Serie A

အိုဆီမန်နဲ့ပတ်သက်ပြီး ချဲလ်ဆီးနဲ့ယူနိုက်တက်ကို ရှင်းလင်းတဲ့သတင်းစကားပေးပို့ခဲ့တဲ့ နာပိုလီဥက္ကဌ

နာပိုလီ ဥက္ကဌ အော်ရယ်လီယို ဒီ လော်ရန်းတိစ်က ယခုနွေရာသီမှာ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို အသင်းအနေနဲ့ ရောင်းချသွားမှာမဟုတ်ဘူးလို့ ကတိပြုခဲ့ပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးဟာ နာပိုလီအသင်းကို ၃၃ နှစ်အတွင်း ပထမဆုံး စီးရီးအေဖလား ရရှိအောင် သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့ပြီး တောက်ပတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

လူစီယာနို စပယ်လက်တီရဲ့ အသင်းဟာ ကြာသပတေးနေ့ညက အူဒီးနီးစ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ စီးရီးအေဖလားကို ကိုင်မြှောက်နိုင်ခဲ့ကြတာဖြစ်ပြီး အိုဆီမန်က ယခုရာသီရဲ့ ၂၇ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နာပိုလီရဲ့ အောင်မြင်မှုဟာ ဒီယေဂို မာရာဒိုနာ အကောင်းဆုံးအချိန်နောက်ပိုင်းကတည်းက အောင်မြင်မှု အရသာကို မခံစားခဲ့ရတဲ့ နေပယ်မြို့တစ်မြို့လုံး ပျော်စရာမြင်ကွင်းတွေ ပြည့်နှက်စေခဲ့ပေမယ့်လည်း ဥရောပရဲ့အကြီးမားဆုံးကလပ်အသင်းတွေ ဝိုင်းနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ၂ သင်းစလုံးဟာ ယခုရာသီ တိုက်စစ်မှာ ပြဿနာတွေ ရှိနေခဲ့တာကြောင့် ယခုနွေရာသီမှာ ထိပ်တန်းဂိုးသွင်းရှင်ကို စျေးကွက်ထဲမှာ ရှာဖွေသွားတော့မှာ ကျိန်းသေပါတယ်။

မာစီယယ်လ်နဲ့ ဗက်ဟော့စ်တို့ ၂ ဦးစလုံးဟာ နည်းပြ တန်ဟက်လက်အောက် အိုးထရက်ဖို့ဒ်မှာ အနာဂတ် မရေမရာဖြစ်နေတာပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၄၀ သာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အခြေအနေကလည်း ထူးမခြားနားဖြစ်ပြီး ဂရေဟမ် ပေါ့တားကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ဖြစ်လာမယ့် ဘယ်နည်းပြမဆို အားနည်းနေတဲ့ အထောင်တိုက်စစ်နေရာအတွက် ဦးစားပေး ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အိုဆီမန်ဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့်လည်း ဒီ လော်ရန်းတိစ်က ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို သူများလက်ထဲအပါခံမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီနွေရာသီမှာ ဗစ်တာ အိုဆီမန်ကို ရောင်းမှာမဟုတ်ပါဘူး။ လုံးဝ မဖြစ်နိုင်ပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နာပိုလီ ဥကၠဌ ေအာ္ရယ္လီယို ဒီ ေလာ္ရန္းတိစ္က ယခုေႏြရာသီမွာ အသင္းရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉး ဗစ္တာ အိုဆီမန္ကို အသင္းအေနနဲ႔ ေရာင္းခ်သြားမွာမဟုတ္ဘူးလို႔ ကတိျပဳခဲ့ပါတယ္။

ႏိုင္ဂ်ီးရီးယားလက္ေ႐ြးစင္တိုက္စစ္မႉးဟာ နာပိုလီအသင္းကို ၃၃ ႏွစ္အတြင္း ပထမဆုံး စီးရီးေအဖလား ရရွိေအာင္ သြင္းဂိုးေတြနဲ႔ ကူညီေပးႏိုင္ခဲ့ၿပီး ေတာက္ပတဲ့ ရာသီကို ပိုင္ဆိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

လူစီယာႏို စပယ္လက္တီရဲ႕ အသင္းဟာ ၾကာသပေတးေန႔ညက အူဒီးနီးစ္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ စီးရီးေအဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၾကတာျဖစ္ၿပီး အိုဆီမန္က ယခုရာသီရဲ႕ ၂၇ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

နာပိုလီရဲ႕ ေအာင္ျမင္မႈဟာ ဒီေယဂို မာရာဒိုနာ အေကာင္းဆုံးအခ်ိန္ေနာက္ပိုင္းကတည္းက ေအာင္ျမင္မႈ အရသာကို မခံစားခဲ့ရတဲ့ ေနပယ္ၿမိဳ႕တစ္ၿမိဳ႕လုံး ေပ်ာ္စရာျမင္ကြင္းေတြ ျပည့္ႏွက္ေစခဲ့ေပမယ့္လည္း ဥေရာပရဲ႕အႀကီးမားဆုံးကလပ္အသင္းေတြ ဝိုင္းေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ ၂ သင္းစလုံးဟာ ယခုရာသီ တိုက္စစ္မွာ ျပႆနာေတြ ရွိေနခဲ့တာေၾကာင့္ ယခုေႏြရာသီမွာ ထိပ္တန္းဂိုးသြင္းရွင္ကို ေစ်းကြက္ထဲမွာ ရွာေဖြသြားေတာ့မွာ က်ိန္းေသပါတယ္။

မာစီယယ္လ္နဲ႔ ဗက္ေဟာ့စ္တို႔ ၂ ဦးစလုံးဟာ နည္းျပ တန္ဟက္လက္ေအာက္ အိုးထရက္ဖို႔ဒ္မွာ အနာဂတ္ မေရမရာျဖစ္ေနတာၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၄၀ သာ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းက အေျခအေနကလည္း ထူးမျခားနားျဖစ္ၿပီး ဂေရဟမ္ ေပါ့တားကို နည္းျပရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ နည္းျပသစ္ျဖစ္လာမယ့္ ဘယ္နည္းျပမဆို အားနည္းေနတဲ့ အေထာင္တိုက္စစ္ေနရာအတြက္ ဦးစားေပး ေခၚယူသြားမွာ ျဖစ္ပါတယ္။

အိုဆီမန္ဟာ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးေတြနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ေပမယ့္လည္း ဒီ ေလာ္ရန္းတိစ္က ၎တို႔ရဲ႕ ၾကယ္ပြင့္ကစားသမားကို သူမ်ားလက္ထဲအပါခံမွာမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီေႏြရာသီမွာ ဗစ္တာ အိုဆီမန္ကို ေရာင္းမွာမဟုတ္ပါဘူး။ လုံးဝ မျဖစ္ႏိုင္ပါဘူး။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.