Ligue1

အနာဂတ်ကို ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် လီဂူးဝမ်းကလပ်အသင်းကို စွန့်ခွာမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဘာစီလိုနာအသင်းက ဘဏ္ဍာရေးပြဿနာတွေကြောင့် စာချုပ်သစ် မကမ်းလှမ်းနိုင်တာကြောင့် နူးကမ့်ကို စွန့်ခွာပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြင်သစ်ထိပ်သီးအသင်းကြီးနဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အစပိုင်းတုန်းက နှစ်ဖက်စလုံးက တစ်နှစ်သက်တမ်းတိုးခွင့်ကို အသုံးပြုချင်ခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ကမ္ဘာ့ဖလားချန်ပီယံရော ပီအက်စ်ဂျီကပါ ဆက်လက်လက်မတွဲချင်တော့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးက လီဂူးဝမ်းကလပ်အသင်းဟာ ချန်ပီယံလိဂ်ဖလားအတွက် စိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်းလို့ ယုံကြည်နေခြင်းမရှိဘဲ BBC Sport က မက်ဆီရဲ့ ဖခင်အေးဂျင့် ဂျော့ဂျ် မက်ဆီက ပီအက်စ်ဂျီ ဘောလုံးအကြံပေး လူးဝစ္စ ကမ်းပို့စ်ကို လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က ဆုံးဖြတ်ချက်ကို အသိပေးခဲ့ပြီးသားဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာမှုတွေ မြင့်တက်နေချိန်မှာ ပီအက်စ်ဂျီအသင်းက ဆော်ဒီ အာရေဗျကို ခွင့်ပြုချက်မရဘဲ အလည်အပတ်သွားရောက်ခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူးကို အသင်းနဲ့ လေ့ကျင့်ခွင့်၊ ဘောလုံးကစားခွင့်  ၂ ပတ်ပိတ်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယွန်နယ် မက်ဆီဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် လီဂူးဝမ်းကလပ်အသင်းကို စွန့်ခွာမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။



အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးက လီဂူးဝမ်းကလပ်အသင်းဟာ ချန်ပီယံလိဂ်ဖလားအတွက် စိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်းလို့ ယုံကြည်နေခြင်းမရှိဘဲ BBC Sport က မက်ဆီရဲ့ ဖခင်အေးဂျင့် ဂျော့ဂ်ျ မက်ဆီက ပီအက်စ်ဂျီ ဘောလုံးအကြံပေး လူးဝစ္စ ကမ်းပို့စ်ကို လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က ဆုံးဖြတ်ချက်ကို အသိပေးခဲ့ပြီးသားဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.