲ့ ၂၄၇ ည အဆုံးသတ္သြားခဲ့တဲ့အေပၚ ေမးျမန္းခဲ့ရာမွာ အာတီတာက “အဲဒီေတာ့ မနက္ျဖန္ ၂၄၈ ညေပါ့။ ဒါက ကြၽန္ေတာ္ လိုခ်င္တဲ့အရာပါ။ မနက္ျဖန္ အႏိုင္ယူၿပီး ဇယားထိပ္ဆုံးမွာ ရွိေနဖို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.