Serie A

တစ်ပွဲပယ်ပြစ်ဒဏ်အပေါ် အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့တဲ့ လူကာကူး

ချဲလ်ဆီးကနေ အငှားနဲ့ လာကစားနေတဲ့ လူကာကူးက ၎င်းရဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့မှုဟာ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့ စိတ်ပိုင်းဖြတ်မှု ကြီးထွားလာတာကို မီးမောင်းထိုးပြခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

လူကာကူးဟာ တစ်ပွဲပယ် ပြစ်ဒဏ် ပယ်ဖျက်ခံခဲ့ရတာကြောင့် လာမယ့်အပတ် ဂျူဗင်တပ်နဲ့ ကစားရမယ့် ကိုပါအီတာလီယာ ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်တော့မှာ ဖြစ်ပြီး အစပိုင်းတုန်းက ချဲလ်ဆီးတိုက်စစ်မှူးဟာ ပထမအကျော့ တူရင်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဂိုးအောင်ပွဲခံမှုကြောင့် ၂ ဝါ ၁ နီ ပြသခံခဲ့ရတာကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျူဗင်တပ်ပရိသတ်တွေဟာ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးကို လူမျိုးရေးခွဲခြားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လူကာကူးက ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး အင်တာမီလန်ရဲ့ ကနဦး အယူခံကို ယခုအပတ်အစောပိုင်းမှာ ပယ်ချခဲ့မှုကြောင့် နိုင်ငံတဝှမ်း ဒေါသဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခြေအနေက အံ့အားသင့်ဖွယ် ပြောင်းလဲသွားခဲ့ပြီး အင်တာမီလန်က သောကြာနေ့မှာ အားကောင်းတဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ လူကာကူးဟာ တစ်ဦးတည်းသော သားကောင်နဲ့ တစ်ဦးတည်းသော အပြစ်ရှိသူဖြစ်ခဲ့တယ်လို့ မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီဖြစ်ပြီး အတိုချုံး ထုတ်ပြန်ကြေညာချက်ကို မျှဝေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အရမ်းကောင်းတဲ့ တုံ့ပြန်မှုကို သက်သေပြသခဲ့တဲ့ FIGC ဥက္ကဌရဲ့ ဒီဆုံးဖြတ်ချက် ချမှတ်မှုအတွက် တကယ်ပျော်ရွှင်မိပါတယ်။ သူ့ရဲ့ ကြားဝင်မှုကြောင့် တရားမျှတမှုရှိလာခဲ့ပြီး အားကစားလောကကို အချက်ပြပေးခဲ့တယ်လို့ ယုံကြည်ပါတယ်။ အဲဒါက လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်လိုတဲ့ဆန္ဒရှိကြောင်း သက်သေပြသခဲ့တာပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.