Premier League

ရာသီကုန်မှာ ဂန်းနားတွေနဲ့ပူးပေါင်းဖို့ သဘောတူခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့်

ချဲလ်ဆီးကွင်းလယ်ကစားသမား အန်ဂိုလို ကွန်တေဟာ လာမယ့်ရာသီမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းချက်ကို သဘောတူညီလိုက်ပြီလို့ သတင်းသစ်တွေအရ သိရပါတယ်။

ကွန်တေဟာ ၂၀၁၅ ခုနှစ်မှာ ပြင်သစ်ကလပ် ခွန်းကနေ လက်စတာစီးတီးကို ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ်မှာ ထိပ်တန်းကွင်းလယ်ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့သူဖြစ်ပါတယ်။

အဲဒီအရာ အစပိုင်းတုန်းက လူသိပ်မသိခဲ့ပေမယ့်လည်း မခိုမကပ်ကစားတတ်တဲ့ ကွင်းလယ်ကစားသမားဟာ လက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ်အောင်ပွဲမှာ အဓိကကစားသမားဖြစ်ပြီးနောက် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ ကွန်တေဟာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် အနိင်ရရှိသူဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီဟာ အသက် ၃၂ နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမားအတွက် စိန်ခေါ်မှုတွေ ရှိခဲ့တဲ့ရာသီဖြစ်ခဲ့ပြီး စက်တင်ဘာလမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် နောက်လမှာ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။

ကွန်တေဟာ ဧပြီလအစမှာ ချဲလ်ဆီးအသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့ပြီး လမ်းပတ်ရဲ့ အသင်းအတွက် ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ၂ ကျော့အပါအဝင် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွန်တေရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်က အချိန်တွေဟာ ယခုနွေရာသီမှာ အဆုံးသတ်တော့မှာဖြစ်ပြီး ယခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ပြင်သစ်ကွင်းလယ်လူက ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုကို သဘောတူလိုက်ပြီလို့ Todo Fichajes က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက အသင်းတာဝန်ရှိသူတွေကို အာဆင်နယ်လူစာရင်းထဲက ကစားသမားတွေနဲ့ နှိုင်းယှဉ်ရင် ကွင်းလယ်မှာ သူမတူဘဲ ထူးခြားတဲ့ အရည်အချင်းရှိတဲ့ ကွန်တေကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ၁ နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၂ နှစ်စာချုပ် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးကြင္းလယ္ကစားသမား အန္ဂိုလို ကြန္ေတဟာ လာမယ့္ရာသီမွာ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ကမ္းလွမ္းခ်က္ကို သေဘာတူညီလိုက္ၿပီလို႔ သတင္းသစ္ေတြအရ သိရပါတယ္။

ကြန္ေတဟာ ၂၀၁၅ ခုႏွစ္မွာ ျပင္သစ္ကလပ္ ခြန္းကေန လက္စတာစီးတီးကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပရီးမီးယားလိဂ္မွာ ထိပ္တန္းကြင္းလယ္ကစားသမားေတြထဲက တစ္ဦး ျဖစ္ခဲ့သူျဖစ္ပါတယ္။

အဲဒီအရာ အစပိုင္းတုန္းက လူသိပ္မသိခဲ့ေပမယ့္လည္း မခိုမကပ္ကစားတတ္တဲ့ ကြင္းလယ္ကစားသမားဟာ လက္စတာစီးတီးရဲ႕ ပရီးမီးယားလိဂ္ေအာင္ပြဲမွာ အဓိကကစားသမားျဖစ္ၿပီးေနာက္ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းနဲ႔အတူ ကြန္ေတဟာ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္ အနိင္ရရွိသူျဖစ္လာခဲ့ၿပီး ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္၊ ကလပ္ကမာၻ႔ဖလားတို႔ကိုလည္း ကိုင္ေျမႇာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒီရာသီဟာ အသက္ ၃၂ ႏွစ္အ႐ြယ္ ျပင္သစ္ကြင္းလယ္ကစားသမားအတြက္ စိန္ေခၚမႈေတြ ရွိခဲ့တဲ့ရာသီျဖစ္ခဲ့ၿပီး စက္တင္ဘာလမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့ၿပီးေနာက္ ေနာက္လမွာ ခြဲစိတ္ကုသမႈခံယူဖို႔ လိုအပ္ခဲ့တာျဖစ္ပါတယ္။

ကြန္ေတဟာ ဧၿပီလအစမွာ ခ်ဲလ္ဆီးအသင္းအတြက္ ျပန္လည္ပါဝင္ကစားေပးႏိုင္ခဲ့ၿပီး လမ္းပတ္ရဲ႕ အသင္းအတြက္ ရီးရဲလ္မက္ဒရစ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ၂ ေက်ာ့အပါအဝင္ ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲ ပြဲထြက္ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကြန္ေတရဲ႕ စတမ္းဖို႔ဒ္ ဘရစ္ခ်္က အခ်ိန္ေတြဟာ ယခုေႏြရာသီမွာ အဆုံးသတ္ေတာ့မွာျဖစ္ၿပီး ယခုေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ျပင္သစ္ကြင္းလယ္လူက ပရီးမီးယားလိဂ္ၿပိဳင္ဘက္ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ ကမ္းလွမ္းမႈကို သေဘာတူလိုက္ၿပီလို႔ Todo Fichajes က ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာက အသင္းတာဝန္ရွိသူေတြကို အာဆင္နယ္လူစာရင္းထဲက ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္ရင္ ကြင္းလယ္မွာ သူမတူဘဲ ထူးျခားတဲ့ အရည္အခ်င္းရွိတဲ့ ကြန္ေတကို ေခၚယူေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ ၁ ႏွစ္သက္တမ္းတိုးခြင့္ပါဝင္တဲ့ ၂ ႏွစ္စာခ်ဳပ္ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.