Ligue1 Premier League

ပီအက်စ်ဂျီကြယ်ပွင့် ၃ ဦးနဲ့တွဲကစားခဲ့ရတဲ့အတွေ့အကြုံကို ပြောပြခဲ့တဲ့ ဝုလ်ဗ်စ်ကြယ်ပွင့်

ပီအက်စ်ဂျီတိုက်စစ်ကစားသမားဟောင်း ပါဘလို ဆာရာဘီယာက လီယွန်နယ် မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့နဲ့အတူ ပီအက်စ်ဂျီမှာ အတူတူ ကစားခဲ့ရတဲ့အတွေ့အကြုံကို ဖွင့်ဟခဲ့ပါတယ်။

ဆာရာဘီယာဟာ ၂၀၁၉-၂၀၂၀ ရာသီမတိုင်ခင် ဆီဗီလာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ယူရို ၁၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြင်သစ်လီဂူးဝမ်းအသင်းအတွက် ပြိုင်ပွဲစုံ ၉၈ ပွဲ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

စပိန်ကြယ်ပွင့်ရဲ့ ပီအက်စ်ဂျီအသင်းက အချိန်တွေဟာ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘဲ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားအဖြစ် သက်သေပြသဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စပို့တင်း လစ္စဘွန်းကို အငှားထွက်မကစားခင် လူစာရင်းထဲမှာ ပါလိုက်၊ မပါလိုက် ဖြစ်နေခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ပေါ်တူဂီကနေ ဆာရာဘီယာ ပြန်လာတဲ့အချိန်မှာ အရာအားလုံးက ပိုလို့တောင် ဆိုးရွားသွားခဲ့တာဖြစ်ပြီး ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် လီယွန်နယ် မက်ဆီနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဆာရာဘီယာဟာ ၂၀၂၂-၂၀၂၃ ရာသီ ပထမပိုင်းမှာ လီဂူးဝမ်းပြိုင်ပွဲမှာ ၃၆၂ မိနစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ကင်းမဲ့မှုကြောင့် စိတ်ပျက်နေတဲ့ စပိန်တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဝုလ်ဗ်စ်ကို ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ၃ လအကြာမှာ ဆာရာဘီယာဟာ ပြင်သစ်က အချိန်တွေကို ပြန်ကြည့်ခဲ့တာဖြစ်ပြီး မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့နဲ့အတူ အဝတ်လဲခန်းကို မျှဝေသုံးစွဲခွင့်ရရှိခဲ့တာကို ဝမ်းမြောက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆာရာဘီယာဟာ ပီအက်စ်ဂျီကြယ်ပွင့် ၃ ဦးဟာ တစ်သက်တာအကောင်းဆုံးကစားသမားတွေထဲက ၃ ဦးဖြစ်တယ်လို့ ယုံကြည်နေပေမယ့်လည်း အသက် ၃၀ အရွယ်ကစားသမားက ၎င်းအတွက် ပီအက်စ်ဂျီမှာ မရခဲ့တဲ့ ပုံမှန်ပွဲထွက်ကစားချိန်က အရေးကြီးတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ဇာတ်လမ်းတွေကို ပြောပြနိုင်တယ်။ ကျွန်တော် အရမ်းကောင်းတဲ့ကစားသမားတွေနဲ့ အဝတ်လဲခန်းကို မျှဝေခဲ့ရပြီး ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားတွေထဲက ၃ ဦးဆိုတာ အသေအချာပဲ။ ဒါပေမယ့် ခင်ဗျားကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့အရာကို တန်ဖိုးထားရမှာဖြစ်ပြီး ကျွန်တော့်အတွက် ကစားရတာ၊ အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားရတာက ပျော်ရွှင်စေတယ်။ ကျွန်တော် အဲဒါကို ဒီမှာ ရနေပါတယ်(ဝုလ်ဗ်စ်)”

“ပဲရစ်မှာ ကျွန်တော် မကစားနိုင်ခဲ့သလို နေရာလည်း မရခဲ့ပါဘူး။ ထိပ်တန်းကစားသမား ၃ ဦးနဲ့အတူ ကစားရတာက အရမ်းခက်ခဲခဲ့တာ သိသာပါတယ်။ သူတို့တွေပိုင်ဆိုင်ထားတဲ့ အဆင့်အတန်းက မယုံနိုင်စရာကောင်းပြီး ကမ္ဘာ့ဖလားမတိုင်ခင်တုန်းက ပိုတောင် ဆိုးသေးတယ်။ သူတို့တွေ အရမ်းကို ထူးခြားဆန်းကြယ်တဲ့ ခြေစွမ်းပိုင်ဆိုင်နေခဲ့တဲ့အချိန်ပေါ့”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီတိုက္စစ္ကစားသမားေဟာင္း ပါဘလို ဆာရာဘီယာက လီယြန္နယ္ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔နဲ႔အတူ ပီအက္စ္ဂ်ီမွာ အတူတူ ကစားခဲ့ရတဲ့အေတြ႕အႀကဳံကို ဖြင့္ဟခဲ့ပါတယ္။

ဆာရာဘီယာဟာ ၂၀၁၉-၂၀၂၀ ရာသီမတိုင္ခင္ ဆီဗီလာအသင္းကေန ပီအက္စ္ဂ်ီအသင္းကို ယူ႐ို ၁၈ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ျပင္သစ္လီဂူးဝမ္းအသင္းအတြက္ ၿပိဳင္ပြဲစုံ ၉၈ ပြဲ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

စပိန္ၾကယ္ပြင့္ရဲ႕ ပီအက္စ္ဂ်ီအသင္းက အခ်ိန္ေတြဟာ ေမွ်ာ္မွန္းထားတဲ့အတိုင္း ျဖစ္မလာခဲ့ဘဲ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားအျဖစ္ သက္ေသျပသဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ စပို႔တင္း လစၥဘြန္းကို အငွားထြက္မကစားခင္ လူစာရင္းထဲမွာ ပါလိုက္၊ မပါလိုက္ ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္ ဇန္နဝါရီမွာ ေပၚတူဂီကေန ဆာရာဘီယာ ျပန္လာတဲ့အခ်ိန္မွာ အရာအားလုံးက ပိုလို႔ေတာင္ ဆိုး႐ြားသြားခဲ့တာျဖစ္ၿပီး ပြဲထြက္လူစာရင္းမွာ ပါဝင္ႏိုင္ဖို႔အတြက္ လီယြန္နယ္ မက္ဆီနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာ ျဖစ္ပါတယ္။

ဆာရာဘီယာဟာ ၂၀၂၂-၂၀၂၃ ရာသီ ပထမပိုင္းမွာ လီဂူးဝမ္းၿပိဳင္ပြဲမွာ ၃၆၂ မိနစ္သာ ပါဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ ကင္းမဲ့မႈေၾကာင့္ စိတ္ပ်က္ေနတဲ့ စပိန္တိုက္စစ္ကစားသမားဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ဝုလ္ဗ္စ္ကို ယူ႐ို ၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာခဲ့ၿပီးေနာက္ ၃ လအၾကာမွာ ဆာရာဘီယာဟာ ျပင္သစ္က အခ်ိန္ေတြကို ျပန္ၾကည့္ခဲ့တာျဖစ္ၿပီး မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔နဲ႔အတူ အဝတ္လဲခန္းကို မွ်ေဝသုံးစြဲခြင့္ရရွိခဲ့တာကို ဝမ္းေျမာက္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆာရာဘီယာဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္ ၃ ဦးဟာ တစ္သက္တာအေကာင္းဆုံးကစားသမားေတြထဲက ၃ ဦးျဖစ္တယ္လို႔ ယုံၾကည္ေနေပမယ့္လည္း အသက္ ၃၀ အ႐ြယ္ကစားသမားက ၎အတြက္ ပီအက္စ္ဂ်ီမွာ မရခဲ့တဲ့ ပုံမွန္ပြဲထြက္ကစားခ်ိန္က အေရးႀကီးတယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဇာတ္လမ္းေတြကို ေျပာျပႏိုင္တယ္။ ကြၽန္ေတာ္ အရမ္းေကာင္းတဲ့ကစားသမားေတြနဲ႔ အဝတ္လဲခန္းကို မွ်ေဝခဲ့ရၿပီး ေဘာလုံးသမိုင္းမွာ အေကာင္းဆုံးကစားသမားေတြထဲက ၃ ဦးဆိုတာ အေသအခ်ာပဲ။ ဒါေပမယ့္ ခင္ဗ်ားကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးႏိုင္တဲ့အရာကို တန္ဖိုးထားရမွာျဖစ္ၿပီး ကြၽန္ေတာ့္အတြက္ ကစားရတာ၊ အသင္းရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္ ခံစားရတာက ေပ်ာ္႐ႊင္ေစတယ္။ ကြၽန္ေတာ္ အဲဒါကို ဒီမွာ ရေနပါတယ္(ဝုလ္ဗ္စ္)”

“ပဲရစ္မွာ ကြၽန္ေတာ္ မကစားႏိုင္ခဲ့သလို ေနရာလည္း မရခဲ့ပါဘူး။ ထိပ္တန္းကစားသမား ၃ ဦးနဲ႔အတူ ကစားရတာက အရမ္းခက္ခဲခဲ့တာ သိသာပါတယ္။ သူတို႔ေတြပိုင္ဆိုင္ထားတဲ့ အဆင့္အတန္းက မယုံႏိုင္စရာေကာင္းၿပီး ကမာၻ႔ဖလားမတိုင္ခင္တုန္းက ပိုေတာင္ ဆိုးေသးတယ္။ သူတို႔ေတြ အရမ္းကို ထူးျခားဆန္းၾကယ္တဲ့ ေျခစြမ္းပိုင္ဆိုင္ေနခဲ့တဲ့အခ်ိန္ေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.