Premier League

အိုင်းဆက်ကို ဂန်းနားဂန္တဝင်နဲ့ နှိုင်းယှဉ်မှုကို တုံ့ပြန်ခဲ့တဲ့ အက်ဒီ ဟောင်း

နယူးကာဆယ် ယူနိုက်တက်နည်းပြ အက်ဒီ ဟောင်းက စံချိန်တင် ကစားသမားခေါ်ယူမှုဖြစ်တဲ့ အလက်ဇန်းဒါး အိုင်းဆက် တောက်ပနေတာကို မြင်တွေ့ခဲ့ရပြီးနောက် နောက်ထပ် အများကြီး မြင်ရဖို့ရှိတယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။

နယူးကာဆယ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဟာ ဒဏ်ရာကြောင့် ၄ လကြာ အနားယူပြီး ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့တဲ့အချိန်ကတည်းက စိတ်လှု့ပ်ရှားဖွယ် ပုံစံကောင်းကို ပြသနေခဲ့တာဖြစ်ပြီး ယခုရာသီ သွင်းဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကြာသပတေးနေ့ညက အဲဗာတန်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်က အံ့အားသင့်ဖွယ် ဂိုးဖန်တီးပေးမှုကြောင့် ပြင်သစ်ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီနဲ့ နှိုင်းယှဉ်ခံခဲ့ရတာဖြစ်ပြီး အိုင်းဆက်ဟာ ကွင်းလယ်ကနေ ဘောလုံးကို ဆွဲပြေးလာခဲ့ပြီးနောက် နောက်ခံကစားသမား ၃ ဦးကို ကျော်ဖြတ်ပြီး ဂျေကော့ဘ် မာဖီဆီကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီနဲ့ နှိုင်းယှဉ်စရာ မြင်လားလို့ မေးမြန်းခံခဲ့ရချိန်မှာ အက်ဒီ ဟောင်းက “ဟုတ်ပါတယ်။ ကျွန်တော် မြင်ပါတယ်။ ကျွန်တော် နှိုင်းယှဉ်စရာတွေကို မြင်နိုင်ပါတယ်။ အားလုံးက ကွဲပြားခြားနားပါတယ်။ တူညီတဲ့ကစားသမား ၂ ဦး မရှိပါဘူး။ ဒါပေမယ့် သူက သီယာရီမှာ ရှိတဲ့ အရည်အချင်းအချို့ ရှိတယ်လို့ ကျွန်တော် ထင်တယ်”

“သူက မြန်နှုန်း၊ ဆင်တူတဲ့ တည်ဆောက်ပုံရှိပါတယ်။ ဂိုးဖန်တီးမှုအတွက် အလိမ်အခေါက်က တကယ့်ကို ထူးခြားပါတယ်။ သူက တိုးတက်လာဖို့နဲ့ ပိုကောင်းမွန်လာဖို့ အလားအလာအများကြီးရှိတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့်လည်း သူ့အတွက် ဒီနေရာမှာ အရမ်းကောင်းတဲ့စတင်မှု ဖြစ်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္ ယူႏိုက္တက္နည္းျပ အက္ဒီ ေဟာင္းက စံခ်ိန္တင္ ကစားသမားေခၚယူမႈျဖစ္တဲ့ အလက္ဇန္းဒါး အိုင္းဆက္ ေတာက္ပေနတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေနာက္ထပ္ အမ်ားႀကီး ျမင္ရဖို႔ရွိတယ္လို႔ ယုံၾကည္ခ်က္ရွိေနပါတယ္။

နယူးကာဆယ္ရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ဟာ ဒဏ္ရာေၾကာင့္ ၄ လၾကာ အနားယူၿပီး ျပန္လည္ပါဝင္ကစားေပးႏိုင္ခဲ့တဲ့အခ်ိန္ကတည္းက စိတ္လႈ႕ပ္ရွားဖြယ္ ပုံစံေကာင္းကို ျပသေနခဲ့တာျဖစ္ၿပီး ယခုရာသီ သြင္းဂိုး ၁၀ ဂိုးအထိ ရွိလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၾကာသပေတးေန႔ညက အဲဗာတန္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္က အံ့အားသင့္ဖြယ္ ဂိုးဖန္တီးေပးမႈေၾကာင့္ ျပင္သစ္ဂႏၲဝင္ တိုက္စစ္မႉး သီယာရီ အြန္နရီနဲ႔ ႏႈိင္းယွဥ္ခံခဲ့ရတာျဖစ္ၿပီး အိုင္းဆက္ဟာ ကြင္းလယ္ကေန ေဘာလုံးကို ဆြဲေျပးလာခဲ့ၿပီးေနာက္ ေနာက္ခံကစားသမား ၃ ဦးကို ေက်ာ္ျဖတ္ၿပီး ေဂ်ေကာ့ဘ္ မာဖီဆီကို ေပးပို႔ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီနဲ႔ ႏႈိင္းယွဥ္စရာ ျမင္လားလို႔ ေမးျမန္းခံခဲ့ရခ်ိန္မွာ အက္ဒီ ေဟာင္းက “ဟုတ္ပါတယ္။ ကြၽန္ေတာ္ ျမင္ပါတယ္။ ကြၽန္ေတာ္ ႏႈိင္းယွဥ္စရာေတြကို ျမင္ႏိုင္ပါတယ္။ အားလုံးက ကြဲျပားျခားနားပါတယ္။ တူညီတဲ့ကစားသမား ၂ ဦး မရွိပါဘူး။ ဒါေပမယ့္ သူက သီယာရီမွာ ရွိတဲ့ အရည္အခ်င္းအခ်ိဳ႕ ရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“သူက ျမန္ႏႈန္း၊ ဆင္တူတဲ့ တည္ေဆာက္ပုံရွိပါတယ္။ ဂိုးဖန္တီးမႈအတြက္ အလိမ္အေခါက္က တကယ့္ကို ထူးျခားပါတယ္။ သူက တိုးတက္လာဖို႔နဲ႔ ပိုေကာင္းမြန္လာဖို႔ အလားအလာအမ်ားႀကီးရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္လည္း သူ႔အတြက္ ဒီေနရာမွာ အရမ္းေကာင္းတဲ့စတင္မႈ ျဖစ္ခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.