Premier League

ဂန်းနားတွေ ဆုဖလားမျှော်လင့်ချက်လဲပြိုမှုမှာ တာဝန်ရှိသူ ၄ ဦးကို ပြောပြခဲ့တဲ့ နဗီး

ဂယ်ရီ နဗီးက အာဆင်နယ်ရဲ့ မကြာသေးမီက ဆိုးရွားတဲ့ရလဒ်အပေါ်မှာ ဂန်းနားတွေရဲ့ ခေါင်းဆောင်မှုအပိုင်းကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဆုဖလားမျှော်လင့်ချက် လဲပြိုခဲ့မှုမှာ တိုက်ရိုက်ပတ်သက်ခဲ့တယ်လို့ ခံစားနေရပါတယ်။

ဂန်းနားတွေဟာ ရာသီအချိန်အများစုကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ခဲ့တာ ဖြစ်ပေမယ့်လည်း ရာသီကုန်ခါနီးမှာ ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်လာခဲ့ပြီး နောက်ဆုံး၄ ပွဲမှာ အနိုင်မရရှိခဲ့ဘဲ ၁၂ မှတ် ရနိုင်ခြေရှိတဲ့အထဲက ၃ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် မန်ချက်စတာစီးတီးဟာ ကစားဖို့ ကျန်နေတဲ့ ၂ ပွဲကို အနိုင်ရခဲ့ရင် ၄ မှတ်အထိ အသာစီး ရသွားတော့မှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၎င်းတို့ရဲ့ စီနီယာအကျဆုံးနဲ့ အတွေ့အကြုံအရှိဆုံးကစားသမားတွေရဲ့ ဦးဆောင်နိုင်မှုကို လိုအပ်နေချိန်မှာ အဲဒီကစားသမားတွေက ပျောက်ဆုံးနေခဲ့တယ်လို့ ဂယ်ရီ နဗီးက ပြောကြားခဲ့ပြီး ခေါင်းဆောင်မှုအရည်အချင်းကင်းမဲ့မှုက ဆုဖလားပြိုင်ပွဲမှာ လဲပြိုစေခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် မာတင် အော်ဒီဂွါဒ်ကို ကြည့်လိုက်တယ်။ အံ့အားသင့်စရာကောင်းတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားပါ။ ဇင်ချန်ကိုကလည်း အရမ်းကောင်းတဲ့ ပရော်ဖက်ရှင်နယ်ပါ။ ဒါပေမယ့်ရာသီရဲ့ အရေးကြီးတဲ့အချိန် အကြီးမားဆုံးပွဲစဉ်တွေထဲက ဖိအားအပြင်းထန်ဆုံးအခိုက်အတန့်တွေ ရောက်လာတဲ့အခါမှာ သူတို့တွေက ခေါင်းဆောင်ဖြစ်နေခဲ့ရဲ့လား။ အာဆင်နယ်ရဲ့ စီနီယာကစားသမားတွေဖြစ်တဲ့ ပါတေး၊ အော်ဒီဂွါဒ်၊ ဇင်ချန်ကိုတို့က အခက်ခဲဆုံးအချိန်မှာ ဆာကာနဲ့ မာတီနယ်လီတို့လို ငယ်ရွယ်တဲ့ကစားသမားတွေ လမ်းညွှန်မှုတွေ လိုအပ်နေချိန်မှာ ဂျေဆူးစ်က လျှောက်ပြေးနေတာကို ရပ်ဖို့နဲ့ ရှေ့မှာပဲ ရပ်နေပြီး ခင်ဗျား ကစားနေတဲ့ပုံစံအတိုင်း စည်းကမ်းတကျရှိအောင် ပြောဖို့ လိုအပ်ခဲ့တယ်”

“သူတို့တွေ ကွင်းထဲက အသင်းဖော်တွေအားလုံးအပေါ်မှာ အကျိုးသက်ရောက်မှု မရှိခဲ့တာ ကျွန်တော် မယုံနိုင်ဘူး။ အမှန်တကယ်တော့ သူတို့တွေက ပွဲစဉ်တွေအတွင်းမှာ ရှိခဲ့တဲ့ အခက်အခဲတွေမှာ ပါဝင်ပတ်သက်ခဲ့ကြတယ်။ ချာကာက အန်းဖီးမှာ(အာနိုးနဲ့ ပြဿနာတက်)၊ ပါတေးရဲ့ နောက်ဆုံးပွဲအချို့က စွမ်းဆောင်ရည်၊ ဇင်ချန်ကိုကလည်း တစ်ဂိုးပေးခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းပွဲမှာလည်း ပေးခဲ့တယ်ထင်တယ်”

“အော်ဒီဂွါဒ်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း သူ့ရဲ့ အခက်ခဲဆုံးပွဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပြီးတော့ ခင်ဗျား ဇင်ချန်ကိုလုပ်ခဲ့တဲ့ အရှုပ်ထုပ်တွေ(ဆောက်သမ်တန်နဲ့ပွဲမှာ)ကို တွေးလိုက်ရင် ပြီးတော့ အော်ဒီဂွါဒ်ရောက်လာပြီး လူခွဲကြတော့လို့ ပြောခဲ့တယ်။ အဲဒီတော့ ဒီကစားသမား ၄ ဦးက အသင်းမှာ ခေါင်းဆောင်တွေဖြစ်ပြီး လူငယ်ကစားသမားတွေကို တစုတစည်းတည်းဖြစ်အောင် ဆွဲခေါ်ပြီး စိတ်အေးအေးနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်ဖို့ လိုအပ်တဲ့အချိန်မှာ ဦးဆောင်မှုမပေးနိုင်ခဲ့ဘူး။ အဲဒါက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော့်အတွက် မြင်သာစေခဲ့ပါတယ်”

“ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ပွဲ ပထမဆုံး ၁၀ မိနစ်မှာ အာဆင်နယ်နောက်တန်း ၄ ဦးက တကွဲတပြားစီဖြစ်နေခဲ့ပြီး သူတို့တွေ လက်ပစ်ဘောအတွက် နောက်အရမ်းဆင်းခဲ့ကြတယ်။ သူတို့တွေ ဘောလုံးရတဲ့အခါမှာ သူတို့ ပုံစံအတိုင်း ပြန်နေတယ်။။ သူတို့တွေရဲ့ ကစားကွက်ထဲကအတိုင်း ခံစစ်ကနေ ကစားခဲ့တယ်။ ဒုတိယပိုင်းမှာ ခက်ခဲလာတဲ့အချိန်မှာ ဘာဖြစ်သွားခဲ့တာလဲ။ သူတို့တွေ ကွင်းအရှေ့အထိ တက်ပြီး တွန်းအားစပေးခဲ့တယ်။ သူတို့တွေ တကယ်ကို နမော်နမဲ့နိုင်ပြီး ကစားတာ တောင့်တောင့်ကြီးဖြစ်လာတယ်။ သူတို့တွေ ပထမပိုင်းမှာ လုပ်နေတာတွေကို မလုပ်နိုင်တော့ဘူး”

“အဲဒီအချိန်မှာ လိုအပ်တာက တစ်စုံတယောက်က ကွင်းထဲမှာ တစ်မိနစ်လောက် တောင့်ထား။ အရှိန်လျှော့၊ ခံစစ် ၄ ဦးပြန်ခွဲ၊ နောက်ခံတောင်ပံလူတွေ တောင်ပံထွက်၊ ကွင်းလယ်ကစားသမားတွေ လူစုခွဲ၊ ဆာကာနဲ့ မာတီနယ်လီတို့ ရှေ့တက် တောင်ပံထွက်၊ မင်းတို့ လုပ်နေခဲ့တဲ့အရာတွေကို လုပ်ကြလို့ ပြောဖို့ပါ။ အခု ခေါင်းဆောင်မှုက ကွင်းထဲကနေ ဒါမှမဟုတ် ကွင်းပြင်ပကနေ လာနိုင်ပေမယ့် ပွဲက ခင်ဗျား ထင်သလို ဖြစ်မလာတဲ့အချိန်မှာ တစ်စုံတယောက်က ကြားဝင်ရမှာပါ။ ပြီးခဲ့တဲ့ ၄ ပွဲက အခက်ခဲဆုံးအချိန်မှာ အသင်းကို တကယ်စုစည်းနိုင်တဲ့သူ မတွေ့ခဲ့ဘူး။ သူတို့တွေ တစ်ရာသီလုံး မလုပ်ခဲ့ဖူးတဲ့အရာတွေကို စပြီးလုပ်ခဲ့ကြတယ် ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးက အာဆင္နယ္ရဲ႕ မၾကာေသးမီက ဆိုး႐ြားတဲ့ရလဒ္အေပၚမွာ ဂန္းနားေတြရဲ႕ ေခါင္းေဆာင္မႈအပိုင္းကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ဆုဖလားေမွ်ာ္လင့္ခ်က္ လဲၿပိဳခဲ့မႈမွာ တိုက္႐ိုက္ပတ္သက္ခဲ့တယ္လို႔ ခံစားေနရပါတယ္။

ဂန္းနားေတြဟာ ရာသီအခ်ိန္အမ်ားစုကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ခဲ့တာ ျဖစ္ေပမယ့္လည္း ရာသီကုန္ခါနီးမွာ ေျခစြမ္းပိုင္း မတည္မၿငိမ္ျဖစ္လာခဲ့ၿပီး ေနာက္ဆုံး၄ ပြဲမွာ အႏိုင္မရရွိခဲ့ဘဲ ၁၂ မွတ္ ရႏိုင္ေျခရွိတဲ့အထဲက ၃ မွတ္သာ ရယူႏိုင္ခဲ့တာေၾကာင့္ မန္ခ်က္စတာစီးတီးဟာ ကစားဖို႔ က်န္ေနတဲ့ ၂ ပြဲကို အႏိုင္ရခဲ့ရင္ ၄ မွတ္အထိ အသာစီး ရသြားေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၎တို႔ရဲ႕ စီနီယာအက်ဆုံးနဲ႔ အေတြ႕အႀကဳံအရွိဆုံးကစားသမားေတြရဲ႕ ဦးေဆာင္ႏိုင္မႈကို လိုအပ္ေနခ်ိန္မွာ အဲဒီကစားသမားေတြက ေပ်ာက္ဆုံးေနခဲ့တယ္လို႔ ဂယ္ရီ နဗီးက ေျပာၾကားခဲ့ၿပီး ေခါင္းေဆာင္မႈအရည္အခ်င္းကင္းမဲ့မႈက ဆုဖလားၿပိဳင္ပြဲမွာ လဲၿပိဳေစခဲ့တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ မာတင္ ေအာ္ဒီဂြါဒ္ကို ၾကည့္လိုက္တယ္။ အံ့အားသင့္စရာေကာင္းတဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားပါ။ ဇင္ခ်န္ကိုကလည္း အရမ္းေကာင္းတဲ့ ပေရာ္ဖက္ရွင္နယ္ပါ။ ဒါေပမယ့္ရာသီရဲ႕ အေရးႀကီးတဲ့အခ်ိန္ အႀကီးမားဆုံးပြဲစဥ္ေတြထဲက ဖိအားအျပင္းထန္ဆုံးအခိုက္အတန႔္ေတြ ေရာက္လာတဲ့အခါမွာ သူတို႔ေတြက ေခါင္းေဆာင္ျဖစ္ေနခဲ့ရဲ႕လား။ အာဆင္နယ္ရဲ႕ စီနီယာကစားသမားေတြျဖစ္တဲ့ ပါေတး၊ ေအာ္ဒီဂြါဒ္၊ ဇင္ခ်န္ကိုတို႔က အခက္ခဲဆုံးအခ်ိန္မွာ ဆာကာနဲ႔ မာတီနယ္လီတို႔လို ငယ္႐ြယ္တဲ့ကစားသမားေတြ လမ္းၫႊန္မႈေတြ လိုအပ္ေနခ်ိန္မွာ ေဂ်ဆူးစ္က ေလွ်ာက္ေျပးေနတာကို ရပ္ဖို႔နဲ႔ ေရွ႕မွာပဲ ရပ္ေနၿပီး ခင္ဗ်ား ကစားေနတဲ့ပုံစံအတိုင္း စည္းကမ္းတက်ရွိေအာင္ ေျပာဖို႔ လိုအပ္ခဲ့တယ္”

“သူတို႔ေတြ ကြင္းထဲက အသင္းေဖာ္ေတြအားလုံးအေပၚမွာ အက်ိဳးသက္ေရာက္မႈ မရွိခဲ့တာ ကြၽန္ေတာ္ မယုံႏိုင္ဘူး။ အမွန္တကယ္ေတာ့ သူတို႔ေတြက ပြဲစဥ္ေတြအတြင္းမွာ ရွိခဲ့တဲ့ အခက္အခဲေတြမွာ ပါဝင္ပတ္သက္ခဲ့ၾကတယ္။ ခ်ာကာက အန္းဖီးမွာ(အာႏိုးနဲ႔ ျပႆနာတက္)၊ ပါေတးရဲ႕ ေနာက္ဆုံးပြဲအခ်ိဳ႕က စြမ္းေဆာင္ရည္၊ ဇင္ခ်န္ကိုကလည္း တစ္ဂိုးေပးခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ လီဗာပူးလ္နဲ႔ ဝက္စ္ဟမ္းပြဲမွာလည္း ေပးခဲ့တယ္ထင္တယ္”

“ေအာ္ဒီဂြါဒ္က မန္စီးတီးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာလည္း သူ႔ရဲ႕ အခက္ခဲဆုံးပြဲျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ၿပီးေတာ့ ခင္ဗ်ား ဇင္ခ်န္ကိုလုပ္ခဲ့တဲ့ အရႈပ္ထုပ္ေတြ(ေဆာက္သမ္တန္နဲ႔ပြဲမွာ)ကို ေတြးလိုက္ရင္ ၿပီးေတာ့ ေအာ္ဒီဂြါဒ္ေရာက္လာၿပီး လူခြဲၾကေတာ့လို႔ ေျပာခဲ့တယ္။ အဲဒီေတာ့ ဒီကစားသမား ၄ ဦးက အသင္းမွာ ေခါင္းေဆာင္ေတြျဖစ္ၿပီး လူငယ္ကစားသမားေတြကို တစုတစည္းတည္းျဖစ္ေအာင္ ဆြဲေခၚၿပီး စိတ္ေအးေအးနဲ႔ တည္တည္ၿငိမ္ၿငိမ္ျဖစ္ေအာင္လုပ္ဖို႔ လိုအပ္တဲ့အခ်ိန္မွာ ဦးေဆာင္မႈမေပးႏိုင္ခဲ့ဘူး။ အဲဒါက ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္းမွာ ကြၽန္ေတာ့္အတြက္ ျမင္သာေစခဲ့ပါတယ္”

“ဝက္စ္ဟမ္းနဲ႔ ကစားခဲ့တဲ့ပြဲ ပထမဆုံး ၁၀ မိနစ္မွာ အာဆင္နယ္ေနာက္တန္း ၄ ဦးက တကြဲတျပားစီျဖစ္ေနခဲ့ၿပီး သူတို႔ေတြ လက္ပစ္ေဘာအတြက္ ေနာက္အရမ္းဆင္းခဲ့ၾကတယ္။ သူတို႔ေတြ ေဘာလုံးရတဲ့အခါမွာ သူတို႔ ပုံစံအတိုင္း ျပန္ေနတယ္။။ သူတို႔ေတြရဲ႕ ကစားကြက္ထဲကအတိုင္း ခံစစ္ကေန ကစားခဲ့တယ္။ ဒုတိယပိုင္းမွာ ခက္ခဲလာတဲ့အခ်ိန္မွာ ဘာျဖစ္သြားခဲ့တာလဲ။ သူတို႔ေတြ ကြင္းအေရွ႕အထိ တက္ၿပီး တြန္းအားစေပးခဲ့တယ္။ သူတို႔ေတြ တကယ္ကို နေမာ္နမဲ့ႏိုင္ၿပီး ကစားတာ ေတာင့္ေတာင့္ႀကီးျဖစ္လာတယ္။ သူတို႔ေတြ ပထမပိုင္းမွာ လုပ္ေနတာေတြကို မလုပ္ႏိုင္ေတာ့ဘူး”

“အဲဒီအခ်ိန္မွာ လိုအပ္တာက တစ္စုံတေယာက္က ကြင္းထဲမွာ တစ္မိနစ္ေလာက္ ေတာင့္ထား။ အရွိန္ေလွ်ာ့၊ ခံစစ္ ၄ ဦးျပန္ခြဲ၊ ေနာက္ခံေတာင္ပံလူေတြ ေတာင္ပံထြက္၊ ကြင္းလယ္ကစားသမားေတြ လူစုခြဲ၊ ဆာကာနဲ႔ မာတီနယ္လီတို႔ ေရွ႕တက္ ေတာင္ပံထြက္၊ မင္းတို႔ လုပ္ေနခဲ့တဲ့အရာေတြကို လုပ္ၾကလို႔ ေျပာဖို႔ပါ။ အခု ေခါင္းေဆာင္မႈက ကြင္းထဲကေန ဒါမွမဟုတ္ ကြင္းျပင္ပကေန လာႏိုင္ေပမယ့္ ပြဲက ခင္ဗ်ား ထင္သလို ျဖစ္မလာတဲ့အခ်ိန္မွာ တစ္စုံတေယာက္က ၾကားဝင္ရမွာပါ။ ၿပီးခဲ့တဲ့ ၄ ပြဲက အခက္ခဲဆုံးအခ်ိန္မွာ အသင္းကို တကယ္စုစည္းႏိုင္တဲ့သူ မေတြ႕ခဲ့ဘူး။ သူတို႔ေတြ တစ္ရာသီလုံး မလုပ္ခဲ့ဖူးတဲ့အရာေတြကို စၿပီးလုပ္ခဲ့ၾကတယ္ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.