Premier League

စာချုပ်သစ် ချုပ်ပြီးနောက် ကျောနံပါတ်အသစ် တောင်းလိုက်တဲ့ ဂါနာချို

အလက်ဟန်းဒရိုး ဂါနာချိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုပြီးခါစဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း ကစားသမားဘဝ နောက်ထပ် မိုင်တိုင်တစ်ခုကို စိုက်ထူသွားဖို့ ရည်မှန်းထားပြီးဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ရဲ့ တွစ်တာက လှုပ်ရှားမှုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၄၉ ကို ဝတ်ဆင်ကစားလိုခြင်းမရှိတော့ဘူးဆိုတာကို ပြသခဲ့တာဖြစ်နိုင်ပြီး မြင့်မြင့်မားမားကို မျှော်မှန်းထားတာ ကျိန်းသေပါတယ်။

သောကြာနေ့မှာ မန်ချက်စတာယူနိုက်တက်က ဂါနာချိုဟာ အိုးထရက်ဖို့ဒ်မှာ ၂၀၂၈ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပြီး ယခုရာသီပြိုင်ပွဲစုံမှာ ၅ ဂိုးအထိ သွင်းယူထားပြီးဖြစ်တာကြောင့် အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမားအတွက် အလွန်ကောင်းမွန်တဲ့ရာသီဖြစ်ခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီတို့လို ကစားသမားတွေနဲ့ တောင်ပံနေရာအတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဂါနာချိုဟာ အိုးထရက်ဖို့ဒ်မှာ ကြယ်ပွင့်ဖြစ်လာနိုင်တယ်လို့ တစ်ကြိုပေးခြင်းခံခဲ့ရသူဖြစ်ပြီး အသင်းရဲ့ ဂန္တဝင်ကျောနံပါတ် ၇ ကို ဝတ်ဆင်ရနိုင်ပါတယ်။

ဂါနာချိုဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာကို အားလုံးလည်း အသိဖြစ်ပြီး အဲဒါကြောင့် ပေါ်တူဂီကြယ်ပွင့် ၂ ကြိမ်အထိ ဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားချင်မယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့သတင်း ထုတ်ပြန်ခဲ့ပြီးနောက် ဂါနာချိုဟာ ပရိသတ်တစ်ဦးက ၎င်းကို ကျောနံပါတ် ၇ ပေးဖို့ တောင်းဆိုထားတဲ့ မှတ်ချက်ကို Liked ပေးဖို့အတွက် အချိန်ဖြုန်းတီးခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ကျောနံပါတ် ၇ ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုထွက်ခွာပြီးနောက်ပိုင်းမှာ ဝတ်ဆင်သူ မရှိသေးတာဖြစ်ပြီး ဂန္တဝင်ကျောနံပါတ်ကို အရင်က ဂျော့ဂျ် ဘတ်စ်၊ ဒေးဗစ် ဘက်ဟမ်း၊ အဲရစ် ကန်တိုနာတို့လို ကစားသမားတွေ ဝတ်ဆင်ခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ်ကစားသမားအနေနဲ့ ဒီလို ကျောနံပါတ်ကို ဝတ်ဆင်ချင်တယ်ဆိုရင် ၎င်းရဲ့ အရည်အချင်းတွေကို ယုံကြည်လာအောင် ပြသဖို့ လိုအပ်မှာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အလက္ဟန္းဒ႐ိုး ဂါနာခ်ိဳဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီးခါစျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္လည္း ကစားသမားဘဝ ေနာက္ထပ္ မိုင္တိုင္တစ္ခုကို စိုက္ထူသြားဖို႔ ရည္မွန္းထားၿပီးျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ တြစ္တာက လႈပ္ရွားမႈဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ေက်ာနံပါတ္ ၄၉ ကို ဝတ္ဆင္ကစားလိုျခင္းမရွိေတာ့ဘူးဆိုတာကို ျပသခဲ့တာျဖစ္ႏိုင္ၿပီး ျမင့္ျမင့္မားမားကို ေမွ်ာ္မွန္းထားတာ က်ိန္းေသပါတယ္။

ေသာၾကာေန႔မွာ မန္ခ်က္စတာယူႏိုက္တက္က ဂါနာခ်ိဳဟာ အိုးထရက္ဖို႔ဒ္မွာ ၂၀၂၈ ခုႏွစ္အထိ ဆက္ရွိေနမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုလိုက္ၿပီျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ၿပီး ယခုရာသီၿပိဳင္ပြဲစုံမွာ ၅ ဂိုးအထိ သြင္းယူထားၿပီးျဖစ္တာေၾကာင့္ အသက္ ၁၈ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားအတြက္ အလြန္ေကာင္းမြန္တဲ့ရာသီျဖစ္ခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳ၊ အန္တိုနီတို႔လို ကစားသမားေတြနဲ႔ ေတာင္ပံေနရာအတြက္ ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း ဂါနာခ်ိဳဟာ အိုးထရက္ဖို႔ဒ္မွာ ၾကယ္ပြင့္ျဖစ္လာႏိုင္တယ္လို႔ တစ္ႀကိဳေပးျခင္းခံခဲ့ရသူျဖစ္ၿပီး အသင္းရဲ႕ ဂႏၲဝင္ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ရႏိုင္ပါတယ္။

ဂါနာခ်ိဳဟာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို စံျပပုဂၢိဳလ္အျဖစ္ သတ္မွတ္ထားတာကို အားလုံးလည္း အသိျဖစ္ၿပီး အဲဒါေၾကာင့္ ေပၚတူဂီၾကယ္ပြင့္ ၂ ႀကိမ္အထိ ဝတ္ဆင္ကစားခဲ့တဲ့ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားခ်င္မယ္ဆိုတာ အေသအခ်ာပဲ ျဖစ္ပါတယ္။

စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တဲ့သတင္း ထုတ္ျပန္ခဲ့ၿပီးေနာက္ ဂါနာခ်ိဳဟာ ပရိသတ္တစ္ဦးက ၎ကို ေက်ာနံပါတ္ ၇ ေပးဖို႔ ေတာင္းဆိုထားတဲ့ မွတ္ခ်က္ကို Liked ေပးဖို႔အတြက္ အခ်ိန္ျဖဳန္းတီးခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ေက်ာနံပါတ္ ၇ ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထြက္ခြာၿပီးေနာက္ပိုင္းမွာ ဝတ္ဆင္သူ မရွိေသးတာျဖစ္ၿပီး ဂႏၲဝင္ေက်ာနံပါတ္ကို အရင္က ေဂ်ာ့ဂ်္ ဘတ္စ္၊ ေဒးဗစ္ ဘက္ဟမ္း၊ အဲရစ္ ကန္တိုနာတို႔လို ကစားသမားေတြ ဝတ္ဆင္ခဲ့တာေၾကာင့္ အသက္ ၁၈ ႏွစ္အ႐ြယ္ကစားသမားအေနနဲ႔ ဒီလို ေက်ာနံပါတ္ကို ဝတ္ဆင္ခ်င္တယ္ဆိုရင္ ၎ရဲ႕ အရည္အခ်င္းေတြကို ယုံၾကည္လာေအာင္ ျပသဖို႔ လိုအပ္မွာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.