Premier League

အာတီတာရဲ့အပြောင်းအရွှေ့ဘတ်ဂျက်အတွက် ရောင်းထုတ်ခံရမယ့် ကစားသမား ၃ ဦး

အာဆင်နယ်အသင်းဟာ ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂရာနစ် ချာကာ၊ တီယာနီ၊ ဘာလိုဂန်တို့ကို ရောင်းထုတ်သွားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂန်းနားတွေဟာ လာမယ့်ရာသီအတွက် လူစာရင်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ၇ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီဖြစ်တာကြောင့် လက်ရှိ လူစာရင်းနဲ့တင် မလုံလောက်တော့တာ ဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်း ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်နဲ့ မေဆန် မောင့်တို့ကို နွေရာသီပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပြီး ဒီလို ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့ မြောက်လန်ဒန်ကလပ်အသင်းဟာ ချာကာ၊ တီယာနီနဲ့ ဘာလိုဂန်တို့ကို ရောင်းထုတ်ဖို့ ကြိုးစားသွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ချာကာဟာ အာတီတာရဲ့ အသင်းမှာ အဓိကအစိတ်အပိုင်းဖြစ်ခဲ့သူဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိင်ဖို့အတွက် ကူညီပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီ ပရီးမီးယားလိဂ် ၃၂ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပေမယ့်လည်း ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဂန်းနားတွေက ရောင်းထုတ်ပြီး ငွေရှာသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

တီယာနီကလည်း ဇင်ချန်ကို ရောက်လာပြီးကတည်းက အမ်းမရိတ်စ်မှာ ဒုတိယပွဲထွက် ဘယ်နောက်ခံလူဖြစ်ခဲ့ပြီးနောက်ပိုင်း နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ယခုရာသီမှာ ၅ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရခဲ့တာဖြစ်ပါတယ်။

ဘာလိုဂန်ကတော့ လီဂူးဝမ်းကလပ် ရင်းမ်စ်မှာ တစ်ရာသီအငှားစာချုပ်နဲ့ ထွက်ကစားနေပြီး ယခုရာသီမှာ လီဂူးဝမ်း ၃၁ ပွဲမှာ သွင်းဂိုး ၁၈ ဂိုးအထိ အထင်ကြီးဖွယ် သွင်းယူထားတဲ့ ကစားသမား ဖြစ်ပါတယ်။

ဂန်းနားတွေက ဘာလိုဂန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၂၆ သန်း သတ်မှတ်ထားပြီး အေစီမီလန်၊ မာဆေးလ်နဲ့ အင်္ဂလိပ်ကလပ်အသင်းအချို့က အာဆင်နယ်လူငယ်တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ ယခုလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဂရာနစ္ ခ်ာကာ၊ တီယာနီ၊ ဘာလိုဂန္တို႔ကို ေရာင္းထုတ္သြားခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဂန္းနားေတြဟာ လာမယ့္ရာသီအတြက္ လူစာရင္းကို အင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး ၇ ႏွစ္ၾကာ ေဝးကြာေနခဲ့တဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့ၿပီျဖစ္တာေၾကာင့္ လက္ရွိ လူစာရင္းနဲ႔တင္ မလုံေလာက္ေတာ့တာ ျဖစ္ပါတယ္။

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ ဝက္စ္ဟမ္း ယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ႐ိုက္စ္နဲ႔ ေမဆန္ ေမာင့္တို႔ကို ေႏြရာသီပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ သိရၿပီး ဒီလို ကစားသမားေခၚယူမႈေတြ ျပဳလုပ္ဖို႔ ေျမာက္လန္ဒန္ကလပ္အသင္းဟာ ခ်ာကာ၊ တီယာနီနဲ႔ ဘာလိုဂန္တို႔ကို ေရာင္းထုတ္ဖို႔ ႀကိဳးစားသြားမယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ခ်ာကာဟာ အာတီတာရဲ႕ အသင္းမွာ အဓိကအစိတ္အပိုင္းျဖစ္ခဲ့သူျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚနိင္ဖို႔အတြက္ ကူညီေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ဆြစ္ဇာလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၃၂ ပြဲမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ထားေပမယ့္လည္း ၂၀၂၄ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ဂန္းနားေတြက ေရာင္းထုတ္ၿပီး ေငြရွာသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

တီယာနီကလည္း ဇင္ခ်န္ကို ေရာက္လာၿပီးကတည္းက အမ္းမရိတ္စ္မွာ ဒုတိယပြဲထြက္ ဘယ္ေနာက္ခံလူျဖစ္ခဲ့ၿပီးေနာက္ပိုင္း နယူးကာဆယ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး ယခုရာသီမွာ ၅ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ရခဲ့တာျဖစ္ပါတယ္။

ဘာလိုဂန္ကေတာ့ လီဂူးဝမ္းကလပ္ ရင္းမ္စ္မွာ တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ထြက္ကစားေနၿပီး ယခုရာသီမွာ လီဂူးဝမ္း ၃၁ ပြဲမွာ သြင္းဂိုး ၁၈ ဂိုးအထိ အထင္ႀကီးဖြယ္ သြင္းယူထားတဲ့ ကစားသမား ျဖစ္ပါတယ္။

ဂန္းနားေတြက ဘာလိုဂန္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၂၆ သန္း သတ္မွတ္ထားၿပီး ေအစီမီလန္၊ မာေဆးလ္နဲ႔ အဂၤလိပ္ကလပ္အသင္းအခ်ိဳ႕က အာဆင္နယ္လူငယ္တိုက္စစ္မႉးကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.