Premier League

ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ နေရာကို ဟောကိန်းထုတ်ခဲ့တဲ့ စူပါကွန်ပျူတာ

စူပါကွန်ပျူတာက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို အာဆင်နယ်အသင်း ရရှိခဲ့ပြီးနောက် ပရီးမိးယားလိဂ်ထိပ်ဆုံး ၄ နေရာကို ဟောကိန်းထုတ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ ယခုရာသီမှာ ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးဖို့ အာမခံချက် ရရှိခဲ့ပြီဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ၂၀၀၃-၂၀၀၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့အထိ ရည်မှန်းထားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၃၃ ပွဲကနေ ရမှတ် ၇၅ မှတ်နဲ့ လက်ရှိမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပေမယ့်လည်း ဒုတိယနေရာက မန်ချက်စတာစီးတီးက၂ ပွဲ လျော့ ၂ မှတ်သာ လျော့နည်းနေတာဖြစ်ပါတယ်။

ABC News ရဲ့ FiveThirtyEight ရဲ့ အချက်အလက်တွေ စုဆောင်းမှုအရ မန်ချက်စတာစီးတီးအသင်းရဲ့ ထိပ်ဆုံး၄ နေရာအတွင်း ရာသီပြီးဆုံးဖို့ အခွင့်အရေးက ၉၉ ရာခိုင်နှုန်းနဲ့အထက်မှာ ရှိနေပြီး နယူးကာဆယ်နဲ့ မန်ယူနိုက်တက်တို့က ၉၄ ရာခိုင်နှုန်း၊ ၈၆ ရာခိုင်နှုန်းအသီးသီး ရရှိခဲ့ပါတယ်။

လီဗာပူးလ်အသင်းကတော့ ထိပ်ဆုံး ၄ နေရာအပြင်ဘက်မှာ ရာသီပြီးဆုံးဖို့ အခွင့်အရေး ၁၄ ရာခိုင်နှုန်းရှိနေဆဲဖြစ်ပြီး စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်သာ မှန်ကန်မယ်ဆိုရင် ဘရိုက်တန်(၅ ရာခိုင်နှုန်း)၊ အက်စတန် ဗီလာ(၁ ရာခိုင်နှုန်း)တို့က ထိပ်ဆုံး၄ နေရာထဲမှာ ရာသီပြီးဆုံးနိုင်မယ့် စာရင်းထဲမှာ ပါဝင်နေပြီး စပါးစ်ကလည်း ၁ ရာခိုင်နှုန်းအောက်သာ ရှိနေတာဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ၃၂ ပွဲကနေ ရမှတ် ၆၂ မှတ် ရရှိထားပြီး အဆင့် ၄ နေရာက ၁ ပွဲ ပိုကစားထားတဲ့ မန်ချက်စတာယူနိုက်တက်ကို ၂ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပြီး အက်စတန် ဗီလာနဲ့ စပါးစ်တို့ ၂ သင်းစလုံးက ၃၃ ပွဲကနေ ၅၄ မှတ် ရရှိထားတာဖြစ်ပါတယ်။

လီဗာပူးလ်က ၃၂ ပွဲကနေ ၅၃ မှတ် ရရှိထားပေမယ့်လည်း ဘရိုက်တန်အသင်းက ကစားဖို့ ကျန်နေတဲ့ ၂ ပွဲစလုံးကို အနိုင်ရရှိခဲ့မယ်ဆိုရင် ၂ မှတ်အသာ ရသွားနိုင်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စူပါကြန္ပ်ဴတာက လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အာဆင္နယ္အသင္း ရရွိခဲ့ၿပီးေနာက္ ပရီးမိးယားလိဂ္ထိပ္ဆုံး ၄ ေနရာကို ေဟာကိန္းထုတ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ ၄ ပြဲဆက္တိုက္ ႏိုင္ပြဲ ေပ်ာက္ဆုံးခဲ့ေပမယ့္လည္း ဂန္းနားေတြဟာ ယခုရာသီမွာ ထိပ္ဆုံး ၄ ေနရာအတြင္းမွာ ရာသီၿပီးဆုံးဖို႔ အာမခံခ်က္ ရရွိခဲ့ၿပီျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ၂၀၀၃-၂၀၀၄ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔အထိ ရည္မွန္းထားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ ၃၃ ပြဲကေန ရမွတ္ ၇၅ မွတ္နဲ႔ လက္ရွိမွာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ေပမယ့္လည္း ဒုတိယေနရာက မန္ခ်က္စတာစီးတီးက၂ ပြဲ ေလ်ာ့ ၂ မွတ္သာ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။

ABC News ရဲ႕ FiveThirtyEight ရဲ႕ အခ်က္အလက္ေတြ စုေဆာင္းမႈအရ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ထိပ္ဆုံး၄ ေနရာအတြင္း ရာသီၿပီးဆုံးဖို႔ အခြင့္အေရးက ၉၉ ရာခိုင္ႏႈန္းနဲ႔အထက္မွာ ရွိေနၿပီး နယူးကာဆယ္နဲ႔ မန္ယူႏိုက္တက္တို႔က ၉၄ ရာခိုင္ႏႈန္း၊ ၈၆ ရာခိုင္ႏႈန္းအသီးသီး ရရွိခဲ့ပါတယ္။

လီဗာပူးလ္အသင္းကေတာ့ ထိပ္ဆုံး ၄ ေနရာအျပင္ဘက္မွာ ရာသီၿပီးဆုံးဖို႔ အခြင့္အေရး ၁၄ ရာခိုင္ႏႈန္းရွိေနဆဲျဖစ္ၿပီး စူပါကြန္ပ်ဴတာရဲ႕ ခန႔္မွန္းခ်က္သာ မွန္ကန္မယ္ဆိုရင္ ဘ႐ိုက္တန္(၅ ရာခိုင္ႏႈန္း)၊ အက္စတန္ ဗီလာ(၁ ရာခိုင္ႏႈန္း)တို႔က ထိပ္ဆုံး၄ ေနရာထဲမွာ ရာသီၿပီးဆုံးႏိုင္မယ့္ စာရင္းထဲမွာ ပါဝင္ေနၿပီး စပါးစ္ကလည္း ၁ ရာခိုင္ႏႈန္းေအာက္သာ ရွိေနတာျဖစ္ပါတယ္။

နယူးကာဆယ္ဟာ ၃၂ ပြဲကေန ရမွတ္ ၆၂ မွတ္ ရရွိထားၿပီး အဆင့္ ၄ ေနရာက ၁ ပြဲ ပိုကစားထားတဲ့ မန္ခ်က္စတာယူႏိုက္တက္ကို ၂ မွတ္အသာနဲ႔ ဦးေဆာင္ေနတာျဖစ္ၿပီး အက္စတန္ ဗီလာနဲ႔ စပါးစ္တို႔ ၂ သင္းစလုံးက ၃၃ ပြဲကေန ၅၄ မွတ္ ရရွိထားတာျဖစ္ပါတယ္။

လီဗာပူးလ္က ၃၂ ပြဲကေန ၅၃ မွတ္ ရရွိထားေပမယ့္လည္း ဘ႐ိုက္တန္အသင္းက ကစားဖို႔ က်န္ေနတဲ့ ၂ ပြဲစလုံးကို အႏိုင္ရရွိခဲ့မယ္ဆိုရင္ ၂ မွတ္အသာ ရသြားႏိုင္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.