Premier League

တီယာနီက လီဗာပူးလ်ကို ဆန့်ကျင်ပြီး ဘက်လိုက်တဲ့ဆုံးဖြတ်ချက်တွေ ချခဲ့တဲ့လို့ စွပ်စွဲခဲ့တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က ပေါလ် တီယာနီကို ပြစ်တင်ဝေဖန်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဒိုင်လူကြီးက ၎င်းနဲ့ လီဗာပူးလ်ကို ဆန့်ကျင်ပြီး ဘက်လိုက်ဆုံးဖြတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

လီဗာပူးလ်ဟာ တနင်္ဂနွေနေ့က အန်းဖီးမှာ ၄-၃ နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကို အနိုင်ယူခဲ့တာဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ စိတ်လှုပ်ရှားစရာပွဲစဉ်ဟာ အငြင်းပွားစရာအများအပြားနဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ဂျိုတာက ၉၄ မိနစ်မှာ လီဗာပူးလ်အသင်းအတွက် နောက်ကျ အနိုင်ဂိုးကိုသွင်းယူပေးသွားခဲ့တာဖြစ်ပြီး ရစ်ချာလီဆန်က တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ၃-၃ ညီမျှစေမယ့် သွင်းဂိုးကို ၉၃ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ဟာ ဂျိုတာရဲ့  သွင်းဂိုးအတွက် စတုတ္ထဒိုင်ရှေ့မှာ အောင်ပွဲခံပြခဲ့တဲ့အတွက် အဝါကတ်ပြားပြသခံခဲ့ရပေမယ့်လည်း လီဗာပူးလ်နည်းပြက တီယာနီ ၎င်းကို အဝါကတ်ပြရင်း တစ်စုံတရာ ပြောခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူတို့တွေ မိုဟာမက် ဆာလားကို ဘယ်လိုဖြစ်ပြီး ပြစ်ဒဏ်ဘောပေးနိုင်ရတာလဲ(စပါးစ်ရဲ့ချေပဂိုးမတိုင်ခင်)။ ကျွန်တော်တို့ တီယာနီနဲ့ သမိုင်းကြောင်းရှိပါတယ်။ သူ ကျွန်တော်တို့ကို ဘာတွေ မကြည်နေလဲဆိုတာ တကယ်မသိပါဘူး။ သူပြောတာကတော့ ဘာပြဿနာမှ မရှိဘူးတဲ့။ ဒါပေမယ့် အဲဒါက တကယ်မဟုတ်နိုင်ပါဘူး။ သူ ကျွန်တော့်ကို ကြည့်တဲ့ပုံစံကို ကျွန်တော် နားမလည်ဘူး။အင်္ဂလန်မှာ ဘယ်သူကမှ ဒီလိုအခြေအနေတွေကို ရှင်းလင်းအောင် မလုပ်နိုင်ဘူး။ အဲဒါက တကယ်ကို ရှုပ်ထွေးပြီး နားလည်ဖို့ ခက်တယ်။ ကျွန်တော့် အောင်ပွဲခံမှုက မလိုအပ်ခဲ့ပါဘူး။ ဒါပေမယ့် သူ ကျွန်တော့်ကို အဝါကတ်ပြားပြတဲ့အချိန်မှာ ပြောခဲ့တဲ့စကားက အဆင်မပြေပါဘူး”

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က တီယာနီ ဘာပြောခဲ့လဲဆိုတာကို အတိအကျ ပြောပြဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ စပါးစ်နဲ့ပွဲစဉ်တုန်းကလည်း ရောဘတ်ဆန်ကို အနီကတ်နဲ့ ထုတ်ပယ်ပြီး ဟာရီ ကိန်းက ဆိုးရွားတဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အနီကတ်ကနေ လွတ်မြောက်စေခဲ့တဲ့ တီယာနီနဲ့ပတ်သက်ပြီး ဆက်လက် ညည်းတွားခဲ့ပါတယ်။

“ကျွန်တော် ပြောရမယ့် ပြဿနာက ပေါလ် တီယာနီက ဟာရီ ကိန်းကို အရေးကြီးတဲ့ အနီကတ်မပေးခဲ့ဘဲ ရော်ဘိုကို အနီကတ်ပြခဲ့တယ်။ ကျွန်တော် ကိန်းကို ချစ်မြတ်နိုးပါတယ်။ အဲဒါက ပထမဆုံးအကြိမ်မဟုတ်ဘဲ အများကြီး ရှိပါသေးတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာဂန္ ကေလာ့ပ္က ေပါလ္ တီယာနီကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ဒိုင္လူႀကီးက ၎နဲ႔ လီဗာပူးလ္ကို ဆန႔္က်င္ၿပီး ဘက္လိုက္ဆုံးျဖတ္ခဲ့တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

လီဗာပူးလ္ဟာ တနဂၤေႏြေန႔က အန္းဖီးမွာ ၄-၃ နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို အႏိုင္ယူခဲ့တာျဖစ္ၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ စိတ္လႈပ္ရွားစရာပြဲစဥ္ဟာ အျငင္းပြားစရာအမ်ားအျပားနဲ႔ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

ဂ်ိဳတာက ၉၄ မိနစ္မွာ လီဗာပူးလ္အသင္းအတြက္ ေနာက္က် အႏိုင္ဂိုးကိုသြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ရစ္ခ်ာလီဆန္က ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ ၃-၃ ညီမွ်ေစမယ့္ သြင္းဂိုးကို ၉၃ မိနစ္မွာ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ဟာ ဂ်ိဳတာရဲ႕  သြင္းဂိုးအတြက္ စတုတၳဒိုင္ေရွ႕မွာ ေအာင္ပြဲခံျပခဲ့တဲ့အတြက္ အဝါကတ္ျပားျပသခံခဲ့ရေပမယ့္လည္း လီဗာပူးလ္နည္းျပက တီယာနီ ၎ကို အဝါကတ္ျပရင္း တစ္စုံတရာ ေျပာခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြ မိုဟာမက္ ဆာလားကို ဘယ္လိုျဖစ္ၿပီး ျပစ္ဒဏ္ေဘာေပးႏိုင္ရတာလဲ(စပါးစ္ရဲ႕ေခ်ပဂိုးမတိုင္ခင္)။ ကြၽန္ေတာ္တို႔ တီယာနီနဲ႔ သမိုင္းေၾကာင္းရွိပါတယ္။ သူ ကြၽန္ေတာ္တို႔ကို ဘာေတြ မၾကည္ေနလဲဆိုတာ တကယ္မသိပါဘူး။ သူေျပာတာကေတာ့ ဘာျပႆနာမွ မရွိဘူးတဲ့။ ဒါေပမယ့္ အဲဒါက တကယ္မဟုတ္ႏိုင္ပါဘူး။ သူ ကြၽန္ေတာ့္ကို ၾကည့္တဲ့ပုံစံကို ကြၽန္ေတာ္ နားမလည္ဘူး။အဂၤလန္မွာ ဘယ္သူကမွ ဒီလိုအေျခအေနေတြကို ရွင္းလင္းေအာင္ မလုပ္ႏိုင္ဘူး။ အဲဒါက တကယ္ကို ရႈပ္ေထြးၿပီး နားလည္ဖို႔ ခက္တယ္။ ကြၽန္ေတာ့္ ေအာင္ပြဲခံမႈက မလိုအပ္ခဲ့ပါဘူး။ ဒါေပမယ့္ သူ ကြၽန္ေတာ့္ကို အဝါကတ္ျပားျပတဲ့အခ်ိန္မွာ ေျပာခဲ့တဲ့စကားက အဆင္မေျပပါဘူး”

ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္က တီယာနီ ဘာေျပာခဲ့လဲဆိုတာကို အတိအက် ေျပာျပဖို႔ ျငင္းဆန္ခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီ စပါးစ္နဲ႔ပြဲစဥ္တုန္းကလည္း ေရာဘတ္ဆန္ကို အနီကတ္နဲ႔ ထုတ္ပယ္ၿပီး ဟာရီ ကိန္းက ဆိုး႐ြားတဲ့ ျပစ္ဒဏ္က်ဴးလြန္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း အနီကတ္ကေန လြတ္ေျမာက္ေစခဲ့တဲ့ တီယာနီနဲ႔ပတ္သက္ၿပီး ဆက္လက္ ညည္းတြားခဲ့ပါတယ္။

“ကြၽန္ေတာ္ ေျပာရမယ့္ ျပႆနာက ေပါလ္ တီယာနီက ဟာရီ ကိန္းကို အေရးႀကီးတဲ့ အနီကတ္မေပးခဲ့ဘဲ ေရာ္ဘိုကို အနီကတ္ျပခဲ့တယ္။ ကြၽန္ေတာ္ ကိန္းကို ခ်စ္ျမတ္ႏိုးပါတယ္။ အဲဒါက ပထမဆုံးအႀကိမ္မဟုတ္ဘဲ အမ်ားႀကီး ရွိပါေသးတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.