Ligue1

မက်ဆီကို ဘက်ဟမ်းက လစ်လျူရှုခဲ့တယ်လို့ ထင်မြင်နေတဲ့ ပရိသတ်များ

ပရိသတ်အချို့က လီယွန်နယ် မက်ဆီဟာ ဒေးဗစ် ဘက်ဟမ်းရဲ့ လစ်လျူရှုခြင်းကို ခံခဲ့ရတယ်လို့ ထင်မြင်ခဲ့ကြပြီး ဘောလုံးစူပါစတား ၂ ဦးဟာ ပီအက်စ်ဂျီအသင်း လေ့ကျင့်ရေးကွင်းမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ဟမ်းက ယခုအပတ် ပဲရစ်မှာ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပြီး ကစားသမားဘဝ နောက်ဆုံးအဆုံးသတ်ခဲ့တဲ့အသင်းဟောင်းဖြစ်တဲ့ ပီအက်စ်ဂျီကို လာရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

ဒေးဗစ် ဘက်ဟမ်းဟာ ခရစ္စတို့ဖ် ဂယ်လ်တီယေးရဲ့ ကြယ်ပွင့်တွေ ပြည့်နှက်နေတဲ့ လူစာရင်းနဲ့ တွေ့ဆုံခဲ့ပြီး နေမာ၊ မက်ဆီ၊ အမ်ဘာပေ၊ ရာမို့စ်၊ ဗာရက်တီတို့လို ကစားသမားတွေနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဘက်ဟမ်းဟာ ပီအက်စ်ဂျီအသင်း လေ့ကျင့်ရေးကွင်းက နည်းပြအဖွဲ့နဲ့လည်း စကားပြောဆိုခဲ့ပြီး ယနေ့ည လိုရွန်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးဆင်းနေတဲ့ ပီအက်စ်ဂျီအသင်း တစ်သင်းလုံးနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်က ၎င်းရဲ့ နာမည်ပါဝင်တဲ့ ကျောနံပါတ် ၃၂ ရှပ်နဲ့အတူ ဓာတ်ပုံရိုက်ကူးခဲ့ပြီး စိတ်ကသိကအောင့်ဖြစ်စရာ အဖြစ်အပျက်လို့ ယုံကြည်ရတဲ့ လီယွန်နယ် မက်ဆီနဲ့ ဖြစ်စဉ်ကို ပရိသတ်အချို့က မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဘက်ဟမ်းက မက်ဆီနဲ့ ဓာတ်ပုံ တွဲမရိုက်ခင်မှာ ဘလွန်ဒေါ ၇ ဆုရှင်က ၎င်းရဲ့ လက်တစ်ဖက်ကို ထုတ်ပေးခဲ့ပေမယ့်လည်း အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းက လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

“မက်ဆီရဲ့ လက်ဆွဲနှုတ်ဆက်မှုကို ဘက်ဟမ်း လစ်လျူရှုခဲ့တဲ့ပုံစံကို သဘောကျတယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကတော့ “အဲဒါက လက်ဆွဲနှုတ်ဆက်တာမဟုတ်ဘူးဆိုတာကို မမြင်ရအောင် ကန်းနေလား။ သူက ဓာတ်ပုံရိုက်ဖို့ ကင်မရာကို ညွှန်ပြနေတာ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယဗီဒီယိုမှာ ဒေးဗစ် ဘက်ဟမ်းက လီယွန်နယ် မက်ဆီကို ဂုဏ်ပြုပါတယ်လို့ ပြောကြားခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဘောလုံးစူပါစတား ၂ ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရိသတ္အခ်ိဳ႕က လီယြန္နယ္ မက္ဆီဟာ ေဒးဗစ္ ဘက္ဟမ္းရဲ႕ လစ္လ်ဴရႈျခင္းကို ခံခဲ့ရတယ္လို႔ ထင္ျမင္ခဲ့ၾကၿပီး ေဘာလုံးစူပါစတား ၂ ဦးဟာ ပီအက္စ္ဂ်ီအသင္း ေလ့က်င့္ေရးကြင္းမွာ ေတြ႕ဆုံခဲ့ၾကတာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ ဘက္ဟမ္းက ယခုအပတ္ ပဲရစ္မွာ အခ်ိန္ကုန္ဆုံးခဲ့တာျဖစ္ၿပီး ကစားသမားဘဝ ေနာက္ဆုံးအဆုံးသတ္ခဲ့တဲ့အသင္းေဟာင္းျဖစ္တဲ့ ပီအက္စ္ဂ်ီကို လာေရာက္လည္ပတ္ခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္ ဘက္ဟမ္းဟာ ခရစၥတို႔ဖ္ ဂယ္လ္တီေယးရဲ႕ ၾကယ္ပြင့္ေတြ ျပည့္ႏွက္ေနတဲ့ လူစာရင္းနဲ႔ ေတြ႕ဆုံခဲ့ၿပီး ေနမာ၊ မက္ဆီ၊ အမ္ဘာေပ၊ ရာမို႔စ္၊ ဗာရက္တီတို႔လို ကစားသမားေတြနဲ႔ ဓာတ္ပုံ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

ဘက္ဟမ္းဟာ ပီအက္စ္ဂ်ီအသင္း ေလ့က်င့္ေရးကြင္းက နည္းျပအဖြဲ႕နဲ႔လည္း စကားေျပာဆိုခဲ့ၿပီး ယေန႔ည လို႐ြန္နဲ႔ပြဲမတိုင္ခင္ ေလ့က်င့္ေရးဆင္းေနတဲ့ ပီအက္စ္ဂ်ီအသင္း တစ္သင္းလုံးနဲ႔ ဓာတ္ပုံ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္က ၎ရဲ႕ နာမည္ပါဝင္တဲ့ ေက်ာနံပါတ္ ၃၂ ရွပ္နဲ႔အတူ ဓာတ္ပုံ႐ိုက္ကူးခဲ့ၿပီး စိတ္ကသိကေအာင့္ျဖစ္စရာ အျဖစ္အပ်က္လို႔ ယုံၾကည္ရတဲ့ လီယြန္နယ္ မက္ဆီနဲ႔ ျဖစ္စဥ္ကို ပရိသတ္အခ်ိဳ႕က ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဘက္ဟမ္းက မက္ဆီနဲ႔ ဓာတ္ပုံ တြဲမ႐ိုက္ခင္မွာ ဘလြန္ေဒါ ၇ ဆုရွင္က ၎ရဲ႕ လက္တစ္ဖက္ကို ထုတ္ေပးခဲ့ေပမယ့္လည္း အဂၤလန္ကြင္းလယ္ကစားသမားေဟာင္းက လက္ဆြဲႏႈတ္ဆက္ခဲ့ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

“မက္ဆီရဲ႕ လက္ဆြဲႏႈတ္ဆက္မႈကို ဘက္ဟမ္း လစ္လ်ဴရႈခဲ့တဲ့ပုံစံကို သေဘာက်တယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကေတာ့ “အဲဒါက လက္ဆြဲႏႈတ္ဆက္တာမဟုတ္ဘူးဆိုတာကို မျမင္ရေအာင္ ကန္းေနလား။ သူက ဓာတ္ပုံ႐ိုက္ဖို႔ ကင္မရာကို ၫႊန္ျပေနတာ”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒုတိယဗီဒီယိုမွာ ေဒးဗစ္ ဘက္ဟမ္းက လီယြန္နယ္ မက္ဆီကို ဂုဏ္ျပဳပါတယ္လို႔ ေျပာၾကားခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ေဘာလုံးစူပါစတား ၂ ဦးဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္းရင္းႏွီးႏွီး ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.