Premier League

ကာစီမီရိုရဲ့နေရာမှာ ကာလရှည်အစားထိုးမယ့်သူကို သတ်မှတ်လိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ဆောက်သမ်တန်ကြယ်ပွင့် ရိုမီယို လာဗီယာကို နှစ်သက်သူဖြစ်ပြီး ကာစီမီရိုရဲ့နေရာအတွက် ကာလရှည် အစားထိုးခေါ်ယူမှုအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကာစီမီရိုကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်မှာ အထင်ကြီးဖွယ် ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ကာစီမီရိုဟာ ပွဲထွက်လူစာရင်းထဲမှာ ပထမဆုံး ပါဝင်တဲ့ နာမည်တစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရနိုင်ပေမယ့်လည်း ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ အသက် ၃၀ အရွယ်ရှိနေပြီ ဖြစ်ပါတယ်။

ကာစီမီရိုက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့်လည်း တန်ဟက်က ယခုနွေရာသီမှာ ကွင်းလယ်ကစားသမားသစ် ခေါ်ယူဖို့ စီစဉ်ထားပြီးဖြစ်ပြီး အသင်းကလည်း ဘရာဇီးလ်ကြယ်ပွင့်မပါဝင်နိုင်ချိန်မှာ စွမ်းဆောင်ရည် ကျဆင်းနေခဲ့တာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လာဗီယာဟာ ၂၀၂၀ မှာ မန်ချက်စတာစီးတီးကို မပြောင်းရွှေ့ခင် အန်ဒါလက်ချ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး နောက်ထပ် ၂ နှစ်အကြာမှာ ဆောက်သမ်တန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးက လာဗီယာရဲ့ သဘောတူညီမှုမှာ ရောင်းကြေး ၂၀ ရာခိုင်နှုန်း ပေးချေရမယ်ဆိုတဲ့ အချက်နဲ့ ပြန်လည်ဝယ်ယူခွင့်ကို ထည့်သွင်းခဲ့ပြီး ဆောက်သမ်တန်ကြယ်ပွင့်ဟာ ဥရောပတလွှားကနေ စိတ်ဝင်စားမှုတွေ အများအပြားကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

The Independent ရဲ့ ဖော်ပြချက်အရ တန်ဟက်က လာဗီယာကို ကာစီမီရိုအတွက် ကာလရှည် အစားထိုးခေါ်ယူမှုအဖြစ် ရှုမြင်ထားပြီး ကွင်းလယ်ကစားသမားရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ အခြား ဦးစားပေးတွေလည်း ရှိနေပြီး တန်ဟက်က ထိပ်တန်း အထောင်တိုက်စစ်မှူး၊ ညာနောက်ခံလူနဲ့ အဆင်သင့်အသုံးပြုနိုင်တဲ့ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူချင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က ေဆာက္သမ္တန္ၾကယ္ပြင့္ ႐ိုမီယို လာဗီယာကို ႏွစ္သက္သူျဖစ္ၿပီး ကာစီမီ႐ိုရဲ႕ေနရာအတြက္ ကာလရွည္ အစားထိုးေခၚယူမႈအျဖစ္ ရႈျမင္ထားတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ကာစီမီ႐ိုကို ေပါင္သန္း ၆၀ နဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ဟာ အိုးထရက္ဖို႔ဒ္မွာ အထင္ႀကီးဖြယ္ ပြဲဦးထြက္ရာသီကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ကာစီမီ႐ိုဟာ ပြဲထြက္လူစာရင္းထဲမွာ ပထမဆုံး ပါဝင္တဲ့ နာမည္တစ္ခုျဖစ္တယ္ဆိုတာ ျငင္းလို႔မရႏိုင္ေပမယ့္လည္း ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ အသက္ ၃၀ အ႐ြယ္ရွိေနၿပီ ျဖစ္ပါတယ္။

ကာစီမီ႐ိုက မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ေပမယ့္လည္း တန္ဟက္က ယခုေႏြရာသီမွာ ကြင္းလယ္ကစားသမားသစ္ ေခၚယူဖို႔ စီစဥ္ထားၿပီးျဖစ္ၿပီး အသင္းကလည္း ဘရာဇီးလ္ၾကယ္ပြင့္မပါဝင္ႏိုင္ခ်ိန္မွာ စြမ္းေဆာင္ရည္ က်ဆင္းေနခဲ့တာျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လာဗီယာဟာ ၂၀၂၀ မွာ မန္ခ်က္စတာစီးတီးကို မေျပာင္းေ႐ႊ႕ခင္ အန္ဒါလက္ခ်္ အကယ္ဒမီကေန ထြက္ေပၚလာခဲ့သူျဖစ္ၿပီး ေနာက္ထပ္ ၂ ႏွစ္အၾကာမွာ ေဆာက္သမ္တန္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးက လာဗီယာရဲ႕ သေဘာတူညီမႈမွာ ေရာင္းေၾကး ၂၀ ရာခိုင္ႏႈန္း ေပးေခ်ရမယ္ဆိုတဲ့ အခ်က္နဲ႔ ျပန္လည္ဝယ္ယူခြင့္ကို ထည့္သြင္းခဲ့ၿပီး ေဆာက္သမ္တန္ၾကယ္ပြင့္ဟာ ဥေရာပတလႊားကေန စိတ္ဝင္စားမႈေတြ အမ်ားအျပားကို ဆြဲေဆာင္ထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

The Independent ရဲ႕ ေဖာ္ျပခ်က္အရ တန္ဟက္က လာဗီယာကို ကာစီမီ႐ိုအတြက္ ကာလရွည္ အစားထိုးေခၚယူမႈအျဖစ္ ရႈျမင္ထားၿပီး ကြင္းလယ္ကစားသမားရဲ႕ တိုးတက္မႈကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယခုေႏြရာသီမွာ အျခား ဦးစားေပးေတြလည္း ရွိေနၿပီး တန္ဟက္က ထိပ္တန္း အေထာင္တိုက္စစ္မႉး၊ ညာေနာက္ခံလူနဲ႔ အဆင္သင့္အသုံးျပဳႏိုင္တဲ့ ကြင္းလယ္ကစားသမားတစ္ဦး ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.