Serie A

ရိုးမားအမျိုးသမီးကြယ်ပွင့်ကို အမျိုးသားအသင်းအတွက် ကစားပေးစေချင်နေတဲ့ မော်ရင်ညို

ရိုးမားနည်းပြ မော်ရင်ညိုက အမျိူးသမီးကစားသမား ကာရီနာ ဝမ်နင်ဂါကို ရိုးမားအမျိုးသားအသင်းထဲမှာ ကစားပေးစေချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

စီးရီးအေကလပ်အသင်းဟာ ဒဏ်ရာပြဿနာအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး စနေနေ့ညက အေစီမီလန်အသင်းကို အိမ်ကွင်းမှာ ၁-၁ နဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း တန်မီ အေဘရာဟမ်က ၉၃ မိနစ်မှာ ရိုးမားအသင်းအတွက် အနိုင်ဂိုးလို့ ထင်မြင်ခဲ့တဲ့ နောက်ကျသွင်းဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ၉၇ မိနစ်မှာ အေစီမီလန်က ချေပဂိုး ပြန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ရိုးမားအသင်းက အေစီမီလန်ရဲ့ အောက် အဆင့် ၅ နေရာမှာ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ရပ်တည်ခဲ့ရပြီး ၂ သင်းစလုံးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံး ၄ နေရာအတွင်း ပြီးဆုံးဖို့ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ စီးရီးအေပွဲစဉ် ၆ ပွဲသာ ကစားဖို့ ကျန်တော့တာဖြစ်ပြီး မော်ရင်ညိုက အမျိုးသမီးအသင်းကို စကူဒက်တို ဖလား ရရှိအောင် ကူညီပေးခဲ့တဲ့ ရိုးမားအမျိုးသမီးအသင်း ဗဟိုခံစစ်ကစားသမား ဝမ်နင်ဂါကို အမျိုးသားအသင်းထဲကို ခေါ်ချင်တဲ့အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝမ်နင်ဂါဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေသူဖြစ်ပြီး ဩစတြီးယားလက်ရွေးစင်အသင်းအတွက် ၁၂၄ ပွဲ ပါဝင်ကစားပေးထားတဲ့ ကစားသမား ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ဝမ်နင်ဂါဟာ အမျိုးသမီး ဘွန်ဒက်စ်လီဂါဖလား ၃ ကြိမ်အပြင် ပိုကယ်ဖလားကိုလည်း ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး အေစီမီလန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲအပြီး စကားပြောဆိုရာမှာ မော်ရင်ညိုက “အမျိုးသမီးအသင်းက စကူဒက်တိုဖလားကို အနိုင်ရရှိခဲ့ပါတယ်။ သူတို့တွေမှာ ဘိုင်ယန်မြူးနစ်အတွက် ကစားပေးခဲ့တဲ့ အရမ်းကောင်းတဲ့ ဗဟိုခံစစ်ကစားသမားရှိပြီး သူ ကျွန်တော်တို့အတွက် ကစားပေးကောင်း ကစားပေးနိုင်ပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ိုးမားနည္းျပ ေမာ္ရင္ညိဳက အမ်ိဴးသမီးကစားသမား ကာရီနာ ဝမ္နင္ဂါကို ႐ိုးမားအမ်ိဳးသားအသင္းထဲမွာ ကစားေပးေစခ်င္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

စီးရီးေအကလပ္အသင္းဟာ ဒဏ္ရာျပႆနာအၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး စေနေန႔ညက ေအစီမီလန္အသင္းကို အိမ္ကြင္းမွာ ၁-၁ နဲ႔ သေရက်ခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း တန္မီ ေအဘရာဟမ္က ၉၃ မိနစ္မွာ ႐ိုးမားအသင္းအတြက္ အႏိုင္ဂိုးလို႔ ထင္ျမင္ခဲ့တဲ့ ေနာက္က်သြင္းဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ၉၇ မိနစ္မွာ ေအစီမီလန္က ေခ်ပဂိုး ျပန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ႐ိုးမားအသင္းက ေအစီမီလန္ရဲ႕ ေအာက္ အဆင့္ ၅ ေနရာမွာ ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ရပ္တည္ခဲ့ရၿပီး ၂ သင္းစလုံးဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ထိပ္ဆုံး ၄ ေနရာအတြင္း ၿပီးဆုံးဖို႔ တိုက္ပြဲဝင္ေနၾကတာျဖစ္ပါတယ္။

႐ိုးမားအသင္းဟာ စီးရီးေအပြဲစဥ္ ၆ ပြဲသာ ကစားဖို႔ က်န္ေတာ့တာျဖစ္ၿပီး ေမာ္ရင္ညိဳက အမ်ိဳးသမီးအသင္းကို စကူဒက္တို ဖလား ရရွိေအာင္ ကူညီေပးခဲ့တဲ့ ႐ိုးမားအမ်ိဳးသမီးအသင္း ဗဟိုခံစစ္ကစားသမား ဝမ္နင္ဂါကို အမ်ိဳးသားအသင္းထဲကို ေခၚခ်င္တဲ့အေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဝမ္နင္ဂါဟာ ဘိုင္ယန္ျမဴးနစ္အသင္းကေန အငွားနဲ႔ လာေရာက္ကစားေနသူျဖစ္ၿပီး ဩစႀတီးယားလက္ေ႐ြးစင္အသင္းအတြက္ ၁၂၄ ပြဲ ပါဝင္ကစားေပးထားတဲ့ ကစားသမား ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းမွာ ဝမ္နင္ဂါဟာ အမ်ိဳးသမီး ဘြန္ဒက္စ္လီဂါဖလား ၃ ႀကိမ္အျပင္ ပိုကယ္ဖလားကိုလည္း ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ေအစီမီလန္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲအၿပီး စကားေျပာဆိုရာမွာ ေမာ္ရင္ညိဳက “အမ်ိဳးသမီးအသင္းက စကူဒက္တိုဖလားကို အႏိုင္ရရွိခဲ့ပါတယ္။ သူတို႔ေတြမွာ ဘိုင္ယန္ျမဴးနစ္အတြက္ ကစားေပးခဲ့တဲ့ အရမ္းေကာင္းတဲ့ ဗဟိုခံစစ္ကစားသမားရွိၿပီး သူ ကြၽန္ေတာ္တို႔အတြက္ ကစားေပးေကာင္း ကစားေပးႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.