Premier League

မန်ယူနိုက်တက်နဲ့ စပါးစ်တို့ရဲ့ပစ်မှတ်ကို ရောင်းချတော့မယ့် လက်စတာ

မန်ချက်စတာယူနိုက်တက်ပစ်မှတ် ဂျိမ်းစ် မက်ဒီဆင်ဟာ လက်စတာစီးတီးတန်းဆင်းသည်ဖြစ်စေ၊ တန်းမဆင်းရသည်ဖြစ်စေ ယခုနွေရာသီမှာ ရောင်းထုတ်ခံရတော့မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ လက်စတာစီးတီးအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက မက်ဒီဆင်ဟာ ပရီးမီးယားလိဂ်မှာ ကြီး ၆ ကြီး အပြင်ဘက်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ယခုရာသီမှာ မြေခွေးတွေရဲ့ အကောင်းဆုံးကစားသမားဆိုတာ ငြင်းလို့မရနိုင်ခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ်ကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ် ၂၅ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားပြီး လက်စတာစီးတီးက တန်းဆင်းရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပေမယ့်လည်း မက်ဒီဆင်က အထင်ကြီးဖွယ် ကိန်းဂဏန်းတွေကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

၂၀၁၅-၂၀၁၆ ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး ယနေ့ညမှာ အမှတ်ပေးဇယား အဆင့် ၁၉ နေရာက အဲဗာတန်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ချန်ပီယံရှစ်ကိုသာ တန်းဆင်းသွားရမယ်ဆိုရင် လက်စတာစီးတီးဟာ ၎င်းတို့ရဲ့ အကောင်းဆုံးကစားသမားတွေထဲက အများစုကို ရောင်းထုတ်ရနိုင်ပေမယ့် The Telegraph ရဲ့ ဖော်ပြချက်အရ မြေခွေးတွေအနေနဲ့ တန်းမဆင်းရအောင် စွမ်းဆောင်နိုင်မယ်ဆိုရင်လည်း မက်ဒီဆင်က ကင်းပါဝါကို စွန့်ခွာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ လာမယ့်နှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ယခုနှစ်အစောပိုင်းမှာ ပေါင် ၉၂.၅ သန်း စံချိန်တင်အရှုံးပေါ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုနွေရာသီဟာ လက်စတာစီးတီးအနေနဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ရောင်းထုတ်နိုင်မယ့် နောက်ဆုံးအခွင့်အရေးဖြစ်လာမှာဖြစ်ပါတယ်။

ဂျိမ်းစ် မက်ဒီဆင်ကို မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါး၊ နယူးကာဆယ်တို့အပြင် ခေါ်ယူချင်တဲ့အသင်းတွေ အများအပြားရှိနေတာဖြစ်ပြီး လက်စတာစီးတီးဟာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို အနည်းဆုံး ပေါင် ၄၅ သန်းကနေ ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ရောင်းထုတ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ပစ္မွတ္ ဂ်ိမ္းစ္ မက္ဒီဆင္ဟာ လက္စတာစီးတီးတန္းဆင္းသည္ျဖစ္ေစ၊ တန္းမဆင္းရသည္ျဖစ္ေစ ယခုေႏြရာသီမွာ ေရာင္းထုတ္ခံရေတာ့မွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္မွာ လက္စတာစီးတီးအသင္းကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက မက္ဒီဆင္ဟာ ပရီးမီးယားလိဂ္မွာ ႀကီး ၆ ႀကီး အျပင္ဘက္က အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ယခုရာသီမွာ ေျမေခြးေတြရဲ႕ အေကာင္းဆုံးကစားသမားဆိုတာ ျငင္းလို႔မရႏိုင္ခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္တိုက္စစ္ကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၂၅ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ျပဳလုပ္ထားၿပီး လက္စတာစီးတီးက တန္းဆင္းရႏိုင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း မက္ဒီဆင္က အထင္ႀကီးဖြယ္ ကိန္းဂဏန္းေတြကို ပိုင္ဆိုင္ေနတာျဖစ္ပါတယ္။

၂၀၁၅-၂၀၁၆ ပရီးမီးယားလိဂ္ခ်န္ပီယံေတြဟာ လက္ရွိမွာ အမွတ္ေပးဇယား အဆင့္ ၁၈ ေနရာမွာ ရပ္တည္ေနၿပီး ယေန႔ညမွာ အမွတ္ေပးဇယား အဆင့္ ၁၉ ေနရာက အဲဗာတန္နဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

ခ်န္ပီယံရွစ္ကိုသာ တန္းဆင္းသြားရမယ္ဆိုရင္ လက္စတာစီးတီးဟာ ၎တို႔ရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက အမ်ားစုကို ေရာင္းထုတ္ရႏိုင္ေပမယ့္ The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ ေျမေခြးေတြအေနနဲ႔ တန္းမဆင္းရေအာင္ စြမ္းေဆာင္ႏိုင္မယ္ဆိုရင္လည္း မက္ဒီဆင္က ကင္းပါဝါကို စြန႔္ခြာသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ လာမယ့္ႏွစ္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ယခုႏွစ္အေစာပိုင္းမွာ ေပါင္ ၉၂.၅ သန္း စံခ်ိန္တင္အရႈံးေပၚခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ ယခုေႏြရာသီဟာ လက္စတာစီးတီးအေနနဲ႔ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ကို ေရာင္းထုတ္ႏိုင္မယ့္ ေနာက္ဆုံးအခြင့္အေရးျဖစ္လာမွာျဖစ္ပါတယ္။

ဂ်ိမ္းစ္ မက္ဒီဆင္ကို မန္ခ်က္စတာယူႏိုက္တက္၊ ေတာ့တင္ဟမ္ေဟာ့စပါး၊ နယူးကာဆယ္တို႔အျပင္ ေခၚယူခ်င္တဲ့အသင္းေတြ အမ်ားအျပားရွိေနတာျဖစ္ၿပီး လက္စတာစီးတီးဟာ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ကို အနည္းဆုံး ေပါင္ ၄၅ သန္းကေန ေပါင္သန္း ၆၀ ဝန္းက်င္နဲ႔ ေရာင္းထုတ္သြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.