Premier League

မန်ယူနိုက်တက်ကို ဝယ်ယူပြီးရင် ပီအက်စ်ဂျီကြယ်ပွင့်ကို ထိပ်တန်းပစ်မှတ်အဖြစ်ခေါ်ယူမယ့် ဂျက်ဆင်း

မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းပိုင်ရှင်အခြေအနေက အခုအချိန်အထိ အဖြေမထွက်သေးပေမယ့်လည်း အသင်းကို ဝယ်ယူဖို့ ကြိုးပမ်းနေတဲ့ အဓိကယှဉ်ပြိုင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ရှိတ်ခ် ဂျက်ဆင်းက ၎င်းရဲ့ ကမ်းလှမ်းမှုသာ အောင်မြင်ခဲ့မယ်ဆိုရင် ဘယ်သူ့ကို ခေါ်ယူရမလဲဆိုတာကို အတိအကျသိနေတာဖြစ်ပါတယ်။

ကာတာဘဏ်ဥက္ကဌဟာ INEOS ဥက္ကဌ ဆာ ဂျင်မ် ရက်ကလစ်ဖ်နဲ့အတူ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားတာဖြစ်ပြီး ဂလေဇာမိသားစုက ရက်ကလစ်ဖ်ရဲ့ ကမ်းလှမ်းမှုက ပိုမိုဆွဲဆောင်မှုရှိတယ်လို့ ယူဆထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ရှိတ်ခ် ဂျက်ဆင်းက မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူမယ့် ပြိုင်ပွဲထဲမှာ အားကောင်းနေဆဲဖြစ်ပြီး The Sun ရဲ့ ဖော်ပြချက်အရ ကာတာဘီလျံနာဟာ မန်ယူနိုက်တက်အသင်းပိုင်ရှင်သစ်ဖြစ်လာခဲ့မယ်ဆိုရင် ခေါ်ယူမယ့်ကစားသမားစာရင်းထဲမှာ နေမာကို ထိပ်ဆုံးမှာ ထားထားတယ်လို့ သိရပါတယ်။

ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ အနာဂတ်ဟာ လက်ရှိမှာ မရေမရာဖြစ်နေပြီး ပီအက်စ်ဂျီအသင်းက ယခုလာမယ့်နွေရာသီမှာ ရောင်းထုတ်သွားချင်တဲ့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

နေမာဟာ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း လီဂူးဝမ်းချန်ပီယံတွေက ပေါင်သန်း ၂၀၀ ဝန်းကျင်လောက် မရဘူးဆိုရင် ရောင်းချသွားမှာမဟုတ်ဘဲ လစာပမာဏကိုပါ ထည့်တွက်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အနေနဲ့ တော်တော်လေး ကြီးမားတဲ့ ငွေကြေးပမာဏကို သုံးစွဲသွားရဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အသင္းပိုင္ရွင္အေျခအေနက အခုအခ်ိန္အထိ အေျဖမထြက္ေသးေပမယ့္လည္း အသင္းကို ဝယ္ယူဖို႔ ႀကိဳးပမ္းေနတဲ့ အဓိကယွဥ္ၿပိဳင္သူေတြထဲက တစ္ဦးျဖစ္တဲ့ ရွိတ္ခ္ ဂ်က္ဆင္းက ၎ရဲ႕ ကမ္းလွမ္းမႈသာ ေအာင္ျမင္ခဲ့မယ္ဆိုရင္ ဘယ္သူ႔ကို ေခၚယူရမလဲဆိုတာကို အတိအက်သိေနတာျဖစ္ပါတယ္။

ကာတာဘဏ္ဥကၠဌဟာ INEOS ဥကၠဌ ဆာ ဂ်င္မ္ ရက္ကလစ္ဖ္နဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူဖို႔ ကမ္းလွမ္းမႈ ျပဳလုပ္ထားတာျဖစ္ၿပီး ဂေလဇာမိသားစုက ရက္ကလစ္ဖ္ရဲ႕ ကမ္းလွမ္းမႈက ပိုမိုဆြဲေဆာင္မႈရွိတယ္လို႔ ယူဆထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ရွိတ္ခ္ ဂ်က္ဆင္းက မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူမယ့္ ၿပိဳင္ပြဲထဲမွာ အားေကာင္းေနဆဲျဖစ္ၿပီး The Sun ရဲ႕ ေဖာ္ျပခ်က္အရ ကာတာဘီလ်ံနာဟာ မန္ယူႏိုက္တက္အသင္းပိုင္ရွင္သစ္ျဖစ္လာခဲ့မယ္ဆိုရင္ ေခၚယူမယ့္ကစားသမားစာရင္းထဲမွာ ေနမာကို ထိပ္ဆုံးမွာ ထားထားတယ္လို႔ သိရပါတယ္။

ဘရာဇီးလ္လက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ အနာဂတ္ဟာ လက္ရွိမွာ မေရမရာျဖစ္ေနၿပီး ပီအက္စ္ဂ်ီအသင္းက ယခုလာမယ့္ေႏြရာသီမွာ ေရာင္းထုတ္သြားခ်င္တဲ့ ဆႏၵရွိေနတာ ျဖစ္ပါတယ္။

ေနမာဟာ အသက္ ၃၀ အ႐ြယ္ရွိေနၿပီျဖစ္ေပမယ့္လည္း လီဂူးဝမ္းခ်န္ပီယံေတြက ေပါင္သန္း ၂၀၀ ဝန္းက်င္ေလာက္ မရဘူးဆိုရင္ ေရာင္းခ်သြားမွာမဟုတ္ဘဲ လစာပမာဏကိုပါ ထည့္တြက္မယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ေတာ္ေတာ္ေလး ႀကီးမားတဲ့ ေငြေၾကးပမာဏကို သုံးစြဲသြားရဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.