Premier League

မန်ယူနိုက်တက်အတွက် ကမ္ဘာ့စံချိန်တင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့တဲ ရှိတ်ခ် ဂျက်ဆင်း

ကာတာဘီလျံနာ ရှိတ်ခ် ဂျက်ဆင်းဟာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ကမ္ဘာ့စံချိန်တင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး တတိယမြောက် ကမ်းလှမ်းမှုကို အပြီးသတ်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၆၃ နှစ်အရွယ် ဘီလျံနာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဂလေဇာမိသားစုလက်ထဲကနေ အလုံးစုံ လွှဲပြောင်းရယူနိုင်ဖို့အတွက် ပေါင် ၅ ဘီလီယံနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဆာ ဂျင်မ် ရက်ကလစ်ဖ်နဲ့အတူ တတိယအကြိမ် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တဲ့ ကာတာဘီလျံနာဟာ သောကြာနေ့ည ၁၀ နာရီ နောက်ဆုံးသတ်မှတ်ချိန်မတိုင်ခင် ၁၀ မိနစ်အလိုမှာ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ကမ်းလှမ်းမှုက သတ်မှတ်ချိန်နဲ့ အရမ်းနီးကပ်ခဲ့ပြီး ပေါင် ၅ ဘီလီယံကျော် တန်ကြေးရှိပါတယ်။ အဲဒီငွေတွေကို ဂလေဇာတွေကို ပေးမယ့်အပြင် အသင်းလူစာရင်းကို အင်အားဖြည့်တင်းဖို့၊ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်ဖို့၊ ဒေသတွင်း အသိုင်းအဝိုင်းထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ နောက်ထပ် ဘဏ္ဍာငွေတွေ အများအပြား ရနိုင်သေးတယ်လို့ ရှိတ်ခ် ဂျက်ဆင်းက ပြောပါတယ်။ ရှိတ်ခ်နဲ့ နီးစပ်တဲ့လူတွေက သူတို့တွေက ဒီကမ်းလှမ်းမှုက အကောင်းဆုံးလို့ ကျွန်တော့်ကို ပြောပါတယ်။ ဒီကမ်းလှမ်းမှုနဲ့ နီးစပ်တဲ့ ကမ်းလှမ်းမှုမရှိဘူးတဲ့”

“အဲဒါက အသင်းအတွက် ၁၀၀ ရာခိုင်နှုန်းပဲ။ အဲဒါက ကြွေးမြီကင်းတယ်။ ပိုက်ဆံက အဲရစ် တန်ဟက်အတွက်သာ မကဘဲ အခြေခံအဆောက်အအုံတွေကို တိုးတက်အောင်လုပ်ဖို့၊ မန်ချက်စတာမှာ မန်စီးတီးလုပ်ခဲ့တဲ့အရာမျိုးတွေကို လုပ်ဖို့လည်း ပေးသွားမှာပါ။ ဒါက အကောင်းဆုံးကမ်းလှမ်းမှုလို့ သူတို့ ယုံကြည်နေတယ်။ နောက်ဆုံး ကမ်းလှမ်းမှုကတော့ လုပ်သွားမှာပါ။ အခု ဂလေဇာတွေ ဆုံးဖြတ်ဖို့ပဲ ကျန်တော့တယ်။ သူတို့တွေ မန်ယူနိုက်တက်ကို ကမ္ဘာ့စံချိန်တင် ကမ်းလှမ်းမှုရောက်လာချိန်မှာ တကယ်ရောင်းချမှာလား။ သူတို့အတွက် ထူးခြားရုံတင်မကဘဲ အံ့အားသင့်လောက်အောက် အကျိုးအမြတ်တွေလည်း ရရှိစေမှာပါ။ ဒါပေမယ့် ကာတာသူဌေးကတော့ အသင်းရဲ့ ကံကြမ္မာအတွက် အကောင်းဆုံးကမ်းလှမ်းမှုလို့လည်း ယုံကြည်နေပါတယ် ”လို့ Sky Sports သတင်းထောက်ချုပ် ဆိုဟီကိုလ်က ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကာတာဘီလျံနာ ရှိတ်ခ် ဂျက်ဆင်းဟာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ကမ္ဘာ့စံချိန်တင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး တတိယမြောက် ကမ်းလှမ်းမှုကို အပြီးသတ်ခဲ့ပြီဖြစ်ပါတယ်။





REF: INTERNET SOURCES
SPORTS A2Z.