Premier League

ထိပ်တန်းပစ်မှတ်နဲ့ ပြောဆိုဆွေးနွေးခဲ့ပြီးဖြစ်တဲ့ မန်ယူနိုက်တက်

ရီယို ဖာဒီနန်က မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီမှာ တော့တင်ဟမ်ဟော့စပါးကနေ ဟာရီ ကိန်းကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်က ဒီစကားကို မန်ယူနိုက်တက်နဲ့ စပါးစ်တို့ ၂-၂ သရေမကျခင်မှာ ပြောကြားခဲ့တာဖြစ်ပြီး အဝေးကွင်းပရိသတ်တွေဟာ ဟာရီ ကိန်းကို လာမယ့် ဇွန်လမှာ တွေ့ကြမယ်လို့ ကြွေးကြော်ခဲ့ကြတာကို ကြားခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းမှာ ဂျေဒန် ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း စိတ်ဓာတ်ပြင်းထန်တဲ့ အိမ်ရှင်စပါးစ်က ဒုတိယပိုင်းမှာ ပက်ဒရို ပေါ်ရို၊ ဆွန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သရေ ၁ မှတ် ရယူသွားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းဟာ ယခုနွေရာသီမှာ မိခင်ကလပ်အသင်းကို စွန့်ခွာမယ်လို့ တစ်ကြိုပေးခြင်းခံခဲ့ရတာ ကြာခဲ့ပြီဖြစ်ပြီး တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတဲ့ မန်ချက်စတာယူနိုက်တက်က အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတာဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ စပါးစ်နဲ့ အင်္ဂလန်အသင်းအတွက် တသက်တာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပေမယ့်လည်း အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆုဖလားတစ်လုံးမှ ကိုင်မြှောက်နိုင်ခြင်းမရှိသေးတာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နောက်ကွယ်က အရှုပ်အထွေးတွေကြောင့် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းနိုင်တယ်လို့ အချို့က ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဖရန်ကီ ဒီ ယုံးနဲ့လို အပြောင်းအရွှေ့ ဇာတ်မျောကြီးထပ်မဖြစ်ချင်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ဖာဒီနန်က ဆွေးနွေးညှိနှိုင်းမှုတွေက ပြုလုပ်ပြီးသားဖြစ်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေနဲ့ ဒန်နီရယ် လီဗိုင်းတို့က ဒီလူအတွက် ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာမျိုး မရှိဘူးဆိုရင် ကျွန်တော် အရမ်း အံ့အားသင့်မိမှာပါ။ ရာသီမကုန်ခင် အခုကစပြီးတောင် ဆွေးနွေးနေလောက်ပါပြီ။ အခု စပါးစ်က အခြေအနေတွေကို ကြည့်လိုက်ပါ။ ကျွန်တော်တို့ သူတို့တွေ အခု ဘယ်လောက်အထိ ခက်ခဲနေလဲဆိုတဲ့အကြောင်း ပြောနေတာပါ။ မန်ချက်စတာယူနိုက်တက်က အဲဒါကို ကြည့်ပြီးတော့ ဒီအပြောင်းအရွှေ့ကို ရအောင်လုပ်မယ်လို့ တွေးမိမှာပါ။ သူတို့တွေ ကိန်းကိုသာ ခေါ်နိုင်ရင် ပရီးမီးယားလိဂ်ဖလားရဖို့ ပိုနီးစပ်သွားမှာပါ။ အရမ်း ကြာလွန်းပါလိမ့်မယ်(စာချုပ်သက်တမ်းကုန်မယ့် ၂၀၂၄ ခုနှစ်အထိ စောင့်ဆိုင်းမယ်ဆိုရင်) ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီယို ဖာဒီနန္က မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုေႏြရာသီမွာ ေတာ့တင္ဟမ္ေဟာ့စပါးကေန ဟာရီ ကိန္းကို ေခၚယူဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္က ဒီစကားကို မန္ယူႏိုက္တက္နဲ႔ စပါးစ္တို႔ ၂-၂ သေရမက်ခင္မွာ ေျပာၾကားခဲ့တာျဖစ္ၿပီး အေဝးကြင္းပရိသတ္ေတြဟာ ဟာရီ ကိန္းကို လာမယ့္ ဇြန္လမွာ ေတြ႕ၾကမယ္လို႔ ေႂကြးေၾကာ္ခဲ့ၾကတာကို ၾကားခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပထမပိုင္းမွာ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း စိတ္ဓာတ္ျပင္းထန္တဲ့ အိမ္ရွင္စပါးစ္က ဒုတိယပိုင္းမွာ ပက္ဒ႐ို ေပၚ႐ို၊ ဆြန္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ သေရ ၁ မွတ္ ရယူသြားခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီ ကိန္းဟာ ယခုေႏြရာသီမွာ မိခင္ကလပ္အသင္းကို စြန႔္ခြာမယ္လို႔ တစ္ႀကိဳေပးျခင္းခံခဲ့ရတာ ၾကာခဲ့ၿပီျဖစ္ၿပီး တိုက္စစ္မႉးသစ္ ေခၚယူခ်င္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္က အဂၤလန္တိုက္စစ္မႉးကို ေခၚယူဖို႔ ထိပ္ဆုံးကေန ဦးေဆာင္ေနတာျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ စပါးစ္နဲ႔ အဂၤလန္အသင္းအတြက္ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ေပမယ့္လည္း အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဆုဖလားတစ္လုံးမွ ကိုင္ေျမႇာက္ႏိုင္ျခင္းမရွိေသးတာျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ ေနာက္ကြယ္က အရႈပ္အေထြးေတြေၾကာင့္ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးပမ္းႏိုင္တယ္လို႔ အခ်ိဳ႕က ယုံၾကည္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဖရန္ကီ ဒီ ယုံးနဲ႔လို အေျပာင္းအေ႐ႊ႕ ဇာတ္ေမ်ာႀကီးထပ္မျဖစ္ခ်င္ဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း ဖာဒီနန္က ေဆြးေႏြးညႇိႏႈိင္းမႈေတြက ျပဳလုပ္ၿပီးသားျဖစ္တယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္ တာဝန္ရွိသူေတြနဲ႔ ဒန္နီရယ္ လီဗိုင္းတို႔က ဒီလူအတြက္ ေဆြးေႏြးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာမ်ိဳး မရွိဘူးဆိုရင္ ကြၽန္ေတာ္ အရမ္း အံ့အားသင့္မိမွာပါ။ ရာသီမကုန္ခင္ အခုကစၿပီးေတာင္ ေဆြးေႏြးေနေလာက္ပါၿပီ။ အခု စပါးစ္က အေျခအေနေတြကို ၾကည့္လိုက္ပါ။ ကြၽန္ေတာ္တို႔ သူတို႔ေတြ အခု ဘယ္ေလာက္အထိ ခက္ခဲေနလဲဆိုတဲ့အေၾကာင္း ေျပာေနတာပါ။ မန္ခ်က္စတာယူႏိုက္တက္က အဲဒါကို ၾကည့္ၿပီးေတာ့ ဒီအေျပာင္းအေ႐ႊ႕ကို ရေအာင္လုပ္မယ္လို႔ ေတြးမိမွာပါ။ သူတို႔ေတြ ကိန္းကိုသာ ေခၚႏိုင္ရင္ ပရီးမီးယားလိဂ္ဖလားရဖို႔ ပိုနီးစပ္သြားမွာပါ။ အရမ္း ၾကာလြန္းပါလိမ့္မယ္(စာခ်ဳပ္သက္တမ္းကုန္မယ့္ ၂၀၂၄ ခုႏွစ္အထိ ေစာင့္ဆိုင္းမယ္ဆိုရင္) ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.