Premier League
ဂေါင်းကြီးကို သုံးလို့ ဆိုးလ်ရှားကို ခွေးမသားလို့ ဆဲခဲ့တဲ့ အာဂျင်တီးနားနောက်ခံလူ
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း မားကို့စ် ရိုဟိုက အသင်းဖော်ဟောင်း ဟာရီ မက်ဂွိုင်းယားနဲ့ နည်းပြဟောင်း အိုလေ ဂန်နာ ဆိုးလ်ရှားတို့ကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဂျင်တီးနားနောက်ခံကစားသမားကို မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းက ကြီးမားတဲ့ အမှားတွေကို ကျူးလွန်ခဲ့တာတောင်မှ ဟာရီ မက်ဂွိုင်းယားအတွက် ပေးချေခဲ့ရတဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးကြောင့် မဖြစ်မနေ ပွဲထွက်ခွင့် ပေးနေရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ရိုဟိုဟာ ဟာရီ မက်ဂွိုင်းယား အိုးထရက်ဖို့ဒ်ကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက မန်ချက်စတာယူနိုက်တက် လူစာရင်းထဲမှာ ပါလိုက်၊ မပါလိုက်ဖြစ်ခဲ့ရတာဖြစ်ပြီး အင်္ဂလန်နောက်ခံလူဟာ မန်ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက် ဆိုးလ်ရှားရဲ့အသင်းမှာ အဓိကကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။
ဟာရီ မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်ဟာ ပြင်းထန်တဲ့ အကဲဖြတ်မှုတွေ ခံခဲ့ရတာဖြစ်ပြီး မားကို့စ် ရိုဟိုဟာ အိုးထရက်ဖို့ဒ်က မထွက်ခင် ၂၀၁၉-၂၀၂၀ ရာသီ ပထမပိုင်းမှာ ၉ ပွဲအထိသာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အသက် ၃၃ နှစ်အရွယ် နောက်ခံကစားသမားက အသင်းထဲမှာ မက်ဂွိုင်းယားက ၎င်းရဲ့ နေရာကို ရယူသွားခဲ့တဲ့အတွက် ဒေါသထွက်ခဲ့ပြီး ဆိုးလ်ရှားကို ပွဲထွက်ခွင့်ပေးရင်ပေး၊ မပေးရင် အသင်းက ထွက်မယ်လို့ ရာဇသံပေးခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
“၂၀၁၉ ခုနှစ်တုန်းက ကျွန်တော် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် မန်ချက်စတာယူနိုက်တက်နည်းပြကို တကယ်ဒေါသထွက်ခဲ့မိတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်အစား လူစာရင်းထဲကို မက်ဂွိုင်းယားကို ထည့်ခဲ့လို့ပါ။ တစ်နေ့ကျတော့ ကျွန်တော် ဆိုးလ်ရှားရဲ့ ရုံးခန်းထဲကို သွားပြီး ကျွန်တော့်ကို ပွဲထွက်လူစာရင်းထဲ ထည့်ရင်ထည့်၊ မထည့်ရင် တခြားအသင်းကို ပြောင်းခွင့်ပေးလို့ ပြောခဲ့တယ်”
“ဒါပေမယ့် သူက ကျွန်တော့်ကို ပြန်ပြောခဲ့တာက သူတို့တွေ ပေးခဲ့ရတဲ့ ပိုက်ဆံကြောင့် မက်ဂွိုင်းယားက ပွဲထွက်ကစားရမှဖြစ်မယ်တဲ့။ သူ(မက်ဂွိုင်းယား)က ကြီးမားတဲ့ အမှားကြီးတွေကို ပြုလုပ်ခဲ့ပြီးပြီဖြစ်ပြီး ဆိုးလ်ရှားကို ခွေးမသား ငါ့ကို ပေးကစား။ ဘာလို့လဲဆိုတော့ ဒီကောင်က အပတ်တိုင်း ကြီးမားတဲ့ အမှားတွေကို လုပ်နေလို့ပဲဆိုပြီး ကျွန်တော် ပြောပစ်ခဲ့တယ်။ တော်သေးတာပေါ့။ နောက်ဆုံးမှာတော့ လီချာကြောင့် ပွဲထွက်လူစာရင်းထဲကနေ မက်ဂွိုင်းယားကို သူတို့ ထုတ်ပစ်နိုင်ခဲ့ပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း မားကို့စ် ရိုဟိုက အသင်းဖော်ဟောင်း ဟာရီ မက်ဂွိုင်းယားနဲ့ နည်းပြဟောင်း အိုလေ ဂန်နာ ဆိုးလ်ရှားတို့ကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.