Premier League

ဟာရီ ကိန်းသတင်းတွေကို မီးမွှေးပေးလိုက်တဲ့ တန်ဟက်

အဲရစ် တန်ဟက်က ယခုနွေရာသီမှာ ဟာရီ ကိန်းက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လိမ့်မယ်ဆိုတဲ့ ကောလာဟလတွေကို ၎င်းအနေနဲ့ ကျောနံပါတ် ၉ ကစားသမား ခေါ်ယူချင်နေတယ်လို့ ဝန်ခံပြီး အတည်ပြုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်ရဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ်ခဲ့ပြီး ယခုရာသီကုန်မှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကြာသပတေးနေ့ညက စပါးစ်နဲ့ ၂-၂ သရေကျခဲ့တာဖြစ်ပြီး အဝေးကွင်းပရိသတ်တွေက ဟာရီကိန်း မင်းနဲ့ ဇွန်လကျရင် တွေ့မယ်လို့ ကြွေးကြော်ခဲ့ကြတာကို ကြားခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ၂၀၂၄ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ယခုနွေရာသီမှာ မိခင်ကလပ်အသင်းကို စွန့်ခွာနိုင်တယ်လို့ တစ်ကြိုပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်ဖို့ ရှေ့ဆုံးကနေ ဦးဆောင်နေတာဖြစ်ပြီး တန်ဟက်က ထိပ်တန်းအဆင့် အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

“တစ်ရာသီလုံး ကျွန်တော်တို့မှာ ကျောနံပါတ် ၉ မရှိခဲ့တာက လျှို့ဝှက်ချက်မဟုတ်ဘူးဆိုတာ အားလုံးလည်း အသိပါ။ ပထမဆုံး ကျွန်တော်တို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆုံးရှုံးခဲ့တယ်။ ပြီးတော့ အန်သိုနီ မာစီယယ်လ်က မကြာခဏ ပါဝင်ကစားပေးနိုင်တဲ့အခြေအနေမရှိခဲ့ဘူး။ ဆန်ချိုကလည်း မကြာခဏ ပါဝင်ကစားပေးနိုင်တဲ့အခြေအနေမရှိခဲ့ဘူး။ အဲဒီတော့ ခင်ဗျားမှာ တိုက်စစ်ကစားသမား ပြတ်တောက်မှုရှိလာပါတယ်။ ကစားသမားနည်းနည်းလေးနဲ့ ပွဲအများကြီးကို ကျွန်တော်တို့ ဖြစ်အောင် ကစားနေရတယ်။ အဲဒီတော့ လူစာရင်းကို အင်အား တောင့်တင်းစေမယ့် တိုက်စစ်ကစားသမားကို ကျွန်တော်တို့ ကျိန်းသေပေါက် လိုအပ်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္က ယခုေႏြရာသီမွာ ဟာရီ ကိန္းက မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕လိမ့္မယ္ဆိုတဲ့ ေကာလာဟလေတြကို ၎အေနနဲ႔ ေက်ာနံပါတ္ ၉ ကစားသမား ေခၚယူခ်င္ေနတယ္လို႔ ဝန္ခံၿပီး အတည္ျပဳခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ရဲ႕ ကိုယ္စားလွယ္ေတြကို ဆက္သြယ္ခဲ့ၿပီး ယခုရာသီကုန္မွာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၾကာသပေတးေန႔ညက စပါးစ္နဲ႔ ၂-၂ သေရက်ခဲ့တာျဖစ္ၿပီး အေဝးကြင္းပရိသတ္ေတြက ဟာရီကိန္း မင္းနဲ႔ ဇြန္လက်ရင္ ေတြ႕မယ္လို႔ ေႂကြးေၾကာ္ခဲ့ၾကတာကို ၾကားခဲ့ရတာ ျဖစ္ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟာ ၂၀၂၄ ခုႏွစ္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ယခုေႏြရာသီမွာ မိခင္ကလပ္အသင္းကို စြန႔္ခြာႏိုင္တယ္လို႔ တစ္ႀကိဳေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က အဂၤလန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ကို ေခၚယူႏိုင္ဖို႔ ေရွ႕ဆုံးကေန ဦးေဆာင္ေနတာျဖစ္ၿပီး တန္ဟက္က ထိပ္တန္းအဆင့္ အေထာင္တိုက္စစ္မႉးတစ္ဦး ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

“တစ္ရာသီလုံး ကြၽန္ေတာ္တို႔မွာ ေက်ာနံပါတ္ ၉ မရွိခဲ့တာက လွ်ိဳ႕ဝွက္ခ်က္မဟုတ္ဘူးဆိုတာ အားလုံးလည္း အသိပါ။ ပထမဆုံး ကြၽန္ေတာ္တို႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဆုံးရႈံးခဲ့တယ္။ ၿပီးေတာ့ အန္သိုနီ မာစီယယ္လ္က မၾကာခဏ ပါဝင္ကစားေပးႏိုင္တဲ့အေျခအေနမရွိခဲ့ဘူး။ ဆန္ခ်ိဳကလည္း မၾကာခဏ ပါဝင္ကစားေပးႏိုင္တဲ့အေျခအေနမရွိခဲ့ဘူး။ အဲဒီေတာ့ ခင္ဗ်ားမွာ တိုက္စစ္ကစားသမား ျပတ္ေတာက္မႈရွိလာပါတယ္။ ကစားသမားနည္းနည္းေလးနဲ႔ ပြဲအမ်ားႀကီးကို ကြၽန္ေတာ္တို႔ ျဖစ္ေအာင္ ကစားေနရတယ္။ အဲဒီေတာ့ လူစာရင္းကို အင္အား ေတာင့္တင္းေစမယ့္ တိုက္စစ္ကစားသမားကို ကြၽန္ေတာ္တို႔ က်ိန္းေသေပါက္ လိုအပ္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.